“တခေတ်တခါက ဒေါ်မြလေး ” (ရုပ်ရှင်သရုပ်ဆောင်)

“တခေတ်တခါက ဒေါ်မြလေး ” (ရုပ်ရှင်သရုပ်ဆောင်)ရုပ်ရှင်သရုပ်ဆောင်ဒေါ်မြလေးကား တစ်ခေတ်တစ်ခါက အရေးပါသော အမျိုးသမီး ဇာတ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။

ဒေါ်မြလေး၏ “မပြောတော့ဘူး၊ ပြောကို မပြောချင်တော့ဘူး”ဟူသော လက်သုံးစကားက ရုပ်ရှင်ကြည့် ပရိသတ်များအကြား အလွန်ရေပန်းစားခဲ့ဘူးသည်။ဒေါ်မြလေးကို မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး။ ဇလွန်မြို့နယ်၊ မဟာသာရွာတွင်အဖ ဦးသာကျော်နှင့် အမိဒေါ်လယ်ရောက် တို့က ၁၉၀၆-ခုနှစ်၊၌ ဖွားမြင်ခဲ့သည်။

မွေးချင်းကိုးဦးအနက် အဋ္ဌမမြောက်ဖြစ်ပြီး အမည်ရင်းမှာ မသိန်းမြ ဖြစ်သည်။ မသိန်းမြသည် အသက် (၁၆)နှစ်အရွယ်တွင် ဦးလေးအရင်းဖြစ်သူဇာတ်မင်းသား ဦးဘခင်နှင့် မင်းသမီးကြီး မစိန်ညွန့်တို့အား အကြောင်းပြုကာလန်ဒန်အတ်ဖလင်းနှင့် ပဲရော့ကုမ္ပဏီများသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ရုပ်ရှင်နယ်သို့ရောက်သောအခါ မသိန်းမြအမည်ကမမြလေးဖြစ်လာခဲ့သည်။

တောမြိုင်စွန်းကလွမ်းအောင်ဖန် ဇာတ်ကားတွင် မမြလေး နာမည်ရလာခဲ့၏။ လန်ဒန်အတ်ရုပ်ရှင်ကုမ္ပဏီ၏ ရတနာပုံဇာတ်ကားတွင် ဒေါ်မြလေးက ဆရာမလေး မအေးမြင့် အဖြစ် တည်ငြိမ်စွာ သရုပ်ဆောင်သွားခဲ့သည်။ ထို့နောက် အေဝမ်းရုပ်ရှင်မှ ထုတ်လုပ်သော ရတနာပုံ ဇာတ်ကားတွင် နန်းဝတ်နန်းစားဖြင့် စစ်ကဲကြီး၏ နှမအဖြစ် သရုပ်ဆောင်ခဲ့ရသည်။

ဒေါ်မြလေးသည် အစပိုင်းတွင် တည်တည်တံ့တံ့ သရုပ်ဆောင်ခဲ့ရသော်လည်း နောက်ပိုင်း စုန်းကဝေ၊ တစ္ဆေဇာတ်ကားများ၌ မဲ့ကာရွဲ့ကာဖြင့် အမုန်းခံ၍ သရုပ်ဆောင်ခဲ့ရသည်။ အနုပညာရှင်ကောင်း တစ်ဦးပီပီ ဒေါ်မြလေးက ကျရာဇာတ်ရုပ်ကို မညည်းမညူ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့သည်။

၁၉၂၄-ခုနှစ်၊ ဖောဋ္ဌဗ္ဗာရုံ ဇာတ်ကားတွင် လှမောင်ကြီးနှင့် တွဲဖက်ကာ ပရိသတ်မုန်းလောက်အောင် သရုပ်ဆောင်ခဲ့ရ၏။ဒေါ်မြလေးပါဝင်သရုပ်ဆောင်ခဲ့သည့် ရှေးရုပ်ရှင်ဇာတ်ကားများမှာ ဒေဝီမောင်၊ မောင့်ဒေဝီ၊ နန်တွင်းမာယာ၊ တပြည်သူ၊ တပြည်သား။

မြနန္ဒာ၊ သီရိရတနာ၊ သုံးပန်လှ၊ ကျိုက်ထီးရိုးသမိုင်း၊ ဒေါင်းဒင်္ဂါး၊ ဒေါင်းအလံ၊ မိန်းမလှ၊ မေဓာဝီ စသည့်ဇာတ်ကားများဖြစ်ကြသည်။ ခေတ်သစ်ဇာတ်ကားများနှင့် ဆိုလျှင် ဒေါ်မြလေး ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကားများက ၁၅၀ ကျော်သည်ဟု သိရှိရပါသည်။ဒေါ်မြလေး၏ ခင်ပွန်းမှာလူရွှင်တော်ဒါရိုက်တာဆားဘထွန်း ဖြစ်သည်။

ဆားဘထွန်းမှာ ဂျပန်ခေတ်ကပင် ကွယ်လွန်သွားခဲ့သည်။ ဒေါ်မြလေးသည် ၁၉၇၄-ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့တွင် စိန်ရုပ်ရှင်မှ ရိုက်ကူးနေစဉ်အတွင်းတင်ပဆုံရိုးကျိုးသွားခဲ့ရာ ဆေးရုံ၌ (၄၁)ရက်ကြာ ကုသခဲ့သော်လည်း မသက်သာဘဲ နေအိမ်၌ အနားယူနေစဉ် အတွင်း ၁၉၇၅-ခု၊ မတ်လ (၂၀)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၉)နှစ် ရှိပြီး ကျန်ရစ်သူ သားသမီးများ မရှိခဲ့ပါ။

ကိုးကားပြင်ဆင်↑ တင်နိုင်တိုး = ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများခရက်ဒစ်…ဝီကီပီးဒီးယား

CRDအလင်းရောင်#နော်ဂဲလယ်ထူး(စာပေပရဟိတ)

Likes:
0 0
Views:
1251
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *