ဆရာဇော်ဂျီ

ဆရာဇော်ဂျီသည် မြန်မာနိုင်ငံစာပေသမိုင်းတွင် ချန်လှပ်၍ မရစကောင်းသော အမျိုးသားစာဆိုကြီး ဖြစ်ပါသည်။ မြန်မာစာပေဘဏ္ဍာတိုက်ထဲမှာ ဆရာဇော်ဂျီ၏ ထည့်ဝင်သယ်ပိုးမှုများက မနည်းလှပါ။ ဆရာဇော်ဂျီသည် စာအစုံရေးခဲ့သူဖြစ်သည်။

ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ပြဇာတ်၊ ပုံပြင်၊ စာပေဝေဖန်ရေး၊ ဘာသာပြန်စသည်ဖြင့် အမျိုးစုံအောင် ရေးသားပြုစုခဲ့ပါသည်။ ဆရာဇော်ဂျီကို ၁၉၀၇ တွင် ဖျာပုံမြို့၌ မွေးဖွားခဲ့ပြီး ၁၉၉၀ တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။

ယခုဆိုလျှင် ဆရာကွယ်လွန်ခဲ့သည်မှာ ( ၃၁ )နှစ်ရှိခဲ့ပါပြီ။

တော်လှန်ရေးနေ့ ဆုတောင်း

ငါ့ညီပြောင်၀င်း၊ မောင်သစ်ဆင်းသင်တို့စိတ်ပြောင်း၊ တို့လည်းပြောင်း၏မကောင်းအစ နှောင်းမလှ။အကြောင်းပြကြ တပေါင်းလ။ကဇောင်းကထ ခါးတောင်းမ။ထိုသတင်းကြောင့်မြို့တွင်း တပ်စွဲ၊ နိပွန်ရဲတို့မြို့ထဲ သူ့တပ်၊ မြို့ကို ပတ်၏လှံစွပ် နေရောင်၊ တပြောင်ပြောင်နှင့်အာပေါင် အာရင်း၊ အာသံပြင်းနှင့်နင်းမှ နှိမ်မှ၊ စစ်မာန်ပြ၏အာရှလူငယ်၊ လူမမယ်တို့အံ့ဖွယ် နေနီ၊

တို့စစ်သည်ကိုရုံးရည်ဖက်ပြိုင်၊ ဘယ်ခံနိုင်အံ့လှန့်လည်း လှန့်၏မခန့်စတောင်း၊ အဟန့်ကောင်းတို့ကဇောင်းရွာဆီ၊ တိုက်မည်ချီသော်မြို့ပေါ်ကျန်ရှိ၊ မိရင်းဘရင်းသားချင်းတ၀၊ ကြင်နာစတို့ညှိုးလျမျက်နှာ၊ မသာယာကိုငါလည်း မြင်မိ မခံချိ။တစ်ရက် နှစ်ရက်၊ သုံးလေးရက်တည့်ငါးရက်က ကျွံ၊ ခြောက်ရက်လွန်တည့်နိပွန်တပ်ခေါက်၊ ပြန်မရောက်ခဲ့နောက်ထပ်တစ်ဖန်၊

ဆယ်ရက်လွန်လည်းနိပွန်ခြေရာ၊ တက်မလာခဲ့ကြားပါလေစ၊ အိုမမတို့မိုးကျလက်နက်၊ လူငယ့်လက်တွင်စကြာနေနီ၊ ကဇောင်းဆီ၀ယ်ချီသမျှမြုပ်၊ တပ်မရုပ်ဘဲအပြုတ်ခံကြ၊ ဇာနေယျ ဟုချီးပစကား၊ ကြားလိုက်ရသော်မြို့တော်တိုကျို၊ မြို့ထိုထိုကအိုအို မင်းမင်း၊ မိရင်း ဘရင်းသားချင်းကစ၊ အိမ့်ရှင်မတို့ညှိုးလျမျက်နှာ၊ မသာယာကိုငါ့မှာ တွေကြည့် ကြေကွဲမိ။

ငါ့ညီပြောင်၀င်း၊ မောင်သစ်ဆင်းသင်းတို့စိတ်၀ယ်၊ နယ်ချဲ့စိုးမိုးမုဆိုးစင်စစ်၊ မဖြစ်စေချင်ငါတို့တွင်လည်းဘ၀င်မကျ၊ ဘ၀မပြောင်သားကောင်စင်စစ်၊ မဖြစ်စေလိုကွင်းရလို၏ကြာညိုငါးခိုင်၊ အမွှေးတိုင်နှင့်ညွှတ်ယိုင်ဆုခြွှေ၊ အမျှဝေသည်မွေတော် တိဂုံရိပ်မှာတည်း။ ။

လမ်းစဉ်သတင်း၊ အတွဲ ၄၊ အမှတ် ၇(၁-၄-၁၉၆၈)(ဧပြီလ ၁၂၊၁၉၀၇- စက်တင်ဘာ၂၆ ၁၉၉ဝ) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာ၊ ဂုဏ်ထူးဆောင် မြန်မာစာပါမောက္ခ တစ်ဦးဖြစ်သည်။ မြန်မာစာပေ၏ ထင်ရှားသော စာပေလှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် ခေတ်စမ်းစာပေ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ဇာတိဖြစ်၍ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့မှ ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးသိန်းဟန် ဖြစ်သည်။ဆရာဇော်ဂျီသည် ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့သည်။

ဆရာဇော်ဂျီတို့အိမ်တွင် လူကြီးများစုဝေးကာ စာအကြောင်း၊ ပေအကြောင်း ပြောကြသောကြောင့် ဆရာဇော်ဂျီသည် ငယ်စဉ်ကလေးဘဝကပင် မြန်မာမှု၊ မြန်မာစာပေတို့နှင့် အကျွမ်းတဝင် ရင်းနှီးခဲ့သည်။ပညာရေးပြင်ဆင်ထို့နောက် ဖျာပုံမြို့ရှိ အင်္ဂလိပ်မြန်မာ အစိုးရအထက်တန်းကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။

သတ္တမတန်းအရောက်တွင် ၁၉၂ဝ ပြည့် ပထမကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ အမျိုးသားကျောင်းများ မြန်မာပြည် အနှံ့ပေါ်ပေါက် လာသောအခါ ဆရာဇော်ဂျီသည် ဖျာပုံမြို့၊ အမျိုးသားကျောင်းသို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ထိုမှတဖန် ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်းသို့ ပြောင်း၍ ၁၁ ဆင့် အောင်သည်အထိ ပညာဆည်းပူးခဲ့သည်။

ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ ဦးဘလွင် ဖြစ်ပါသည်။၁၉၂၄ တွင် ရန်ကုန်မြို့၊ မြို့မ အထက်တန်းကျောင်း( မြို့မအမျိုးသား အထက်တန်းကျောင်း)တို့တွင် ပညာ သင်ကြားခဲ့သည်။ မြို့မကျောင်းသား ဘဝတွင် ကဗျာများ စတင်ရေးသားခဲ့သည်။ ၁၉၂၄ တွင် ဆာဂျေအေ မောင်ကြီး၏ သစ္စာဝါဒီသတင်းစာက ကြီးမှူးပြီး ကဗျာဘာသာပြန် ပြိုင်ပွဲ ကျင်းပ ခဲ့သည်။

မြန်မာဘာသာသို့ ပြန်ဆိုရမည့် ကဗျာမှာ အင်္ဂလိပ် ကဗျာဆရာ ဟင်နရီဝေါတန် (Henry Wotton) ၏ The Character of a Happy Life အမည်ရှိ ကဗျာ ဖြစ်သည်။ ဆရာဇော်ဂျီသည် ကဗျာ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ပထမဆု ရရှိခဲ့သည်။ ဆာဂျေအေမောင်ကြီးက ရွှေဒင်္ဂါး ၅ ပြား ဆုချခဲ့သည်။

၁၉၂၅ တွင် ဆရာ ဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်သို့ ရောက်သောအခါ ရှေးဟောင်း မြန်မာ့စာပေကို စနစ်တကျ လေ့လာခွင့် ရသကဲ့သို့ တဘက်တွင်လည်း ကမ္ဘာ့စာပေများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လိုက်စားနိုင်ခဲ့သည်။ အင်္ဂလိပ်ကဗျာများကို ဖတ်ပြီး ကဗျာသစ်ကို စမ်းသပ် ရေးဖွဲ့ချင်စိတ် ပေါက်လာသည်။

၁၉၂၈ တွင် ဆရာဇော်ဂျီသည် သူ၏ နာမည်ကျော် ပိတောက်ပန်း ကဗျာကို ရေးဖွဲ့ခဲ့သည်။ဆရာဇော်ဂျီသည် တက္ကသိုလ် ကျောင်းသားဘဝတွင် သူကဲ့သို့ ဝါသနာတူ သူငယ်ချင်း ဆရာမင်းသုဝဏ်နှင့် တွဲမိသွားသည်။ သူတို့နှစ်ဦးသည် ရှေးဟောင်းကဗျာများမှ တွေးပုံတွေးနည်း၊ ရေးပုံရေးနည်းများကို လမ်းသစ်ခွဲထွက်ကြသည်။ မိမိ ခံစားရသော အမြင်ကိုသာ အလှပဆုံး၊ အထိမိဆုံး ရေးဖွဲ့ ကြသည်။ ထိုကဗျာများကို တက္ကသိုလ်မဂ္ဂဇင်း၊ ဂန္တလောကမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်းများတွင် ရေးသားကြသည်။

၁၉၃၄ တွင်ဆရာကြီး ဦးဖေမောင်တင် က ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နှင့် တက္ကသိုလ် ပုရဝဏ်အတွင်း ရေးသားနေကြသော ကဗျာများကို စုစည်းထုတ်ဝေရာမှ ခေတ်စမ်းကဗျာ ဟု အမည်တွင်လာသည်။ ဆရာဇော်ဂျီသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝတွင် တက္ကသိုလ်ပုရဝဏ်ထဲမှ ဆရာကြီး ဦးဖေမောင်တင်၊ ဆရာပွား၊ ပါမောက္ခလုစ်၊ ပါမောက္ခဂုဒ်တို့ထံမှ အင်္ဂလိပ်စာပေ၊ မြန်မာစာပေတို့ကို လေ့လာဆည်းပူးခွင့် ရခဲ့သည်။

၎င်းအပြင် ပြင်ပစာပေလောကမှလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို တို့ထံမှ ပြင်ပစာပေ ဗဟုသုတများကို ကြားနာခွင့်ရသည်။ ဆရာဇော်ဂျီသည် မိမိထက် အတန်းကြီးသော သိပ္ပံမောင်ဝထံမှ အက်ဆေး သဘောတရားများ၊ ဗဟုသုတများ ရရှိခဲ့ပြီး မိမိထက် ငယ်သောဆရာမင်းသုဝဏ်နှင့်လည်း ကဗျာရေးဖော်ရေးဖက် ဖြစ်လာသည်။

ဆရာဇော်ဂျီသည် ၁၉၂၉-၃ဝ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ဆရာဇော်ဂျီသည် မိမိ ပညာဆည်းပူးခဲ့ရာ ရန်ကုန်မြို့၊ မြို့မအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ၁၉၃၁ ခုနှစ်မှ ၁၉၃၄ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆရာလုပ်နေစဉ်မှာပင်ဖျာပုံမြို့၌ ၁၉၃၁ ဇန်နဝါရီလမှစ၍ထုတ်ဝေခဲ့သော ‘မြန်မာ့အာဇာနည်’ ဂျာနယ်တွင် ဆရာဇော်ဂျီသည် အယ်ဒီတာအဖွဲ့ဝင်အဖြစ်တာဝန်ယူခဲ့သည်။

သို့သော်လည်း ဂျာနယ် (၇)စောင်မျှသာ ရေးသားထုတ်ဝေနိုင်ခဲ့ပြီး ဖြန့်ချိမှု အခက်အခဲကြောင့် ရပ်ဆိုင်းခဲ့ရသည်။ မြို့မကျောင်း ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဆရာဇော်ဂျီသည် ဝိုင်အမ်ဘီအေ အသင်းကြီးက ကြီးမှူးကျင်းပသော ဟောပြောပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် စာပေဝေဖန်ရေး စာတမ်းတစ်စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

စာဆိုဝန်ကြီးပဒေသရာဇာနှင့်စိန္တကျော်သူ ဦးဩ တို့အကြောင်း ဖြစ်ပါသည်။ စာတမ်းအမည်မှာ Eighteenth Century Poets in Burma ဖြစ်သည်။စာတမ်းတင်သွင်းသော ခုနှစ်မှာ ၁၉၃၂ ခု ဩဂုတ်လ ၂၈ ရက် ဖြစ်သည်။ သဘာပတိမှာ ဆရာကြီးဦးလူဖေဝင်းဖြစ်သည်။ ထိုစာတမ်းကိုရန်ကုန်တိုင်းမ် (Rangoon Time) အင်္ဂလိပ်ဘာသာ သတင်းစာတွင်ထည့်သွင်းဖော်ပြခဲ့သည်။

ထိုစာတမ်းကို ဖတ်မိသော ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခရုခ်ကအလွန် နှစ်သက်သဘောကျ၍ ဆရာဇော်ဂျီကို ခေါ်ယူကာ မဟာဝိဇ္ဇာတန်းတက်ရန်တိုက်တွန်းခဲ့လေသည်။ သို့ဖြင့် ဆရာဇော်ဂျီသည် ၁၉၃၄ ခုနှစ်တွင် မြို့မကျောင်းမှထွက်၍မဟာဝိဇ္ဇာတန်းတွင် အင်္ဂလိပ်စာပေနှင့်မြန်မာစာပေ နှစ်ဘာသာ (Double Literature) ယူကာ ၁၉၃၆ ခုနှစ်တွင်မဟာဝိဇ္ဇာဘွဲ့ရခဲ့သည်။

၁၉၃၈ ခုနှစ် အထိမန္တလေးဥပစာကောလိပ်တွင်မြန်မာစာနည်းပြအဖြစ်ဆောင်ရွက်သည်။ ၁၉၃၆-၄ဝ ပြည်နှစ် များတွင် အင်္ဂလန်နိုင်ငံ ဒဗ်ဗလင်တက္ကသိုလ်များတွင် စာကြည့်တိုက်ပညာ သင်ကြား၍ ဒီပလိုမာဘွဲ့ ရရှိသည်။ ၁၉၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် စာကြည့် တိုက်မှူး တာဝန်ထမ်းဆောင်သည်။

၁၉၄၁-ခုနှစ်တွင် ရန်ကုန် မြို့မကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ- ဘီအီးဒီ) ကြီးကြီးစော(စာရေးဆရာမ)နှင့် လက်ထပ်ခဲ့သည်။၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမြန်မာအစိုးရ၏ပညာရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးဝန် (စာပေနှင့် စာကြည့်တိုက် ဌာန) တာဝန် ထမ်းဆောင်ပြီး ၁၉၄၆ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးတာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၇-၄၈ ခုနှစ် များ၌ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး အထူးအရာရှိနှင့် အခြေခံဥပဒေအချောကိုင်ကော်မတီ အဖွဲ့ဝင် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင်ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသည်။၁၉၅၁-၅၇ ခုနှစ် များ၌ကျောင်းသုံးစာအုပ်ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန် တာဝန်နှင့် ၁၉၅၉ ခုနှစ်၌ မြန်မာနိုင်ငံသမိုင်းကော်မရှင် ဥက္ကဋ္ဌတာဝန်များကိုထမ်းဆောင်ခဲ့သည်။

၁၉၅၁ တွင် ဆရာ ဇော်ဂျီသည် အစိုးရပညာရေး မစ်ရှင်အဖွဲ့ နှင့်အတူ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံများသို့ သွားရောက် လေ့လာခဲ့သည်။ ထို့နောက် စာကြည့်တိုက်မှူးအဖြစ် ပြန်လည်ထမ်းရွက်သည်။ ၁၉၅၅ တွင် ထိုင်းနိုင်ငံ၊ ၁၉၆၁ တွင် တရုတ်နိုင်ငံ များသို့ ရန်ကုန်တက္ကသိုလ် ချစ်ကြည်ရေးအဖွဲ့နှင့် အတူ သွားရောက်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင်မြန်မာစာပါမောက္ခအဖြစ်နှင့် သီရိပျံချီဘွဲ့ ရရှိသည်။၁၉၆၅ – ၇၅ ခုနှစ် များတွင်ပညာရပ် ဝေါဟာရ ကော်မတီဥက္ကဋ္ဌနှင့် အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၆၇ ခုနှစ်၌ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးအဖြစ်မှအငြိမ်းစား ယူပြီး ပညာရေး အထူး အရာရှိ (၁)၊ မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဋ္ဌ တာဝန်များကို ထမ်းရွက်ခဲ့ပြီး၊ ၁၉၇၆ ခုနှစ်တွင်နိုင်ငံသမိုင်း သုတေသနဦးစီးဌာနအကြံပေးပုဂ္ဂိုလ်အဖြစ်ပါတာဝန်ယူခဲ့သည်။

ဆရာ ဇော်ဂျီသည် သခင်ကိုယ်တော်မှိုင်းဋီကာ စာအုပ်ဖြင့် ၁၉၅၅ ခုနှစ် အတွက် စာပေဗိမာန် စာပဒေသာ ဆု၊ နင်လားဟဲ့ချစ်ဒုက္ခနှင့်အခြား ဝတ္ထုတိုများ စာအုပ်ဖြင့် ၁၉၇၉ ခုနှစ် အတွက် အမျိုးသား စာပေဆု (ဘာသာပြန် စာပေ)၊ ရှေးခေတ်ပုဂံကဗျာများနှင့် အခြားကဗျာများ စာအုပ်ဖြင့် ၁၉၈၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ကဗျာဆု) တို့ကို ရရှိ ခဲ့သည်။

ဆရာတက်တိုးက ဆရာဇော်ဂျီကို ဒဿနစာဆို (Philosopher Poet) ဟူ၍ လည်းကောင်း၊ ဆရာမင်းသုဝဏ်ကို သုတေသီစာဆို (Scholar Poet) ဟူ၍ လည်းကောင်း ဆိုမိန့်ဖူးသည်။ဆရာဇော်ဂျီသည် အသက် (၈၃) နှစ် အရွယ် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆရာ နေထိုင်ရာ ရန်ကုန်မြို့ ဗဟန်း မြို့နယ် ကမ္ဘောဇလမ်း အမှတ် (၁ဝ-က) နေအိမ်တွင် ကွယ်လွန် ခဲ့သည်။

Credit.. Than Win

#myanmarbooks

Likes:
0 0
Views:
802
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *