ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာသို့ပြန့်ပွားစေသူ

ဗုဒ္ဓဘာသာကို အနောက်ကမ္ဘာသို့ပြန့်ပွားစေသူ

(အရှင် အာနန္ဒာ မေတ္တေယျ)

ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျဟု ကျော်ကြားခဲ့သူ၏ အမည်အရင်းမှာချားသ်ဟင်နရီအယ်လင်ဘင်းနက် (Charles Henry Allan Bennett) ဖြစ်ပါတယ်။ သူ့ကို ၁၈၇၂ ခု ဒီဇင်ဘာ ၈ရက်နေ့တွင် အဂ်လန်နိုင်ငံလန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။

ဖခင်ဖြစ်သူမှာ လျပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်သူ မစ္စတာ ဘင်းနက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဖခင်ကွယ်လွန်သွားသဖြင့် မစ္စတာ မက္ကာရီ (Mr.Mc Gregor)ကမွေးစားခဲ့ပါတယ်။

အယ်လင်ဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာသူဖြစ်ပြီး ပန်းနာရောဂါ၏နှိပ်စက်မှုကိုအလွန်အမင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ပညာရေးအနေနဲ့ ဟောလက်စလေ(Hollesley) ကောလိပ်နဲ့ အဂ်လန်နိုင်ငံဘက်သ်(Bath) မြို့တို့မှာသင်ကြားခဲ့ပါတယ်

ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး ပညာရည်ထူးချွန်တာကြောင့် ကျောင်းပြီးနောက်မှာလဲ ဓာတုဗေဒပညာရှင်တစ်ယောက်အဖြစ် အောင်မြင်ခဲ့ပါတယ်။ သူဟာ ဓာတုဗေဒ ပညာရပ်အပြင်သခ်ျာနဲ့ရူပဗေဒပညာရပ်တွေကိုလည်း တစိုက်မတ်မတ်လေ့လာလိုက်စားခဲ့ပါတယ်။

သိပ္ပံပညာရပ်များနှင့်ရင်နိီှးကျွမ်းဝင်သူတစ်ယောက်ဖြစ်ပြီး လက်တွေ့အမြင်ရှိသူ တစ်ယောက်ဖြစ်တာကြောင့် ဘာသာရေးယုံကြည်မှုတွကို ငြင်းဆန်ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်၊။

ဓာတ်ခွဲခန်းဆရာအဖြစ် အလုပ်လုပ်နေစဉ်အတွင်းမှာ ကဗျာရှည်ကြီးတစ်ပုဒ်ကို သူဖတ်ခဲ့ရပြီးနောကိ ဗုဒ္ဓဘာသာကို စတင်စိတ်ဝင်စားလာခဲ့ပါတယ်။ အဲ့ဒီကဗျာရှည်ကြီးကတော့ ဆာအက်ဒွင် အာနိုး ရေးဖွဲ့ခဲ့တဲ့ အာရှတိုက်ရဲ့ အလင်းရောင်(The Light of Asia)ဆိုတဲ့ကဗျာရှည်ကြီီးဖြစ်ပြီး ဗုဒ္ဓ၏ ဘဝဖြတ်သန်းပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ဒီကဗျာကို ဖတ်ခဲ့ရပြီးနောက် အယ်လင်ဟာဗုဒ္ဓကိုကြည်ညိုစိတ်ဖြစ်ပြီး ဗုဒ္ဓဘာသာနိုင်ငံများကို သွားရောက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်ခဲ့ရပါတယ်၊ ။ မိတ်ဆွေတစ်ယောက်ဖြစ်သူ ဂျော့စီဇီဂျ ုန်း(George Cecil Hones)နှင့် ဆကစပ်ပြီးနောက် လျို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့ ဆုံတွေ့ခဲ့ပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ နံမည်က (Hermetic Order Of The Golden Dawn)ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးဟာ ၁၉ရာစုနှင့်၂ဝရာစု အတွင်းဂရိဗြိတိန်နိုင်ငံမှာ ကျော်ကြားခဲ့တဲ့ ရှေ့ဟောင်း အဂ္ဂိရတ်ပညာ၊ဂန္ဓာရီပညာနဲ့ လျို့ဝှက်ပညာရ်များကို လေ့လာလိုက်စားတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ အယ်လင်ဟာ ဒီအဖွဲ့ကြီးမှာ (White Magic)ခေါ် လျို့ဝှက်ကျင့်စဉ်တွေကို သင်ယူခွင့် ရထဲ့ပါတယ်။

သူ့ရဲ့ပန်းနာရောဂါဟာ တနေ့တခြားဆိုးရွားလာပြီးနောက် အပူပိုင်းဒေသတွင်နေထိုင်ရန် ဆရာဝန်က ညွှန်ကြားလာပြီးနောက် ဆေးခွင့်ယူပြီး အရှေ့တောင်အာရှသို့ ခရီးထွက်ခဲ့ပါတယ်၊ သီရိလက်ာနိုင်ငံကို ရွေးချယ်ဖြစ်တာကတော့ အပူပိုင်းဒေသဖြစ်တဲ့အပြင် သူလေ့လာလိုတဲ့ ဗုဒ္ဓဘာသာ ထွန်းကားရာနေရာလည်း ဖြစ်လို့ပါ။

အဲ့ဒီအချိန်က ၁၈၉၈ခုနှစ်ဖြစ်ပြီး သူ့အသက် ၂၆နှစ်အရွယ် ဖြစ်ပါတယ်။ ဒီလိုသွားရောက်ခဲ့ရာမှာ လျို့ဝှက်အဖွဲ့ကြီး၏ပံပိုးမှုနဲ့ သွားရောက်ခဲ့တာ ဖြစ်ပြီး အရှေ့တိုင်းက ဂန္ဓာရီပညာရပ်တွေကို လေ့လာရမယ့်တာဝန်လည်း သူနဲ့အတူ ပါလာခဲ့ပါတယ်။

ယောဂီကြီး သီရိပညာနန္ဒ(Sri Parananda)ရဲ့ ထံမှ ယောဂီပညာရပ်များကို သင်ယူရင်း သူ့ရဲ့ နံမည်ကို ဆွာမိ မေတ္တာနန္ဒ(Maitrananda)လို့ ပြောင်းလဲခဲ့ပါတယ်။

ယောဂ ပညာရပ်ကိုလေ့လာရင်း တစ်ဖက်ကလည်း ပါဠိဘာသာကိုသင်ကြားကာ သမထ အလုပ်တွေကို လက်တွေ့လုပ်ရင်း ဗုဒ္ဓဘာသာကို လေ့လာခဲ့ပါတယ်။ အလွန်နှစ်ထောင်းအားရလှတာကြောင့်ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာသလို ဉာဏ်ရည်ထက်မြက်သူဖြစ်တာကြောင့် နှစ်အနည်းငယ်အတွင်း မှာ ထိုပညာပ်တွေ၌ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၁၉၀၁ခုနှစ် ဖူလိုင်လမှာတော့ကိုလံဘိုမြို့ ဘီအိုဆိုဖီအသင်းတိုက်မှာဗုဒ္ဓ၏သစ္စာလေးပါး တရားတော်ကို ဟောပြောနိုင်ခဲ့ပါတယ်။ နွေးထွေးတဲ့ ရာသီဥတုကြောင့် သူ့ရဲ့ပန်းနာရောဂါဟာလည်းသက်သာလာခဲ့ပါတယ်။ သီဟိုဠ်မှာ ၃နှစ်နေပြီးနောက်မှာတော့မြန်မာနိုင်ငံသို့ ထွက်ခါခဲ့ပြီး စစ်တွေမြို့သို့ ရောက်ရှိခဲ့ပါတယ်။

သူ့အသက် ၂၉နှစ်တိတိပြည့်တဲ့အချိန် ၁၉၀၁နှစ် ဒီဇင်ဘာ ၈ရက်နေ့မှာ ရှင်သာမဏေဘဝ သို့ ကူးပြောင်းခဲ့ပါတယ်။အဲ့ဒီတုန်းကဘွဲ့အမည်က အာနန္ဒာမေတရိယပါ။ နောင်အခါထိုဘွဲ့အမည်ဟာပါဠိတော်နဲ့လည်း မကိုက်ညီ၊ပါဠိသဒ္ဒါနဲ့လည်း မကိုက်ညီဟုဆိုကာ အာနန္ဒာမေတ္တေယျဘွဲ့ကို ကူးပြောင်းခဲ့ပါတယ်။

၂၉၀၂ခုနှစ် မေလ မှာတော့ ရွှေပြားဆရာတော်ကို ဥပဇ္စျာယ်ပြုကာရဟန်းဘောင်သို့ တကေ်ရာက်ခဲ့ပါတယ်။ရခိုင်ကနေတဆင့် ဗုဒ္ဓဘာသာကို ပြန့်ပွားတိုးတက်အောင်လုပချင်တာကြောင့် ရန်ကုန်မြို့သို့ ကြွချီခဲ့ပြန်ပါတယ်။

ဗုဒ္ဓဘာသာပြန့်ပွားရေးအဖွဲ့(Buddhasasana Samagana Society) ဗုဒ္ဓသာသနသမဂ္ဂအဖွဲ့ကိုစတင်ပြီးဗုဒ္ဓသာသနာပြန့်ပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သလို တစ်ဖက်ကလည်း(Buddhism-Anillustrated Quarterly Review)အမည်ရ ၆ စောင်ကျမ်းကိုပြုစုခဲ့ရာ ၁၉၀၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

ဆရာတော် ရေးသားတဲ့စာအုပ်တွေကို ဥရောပတစ်ခွင် စာကြည့်တိုက်တွေသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိတိုင်အောင်သြစတြီးယား၊မြန်မာ၊သီဟိုဠ်၊တရုတ်၊ဂျာမနီ၊အီတလီ၊အဂ်လန် နဲ့ အမေရိကန် စတဲ့နိုင်ငံတွေက စာကြည့်တိုက်တွေမှာ ျန်ရှိနေဆဲဖြစ်ပါတယ်။

၁၉၀၇ ခုနှစ် ဂရိဗြိတိန်နဲ့ အိုင်ယာလန်တို့မှာ ဗုဒ္ဓဘာသာအသင်းအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်တာကြောင့် ဆရာတော်ကို ဖိတ်ကြားတဲ့အတွက် ၁၉၀၈ခု ဧပြီလမှာအဂ်လန်သို့ကြွပြီး တရားတော်များဟောပြောခဲ့ပါတယ်။

အဂ်လန်နေသူများဟာ အဂ်လိပ်လူမျိုး ဗုဒ္ဓဘာသာရဟန်းတော်တပါးကိုပထမဆုံးအကြိမ် ဖူးတွေ့ရခြင်း ဖြစ်ပါတယ်။ဗြိတိန်မှာ ၆လ ခန့်တရားလှည့်လည်ဟောပြောပြီး အဲ့ဒီနှစ် အောက်တိုဘာလမှာတော့ ရန်ကုန်မြို့သို့ ပြန်ခဲ့ပြီး ဗုဒ္ဓဘာသာတိုးတက်ရေးလုပ်ငန်းများကိုတစိုက်မတ်မတ်လုပ်ခဲ့သလို တစ်ဖက်ကလည်း ဗုဒ္ဓစာပေများကို ရေးသားခဲ့ပါတယ်။

ပထမ ကမ္ဘာစစ်စတင်ဖြစ်ပွားချိန် ၁၉၁၄ခုနစ်မှာတော့ ဆရာတော်ရဲ့ ရောဂါဟာ အခြေအနေ ဆိုးရွားလာတာကြောင့် အဂ်လန်သို့ပြန်ပြီးကုရန် ဆရာဝန်တွေကအကြံပေးခဲ့ကြပါတယ်။

အဂ်လန်သို့ ပြန်ပြီးနောက် မိတ်ဆွေများရဲ့စောင့်ရှောက်မှုနဲ့ ပင်ပန်းဆင်းရဲစွာ အသက်ရှင်ခဲ့ရပါတယ်။ သူ့ရဲ့နောက်ပိုင်းအချိန်ဖြစ်စဉ်တွေကိုတော့ တိတိပပ မသိရပဲ မစ္စတာ အယ်လင်ဘင်းနက် ဟာ အသက် ၅၁ နှစ်အရွယ်မှာ အဂ်လန်နိုင်ငံ (Modern)စီရင်စုမှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

အနောက်နိုင်ငံတွေကို ဗုဒ္ဓဘာသာပြန့်ပွားခဲ့ရာမှာ မစ္စတာ အယ်လင်ဘင်းနက်ရဲ့ ကြိုးစားမှုကလည်း တစိတ်တပိုင်း ပါဝင်ခဲ့ပါတယ်။

သူဟာ (The Wisdom Of The Aryas) နဲ့(The Religion Of Burma)ဆိုတဲ့ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ် ၂ အုပ်ကို ရေးသားခဲ့သေးပြီး သူရဲ့စာအုပ်တွေကို ယနေ့တိုင် ဖတ်ရှုကိုးကားနေကြရဆဲ ဖြစ်ပါတယ်။

By-သုတဇုံ

Likes:
0 0
Views:
716
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *