စစ်ပွဲထဲကပိုလန်စစ်သားဝက်ဝံကြီး Wojtek

၁၉၄၂ခုနှစ်၊အီရန်နိုင်ငံ ဒုတိယကမ္ဘာစစ်အတွင်း၁၉၄၂ခုနှစ်အီရန်နိုင်ငံစစ်မြေပြင်မှ ာပိုလန်စစ်သားတွေကဝက်ဝံပေါက်စလေးတစ်ကောင်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပိုလန်တပ်မဟာအမှတ်(၂)မှအမြှောက်တပ်ခွဲအမှတ်(၂၂)မှာတာဝန်ကျတဲ့စစ်သားတွေပါပဲ။ခိုကိုးရာမဲ့ဖြစ်နေတဲ့ဝက်ဝံပေါက်စလေးကိုစစ်သားတွေကမွေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်။

ထိုဝက်ဝံလေးကိုပိုလန်ဘာသာစကားနဲ့Wojtekလို့အမည်ပေးလိုက်ပါတယ်။ အင်္ဂလိပ်လိုVoytek(ဗွိုင်တက်ခ်)လို့အသံထွက်ပါတယ်။ပျော်ရွှင်သောစစ်သားလို့အဓိပ္ပါယ်ရပါတယ်။စတွေ့တဲ့အချိန်မှာဝက်ဝံလေးကငယ်လွန်းတာကြောင့် အစာကျွေးလို့မရဘဲစစ်သားတွေခမျာဒုက္ခရောက်ပါတယ်။ နောက်ဆုံးမှာစစ်သားတွေကနို့ဆီကိုရေနဲ့ဖျော်ပြီး ဗော့ဒ်ကာအရက်ပုလင်းအလွတ်ထဲထည့်တိုက်ကြပါတယ်။

နောက်ပိုင်းဝက်ဝံလေးVoytekကြီးလာတဲ့အခါအသီးအနှံ၊marmalade၊ ပျားရည်နဲ့သကြားရည်စတာတွေကိုတိုက်ကျွေး ကြပါတယ်။ဘီယာကတော့Voytekအကြိုက်ဆုံးအစားအသောက်ပါပဲ။ ဝက်ဝံလေးကလိမ္မာရင်ဆုချတဲ့အနေနဲ့စစ်သား တွေကဘီယာတိုက်ကြပါတယ်။ဆေးလိပ်သောက်ရတာကိုနှစ်သက်ပြီးဆေးလိပ်တွေကို ဝါးစားရတာကြိုက်ပါသေးတယ်။

အီရန်ကနေပါလက်စ်စတိုင်းကိုချီတက်တဲ့ ခရီးစဉ်ရှည်ကြီးအတွင်းမှာဝက်ဝံ Voytekဟာအမှတ်(၂၂)တပ်ခွဲအတွင်းမသိသူမရှိနာမည်ကြီးလာပါတယ်။သူကညဘက်တွေမှာလူတွေနဲ့အတူမီးပုံနားမှာဝိုင်းဖွဲ့လေ့ရှိပါတယ်။အိပ်ရင်လည်း စစ်သားတွေနဲ့အတူတူရွက်ဖျင်တဲထဲမှာအိပ်ပါတယ်။Voytekကစစ်သားတွေနဲ့ နပန်းလုံးရတာပျော်ပါတယ်။

သူ့ကိုဘယ်သူမှမနိုင်လို့ပါ။ စစ်သားတွေကိုလည်းအလေးပြုပြီးနှုတ်ဆက်တတ်ပါသေးတယ်။စစ်ယာဉ်တန်းနဲ့ချီတက်ကြတဲ့အခါလည်းVoytekကဂျစ်ကားရှေ့ခန်းကနေအခန့်သားနဲ့လိုက်ပါတယ်။ လမ်းသွားလမ်းလာတွေပြည်သူတွေကဝက်ဝံကြီးကားစီးလာတာမထင်မှတ်ဘဲတွေ့လိုက်ရတဲ့အခါလန့်ဖျတ်ကုန်ကြတာလည်း မဆန်းပါဘူး။

Voytekစစ်သားဖြစ်ပြီဒါပေမယ့်ပိုလန်စစ်သားတွေတွေ့ကြုံရတဲ့ပြဿနာကတော့ဗြိတိန်စစ်ဋ္ဌာနချူပ်ကချမှတ်ထားတဲ့စည်းမျဉ်းအရစစ်တပ်ဝင်းအတွင်းအိမ်မွေးတိရစ္ဆာန်တွေခေါ်ခွင့်မရှိတာကြောင့်ပါ။ အဲ့ဒီတော့ပိုလန်စစ်သားတွေကVoytekကိုတပ်သားရာထူးနဲ့တရားဝင်စာရင်းသွင်းပေးလိုက်ပါတယ်။Voytekကတရားဝင်စစ်သားဖြစ်ခဲ့ပြီးကိုယ်ပိုင်နံပါတ် ပါရရှိခဲ့ပါတယ်။

ဗြိတိန်စစ်ဋ္ဌာနချူပ်က တရားဝင်ထုတ်ပြန်တဲ့စစ်သားစာရင်းမှာVoytekရဲ့နာမည်ပါဝင်ခဲ့ပါတယ်။ ရှေ့တန်းစစ်မျက်နှာက စစ်သားကြီးVoytek အီတလီနိုင်ငံ၊ မွန်တီကက်စီနိုမြို့ကတိုက်ပွဲကတော့ပိုလန်စစ်တပ်အတွက်အကြီးကျယ်ဆုံး၊ အကြမ်းတမ်းဆုံးနဲ့အသေအပျောက်အများဆုံးလို့ပြောစမှတ်တွင်တဲ့တိုက်ပွဲပါပဲ။

စစ်မြေပြင်ရဲ့အနောက်ပိုင်း၊ရှေ့တန်းစစ်မျက်နှာမှာ ပိုလန်စစ်သားတွေကနာဇီဂျာမန်လက်အောက်ခံအီတလီခံတပ်ကို တက်သိမ်းရပါတယ်။ထိုတိုက်ပွဲအတွင်းမှာVoytekကပေါင်တစ်ရာကျော်လေးတဲ့ကျည်ဆံသေတ္တာတွေ၊ အမြှောက်ဆံကြီးတွေကိုထမ်းပြီးကျည်မိုးတဖြောက်ဖြောက် ရွာနေတဲ့ရှေ့တန်းအထိအခေါက်ခေါက်အခါခါပို့ပေးခဲ့ပါတယ်။Voytekကသူထမ်းတဲ့သေတ္တာတွေ၊ အမြှောက်ဆံတွေကိုတစ်ခုမှပြုတ်မကျအောင်ထမ်းခဲ့ပါတယ်။

Voytekရဲ့လုပ်ဆောင်ချက်တွေက အရမ်းကိုလေးစားစရာကောင်းခဲ့တာကြောင့်မွန်တီကက်စီနိုတိုက်ပွဲအပြီးမှ ာအမှတ်(၂၂)တပ်ခွဲရဲ့အမှတ်တံဆိပ်ကို VoytekကHowitzerအမြှောက်ဆံကိုသယ်နေတဲ့ပုံအဖြစ်တရားဝင်ပြောင်းလိုက်ပါတော့တယ်။ Voytekကိုလည်းတပ်သားမှတပ်ကြပ်အဖြစ်ရာထူးတိုးပေးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးဒုတိယကမ္ဘာစစ်အပြီးမှ ာVoytekအပါအဝင်အချို့သောပိုလန်တပ်သားတွေကို စကော့တလန်နိုင်ငံအီဒင်ဘာဂ်(Edinburgh)မြို့မှာပြောင်းလဲနေရာချထားပေးလိုက်ပါတယ်။ Voytekကတော့သူ့ဘဝရဲ့ကျန်ရှိတဲ့အချိန်တွေကိုအီဒင်ဘာဂ်တိရစ္ဆာန်ရုံမှာပဲကုန်ဆုံးစေခဲ့ရပါတယ်။တိရစ္ဆာန်ရုံထဲကVoytekကပိုလန်ဘာသာစကားကို ကြားတိုင်းမတ်တပ်ရပ်ပြီးသူ့ရဲ့ရဲဘော်တွေကိုလိုက်ရှာပါတယ်။

စစ်အတွင်းကVoytekနဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တွေကလည် းVoytekဆီမကြာခဏလာလည်ပါတယ်။ လာလည်တဲ့အခါVoytekရဲ့လှောင်အိမ်ထဲကိုစီးကရက်တွေပစ်ပေးကြပါတယ်။ တချို့ရဲဘော်တွေဆိုလှောင်အိမ်ထဲအထိခုန်ဆင်းပြီးအရင်တုန်းကအတိုင်းပဲVoytekနဲ့နပန်းလုံးပါတယ်။အရင်တုန်းကလိုပဲ Voytek ကိုဘယ်သူမှမနိုင်ကြပါဘူး။

သူရဲကောင်း Voytek ရွပ်ရွပ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့တဲ့ Voytekကို ဒုတိယကမ္ဘာစစ်ရဲ့သူရဲကောင်းတစ်ယောက် အနေနဲ့အသိမှတ်ပြုခဲ့ကြပါတယ်။သူရဲကောင်း Voytekရဲ့အကြောင်းကို ကမ္ဗည်းမော်ကွန်းတင်ပြီးသူ့ရဲ့ပုံတူရုပ်တုတွေကိုအီဒင်ဘာဂ်၊ပိုလန်နိုင်ငံ၊လန်ဒန်စစ်သမိုင်းပြတိုက်၊ကနေဒါစစ်သမိုင်းပြတိုက်တွေမှာ ယနေ့အချိန်ထိတွေ့ မြင်နိုင်ပါသေးတယ်။

ကွယ်လွန်ချိန်ဝက်ဝံစစ်သားကြီး Voytek ကတော့၁၉၆၃ခုနှစ်(အသက်၂၁)မှာကွယ်လွန်ခဲ့ပါတယ်။ သေဆုံးချိန်မှာသူ့ကိုယ်အလေးချိန်ဟာပေါင်၅၅၀ခန့်ရှိပြီးအရပ်အမြင့်ကတော့ ၆ပေနီးပါး ရှိပါတယ်။

Wojtek-TheBearThatWenttoWar အမည်နဲ့ဝက်ဝံစစ်သားကြီးအကြောင်း ဇာတ်ကားရိုက်ထားတာရှိပါတယ်။

Likes:
0 0
Views:
432
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *