နော်လွီဇာ ဘန်ဆင် သို့မဟုတ် သူပုန်မင်းသမီး

နော်လွီဇာ ဘန်ဆင် သို့မဟုတ် သူပုန်မင်းသမီး

နော်လွီဇာဘန်ဆင်ဆိုတာက အသက် ၁၅နှစ်မှာ မယ်ဗမာဖြစ်ခဲ့တာပါ။နောက်ထပ်၂နှစ်အကြာ …၁၉၅၈မှာ မယ်ဘွဲ့ထပ်ရတယ်။ မယ်ဗမာ နှစ်ထပ်ကွမ်း။Miss Universe ပြိုင်ပွဲကို မြန်မာပြည်ကိုယ်စားပြု ပထမဦးဆုံးပြိုင်ပွဲ၀င်ခဲ့သေးတယ်လို့လဲ ဆိုကြတယ်။

ဂျူးလူမျိုးစီးပွားရေးသမား စောဘင်ဆင်နဲ့ ကရင်လူမျိုး နော်ချစ်ခင်တို့က မွေးဖွားခဲ့တဲ့နော်လွီဇာဟာ ပညာရေးမှာလဲ ထူးချွန်ပါတယ်။

ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီးနောက်အမေရိကန်ဘေ့စတွန်တက္ကသိုလ်မှာသွားတက်ခဲ့တယ်။အဲ့ဒီနောက် ရန်ကုန်တက္ကသိုလ်ပြန်လာပြီးနည်းပြဆရာမအဖြစ် ၁၉၄၆မှာ အလုပ်၀င်ခဲ့ပါတယ်။ဒီအချိန်မှာ နိုင်ငံခြားမှာပညာသင်နေတဲ့သူ့အကို ကျောင်းစားရိတ်အတွက် လိုအပ်တာမို့ ရုပ်ရှင်မင်းသမီးလည်း ၀င်လုပ်ခဲ့သေးတယ်။

စံတော်သစ် ရုပ်ရှင်ကုမ္ပဏီနဲ့ “ဝဏ္ဏကျော်ထင် ဦးမင်းဒင်”ဆိုတဲ့ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်ကူးခဲ့ပြီးအေ၀မ်းရုပ်ရှင်ကုမ္ပဏီနဲ့တော့ “ပိတောက်တွေပွင့်ပြန်ပြီ”ဆိုတဲ့ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။

အဲ့ဒီဇာတ်ကားဟာ သူ့ခေတ်သူ့အခါကအင်မတန် အောင်မြင်တယ်လို့ ဆိုကြတယ်။ပြီးတော့ သူ သီချင်းလဲ ဆိုတယ်။စန္ဒယားချစ်မောင် တေးဂီတနဲ့ တွဲဖက်ပြီး ပြုံးချစ်သူ၊ ဝတ်ရည်အနွယ် စတဲ့ သီချင်းတွေမြန်မာ့အသံမှာ သီဆိုခဲ့သေးတယ်တဲ့။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်သူမရဲ့ဖခင်ဖြစ်သူ စောဘင်ဆင် အဖမ်းခံရတယ်။ဗိုလ်ချုပ်နေ၀င်းကတော် ဒေါ်ခင်မေသန်း (ခေါ်) ကစ်တီဘသန်း နဲ့ရင်းနှီးခဲ့ရာကတဆင့် ဗိုလ်ချုပ်နေ၀င်းရဲ့ကလေးတွေကိုစာသင်ပေးခဲ့ရတယ်။အဲ့ဒီမှာ ဗိုလ်ချုပ်နေ၀င်းက သူ့ကိုရဖို့ကြံစည်ခဲ့တယ်လို့ ဆိုကြပါတယ်။

အဲ့ဒီတုန်းက လှည်းကူးမှာ သူ့အမေနဲ့အတူ သွားနေကြရင်း …အဲ့ဒီအချိန်က ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့KNU တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်လင်းထင်နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တယ်။၁၉၆၄ ခု မေ ၁၂ ရက်မှာ သူ့ထက် အသက် ၁၆ နှစ်ကြီးတဲ့ တပ်မှူးလင်းထင်နဲ့ နော်လွီဇာ ဘန်ဆင်တို့ တရားရုံးမှာ လက်ထပ်လိုက်ကြပါတယ်။

လက်ထပ်ပြီး တစ်နှစ်ပဲ ပေါင်းရပါတယ်။သူ့ခင်ပွန်းဗိုလ်လင်းထင်ကိုစစ်ထောက်လှမ်းရေးတွေကသထုံဘက်မှာ ဖမ်းပြီး တခါတည်းသတ်ပစ်လိုက်ကြတယ်

။အလောင်းကို မော်လမြိုင်သယ်ပြီးတစ်ခါတည်း အစဖျောက်လိုက်တယ်တဲ့။ကောလဟလထွက်တာတော့နော်လွီဇာကို လိုချင်လို့ ဗိုလ်ချုပ်နေ၀င်းကသူ့ခင်ပွန်းကို တမင်အညှိုးထားလုပ်ကြံတာလို့လဲ ဆိုကြတယ်။

သူ့ခင်ပွန်းသေဆုံးသွားပြီးနောက် နော်လွီဇာဟာ တပ်မဟာ (၅) တပ်သားတွေစုပြီးမဲဆောက်ဘက်မှာ တပ်ချခဲ့တယ်။ဗိုလ်ချုပ်နေ၀င်းက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ပေမဲ့ သူ မယုံလို့ မလာတော့ပါဘူး။၁၉၆၇ မှာတော့ အမေရိကန်ကိုသွားပြီးသူ အဲ့ဒီမှာကျောင်းတက်တုန်းက အတန်းဖော်ဖြစ်သူနဲ့ လက်ထပ်ခဲ့တယ်။ကလေး ၃ယောက်ရရှိခဲ့ပါတယ်။

အမေရိကန်မှာ အခြေချပြီးတဲ့နောက် ကိုလံဘီယာတက္ကသိုလ်မှာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးပညာ မဟာဘွဲ့ကို ထပ်မံယူခဲ့ပါသေးတယ်။ ၁၉၉ဝ နောက်ပိုင်း ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေ အမေရိကန်နိုင်ငံကိုရွှေ့ပြောင်းနေထိုင်နိုင်ရေး ကူညီလုပ်ဆောင်ခဲ့တယ်။

ဒါ့အပြင် နော်လွီဇာဘန်ဆင်ဟာ Burma Forum နဲ့ US Campaign for Burma ရဲ့ တည်ထောင်သူအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့သလို မြန်မာ့ဒီမိုကရေစီရေးအတွက်ပြည်ပကနေ စွမ်းစွမ်းတမံကြိုးပမ်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၂ဝ၁ဝ မှာတော့ ဦးနှောက်ကင်ဆာဝေဒနာနဲ့ ကွယ်လွန်ခဲ့ရှာပါတယ်။.

Crd MinThet KhaingKKTS..

Likes:
0 0
Views:
5616
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *