ဘုန်းကြီးပျံ ခြောက်ခု- ကထိကရဟန်း

#ဘုန်းကြီးပျံ ခြောက်ခု- ကထိကရဟန်း***

စံကျောင်းမှာဆင်၊ ရွှေကျင် ဘုန်းကြီးကရင်ကြီး မြတောင်၊ မီးလောင်တိုက် ခင်မကန်လူစည်ဟန် မိုးတား၊ ဥဒည်ဖွား ဝဇီရာလွန်စွာထူးခြား၊မှတ်သားရန်အမှု၊ဘုန်းကြီးပျံ ခြောက်ခုတည်း။ ။

(ကထိကရဟန်း ဆရာတော်ဘုရားကြီး)

မန္တလေးမြို့သူမြို့သား ပညာရှိအများက ကျော်စောလှသော #ဘုန်းကြီးပျံ (၆) ခုကို မှတ်တမ်းပြုခဲ့ကြသည်။

ယင်းတို့ကား-

၁။ ကျောက်တော်ကြီးဘုရား၏ အနောက်ဘက် ကျုံး၏မြောက်နဖူး၌ ရှိသော စံကျောင်းတိုက်ကြီး၏အရှင် ဆရာတော်ကြီး ပျံလွန်တော်မူသောအခါ မြင်းခြံမြို့မှလာ၍ လုပ်ဆောင်သော ဘုန်းကြီးတပါး၏ ဆင်ရုပ်ကြီးကို ဂေါဝိန်သင်္ဘောဆိပ်မှ မြင်ကြရကြောင်း မှတ်တမ်းပြုကြသည်။

၂။ မြတောင်တိုက်သစ် ပထမဆရာတော်ကြီး ပျံလွန်တော်မူသောအခါ ဝဇီရာရာမ ဆရာတော်ကြီးကို အမှူးထား၍ မော်လမြိုင်မြို့မှ လာရောက်လုပ်ဆောင်သော ကရင်ရုပ်ကြီးကို ဈေးချိုမြောက်ဘက်၊ အိုးဖိုအရပ်က မြင်ကြရကြောင်း မှတ်တမ်းပြုကြရသည်။

၃။ ရွှေကျင်ဆရာတော်ဘုရားကြီး မင်းကွန်း ငွေတောင်တောရတိုက်၌ ပျံလွန်တော်မူရာ ကြွရောက်လာကြသော သံဃာပရိသတ်သည် လွန်စွာ အားကြီး၍ စည်ကားလှသည်။ လူပရိသတ်ကား နည်းပါးလှသည်ဟု အသိအမှတ်ပြုကြရသည်။

၄။ ရတနာပုံရွှေမြို့တော်၏ အရှေ့ပြင် ခင်မကန်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာ၌ ပြုလုပ်သော လောင်တိုက်ကြီးမှာ လွန်စွာ ကြီးမားလှ၍ အချိုးအစားလည်း ကျနသည်၊ အဆင်အပြင်လည်း ကောင်းသည်ဟု မှတ်တမ်းပြုကြရသည်။

၅။ တောင်ပြင်မိုးတား သာသနာပိုင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာ၌ လူပရိသတ်များပြား၍ လွန်စွာစည်ကားသည်။

၆။ ဝဇီရာရာမဆရာတော်ကြီး ပျံလွန်တော်မူရာ၌ ခိုတောင်ချောင်းပေါက်ရွာအနီး သောင်ပြင်ကြီး၌ ပွဲကျင်းပသောအခါ မော်လမြိုင်မြို့မှ လာသော ရတနာဘုံပျံကျောင်းနေ အင်္ဂလိပ်မင်းတို့ လက်ထက် မြန်မာပြည်၌ ရှေးဦးအစ ပထမကျော် ရွှေတံဆိပ်ရ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးကေတုမာလာလုပ်ဆောင်သော ဥဒည်ဘွားရုပ်ကြီးကို အင်းဝမြို့က မြင်ကြရကြောင်း မှတ်တမ်း ပြုကြရသည်။

ဦးမာနိတသိရီ (ကထိကရဟန်း)]#ရှေးစာကဗျာများ

Likes:
0 0
Views:
595
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *