သစ္စာမရှိတဲ့ ခင်ပွန်းသည်ကို မိန်ကလေးဘဝပြောင်းပေးလိုက်တဲ့ ဇနီးသည်

Kelly နဲ့ Warren Allen တို့စုံတွဲနှစ်ဦးဟာ ထိမ်းမြားလက်ထပ်ထားတာ ၁၁ နှစ် ရှိခဲ့ပါပြီ။ သူတို့မှာ ၈နှစ်သမီး Molly နဲ့ ၁၀နှစ်သမီး George လို့ခေါ်တဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ kelly ဟာ သူမခင်ပွန်းရဲ့ ကားထဲကနေ နှုတ်ခမ်းနီကို ရှာမတွေ့ခဲ့တဲ့နေ့တိုင်အောင် သူတို့တွေက ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။

အဲ့ဒီနောက် Warren က သိုဝှက်လာပြီး သူ့ရဲ့ဖုန်းကို ကြည့်ဖို့ ခွင့်မပြုတော့ပါဘူး။ Kelly က သူ့ခင်ပွန်းမှာ သူ့အပြင်တခြားကောင်မလေးတွေ ရှိနေမလားဆိုပြီး သံယစိတ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးတော့ Kellyက ထိပ်ထိုက်တွေ့ပြီးဖြေရှင်းလိုက်တဲ့အခါမှာတော့ Warren က ဝန်ခံဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

ဝန်ခံပြီးတဲ့နောက် Warren ကသူ့ဇနီးနဲ့အိမ်ထောင်မပျက်စီးဖို့ သူ့ရဲ့ယောကျာ်းဖြစ်တည်မှုကို ခွဲစိတ်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တော့ Zoey ဆိုတဲ့ နာမည်နဲ့ Warren ဟာမိန်းကလေးအဖြစ် တစ်ဖန် လူပြန်ဝင်စားလာပါတယ်။ Kelly က Warren ကို အများကြီးချစ်တော့ ဆုံးရှုံးရမှာကိုလည်း ကြောက်နေခဲ့တာကြောင့် gender couple အနေနဲ့ နေထိုင်သွားဖို့ သူတို့တွေ ဆုံးဖြတ်ခဲ့ကြတာပါ။

အခုဆိုရင် သူတို့နှစ်ဦးက မဂ်လာ ဝတ်စုံဝတ်ဆင်ပြီး နောက်တစ်ကြိမ်လက်ထပ်ယူဖို့ စီစဥ်နေပါတယ်။ “အခုဆိုရင် ကျွန်မခင်ပွန်းက ကျွန်မရဲ့ ဇနီးဖြစ်လာနေပါပြီး။ ဒါပေမဲ့ ကျွန်မတို့ ပျော်ရွှင်နေကြပါတယ်။ သူသာမခွဲစိတ်ခဲ့ဘူးဆိုရင် ကျွန်မတို့ပျော်ရွှင်မှုရဖို့ အလွန်အမင်းဝေးကွာပြီး ကျွန်မတို့ မိသားစုပျိုလဲ ပျက်စီးသွားမာအမှန်ပါဘဲ။

ဒါ့ကြောင့် ဒီနည်းလမ်းက ကျွန်မတို့တွေ အတူတူပျော်ရွှင်မှုကိုခံစားစေခဲ့တာပါ။” ဆိုပြီး Kelly ကပြောခဲ့ပါတယ်။ အဲ့ဒီစုံတွဲနှစ်ဦးရဲ့ပြောဆိုချက်အရကလေးငယ်တွေကကန့်ကွက်တာတို့ ဘာတို့မရှိပါဘူး။

သူတို့သမီးလေးဖြစ်တဲ့ Molly ဟာဆို အားပါးတရပြုံးပျော်ခဲ့ပြီး “အဲ့ဒီအရာက သူ့ကိုပျော်ရွှင်စေတယ်” လို့ ပြောခဲ့ပါတယ်။ အခုဆိုရင်သူတို့စုံတွဲနှစ်ဦးဟာ နောက်တစ်ကြိမ် ပြန်လက်ထပ်ဖို့ ပြင်ဆင်နေကြပါတယ်။

Credit : JRose (KB Chimmy)

Reference : elitereaders

Likes:
0 0
Views:
900
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *