သာစည်မြို့နယ်ထဲက “ခွေးရုပ်ဘူတာ”အကြောင်း

သာစည်မြို့နယ်ထဲက “ခွေးရုပ်ဘူတာ”အကြောင်း

သာစည်မြို့နယ်ထဲမှာအင်္ဂလိပ်ခေတ် လက်ကျန် ရထားဘူတာပောာင်းလေးတခုဖြစ်တဲ့ “ခွေးရုပ်ဘူတာ”ပာာ ကလောဘက်က လာရင် မြင်းဒိုက်၊ ဆင်တောင် ဘူတာတွေရဲ့ အလွန်မှာ ရှိပါတယ်။မြင်းဒိုက်နဲ့ ဆင်တောင်ဘူတာကလည်း အင်္ဂလိပ်ခေတ်လက်ကျန် ဘူတာပောာင်းလေးတွေ ဖြစ်ပြီး ယနေ့အချိန်ထိ အသုံးပြုနေဆဲပါပဲ။ ပလောင်တောင်နဲ့ ပိုနီးပါတယ်။

ပတ်ဝန်းကျင်ရွာတွေမှာ ဓနု တိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြပါတယ်။ ခွေးရုပ် ဘူတာလို့အမည် ဖြစ်လာပုံက ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်မှ အင်္ဂလိပ်အပြေး ဂျပန်အဝင်မှာ ကလောမြို့နယ်ကို သိမ်းတဲ့ ဂျပန်စစ်ဗိုလ်နဲ့အတူ ခွေးလေးတစ်ကောင် ပါလာပါတယ်။ အဲဒီ ခွေးလေးက သူ့သခင်ဖြစ်တဲ့ ဂျပန်စစ်ဗိုလ်အပေါ်မှာသိပ်သံယောဇဉ် ကြီးပါတယ်။

တစ်နေ့ အဲဒီ ဂျပန်စစ်ဗိုလ်က အဲဒီ့ကလောမြို့နယ်ထဲက ယခု ခွေးရုပ်လို့ ခေါ်တဲ့ ဘူတာနေရာလေးမှာ သူ့ခွေးလေးကို “ပြန်လာခဲ့မယ် ဒီမှာပဲ စောင့်နေပါ” ဆိုပြီး အဲဒီ့ဘူတာနေရာကနေ ထွက််မယ့် ရထားပေါ် တက်သွားပါတယ်။ အမှန်တော့ အဲဒီ ဂျပန်စစ်ဗိုလ်က ဂျပန်တပ်တွေနဲ့အတူ ရှေ့တန်းတစ်နေရာ ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။

ကံဆိုးချင်တော့ ခွေးလေးရဲ့သခင် ဂျပန်စစ်ဗိုလ် တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။ ခွေးလေးက သခင်ကိုလွမ်းတဲ့စိတ်ကြောင့် အစာရေစာမစားမသောက်နိုင်ပဲ အဲဒီဘူတာလေးဆီကို နေ့စဉ်လာပြီး သူ့သခင်ပြန်အလာကို စောင့်ကြိုနေခဲ့ပါတယ်။ ခွေးလေးက ဘူတာကို နေ့စဉ်နေ့တိုင်း လာစောင့်ရတာကြာလာတော့ အနီးနားဝန်းကျင်ကလူတချို့တွေကတောင် ခွေးလေးကို မျက််မှန်းတမ်းသတိထားမိနေကြပါပြီ။

နောက်ဆုံး ခွေးလေး အစာရေစာ ပြတ်လပ်ပြီး သူ့သခင်ကို ခင်တွယ်စိတ်နဲ့ ရင်ကွဲနာ ကျပြီး အဲဒီ ဘူတာရှေ့မှာပဲ သေသွားခဲ့ပါတယ်။ အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ နောင်လာနောင်သား တိုင်းရင်းသားတွေက အဲဒီဘူတာမှာ သေသွားတဲ့ ခွေးလေးကို အစွဲပြုပြီး ခွေးရုပ်ဘူတာ ရယ်လို့ ခေါ်ဆိုကြပါတယ်။

ဒီဖြစ်ရပ်မှန်နဲ့ ဆင်တူအဖြစ်အပျက်တခု ဂျပန်နိုင်ငံမှာလည်း ရှိခဲ့ဖူးပါတယ်။ဂျပန်ပြည်၊ တိုကျိုမြို့တော် Shibuya ဘူတာရုံမှာသခင်ဖြစ်သူ ပရော်ဖက်ဆာ ဟိုက်ဇဘူရိုအုအဲနော့ (Professor Hidesaburo Ueno) (၁၈၇၂-၁၉၂၅) ကိုဘူတာရုံမှာ စောင့်ရင်း သေသွားတဲ့ခွေးလေးကို ဂုဏ်ပြုတဲ့အနေနဲ့ Hachiko statue(ဟာချီကိုး) ရုပ်ထု ထုထားတဲ့ ဘူတာ ရှိပါတယ်။

“ဟာချီကိုး” ဆိုတဲ့ ခွေးလေးကတော့ သူ့သခင် ဦးနှောက်ကြောပြတ်ပီး ရုတ်တရက်ဆုံးပါးသွားတဲ့ ၁၉၂၅ ခုနှစ်ကနေ ၁၉၃၅ ခုနှစ်အထိ (၁၀)နှစ်ကြာအောင် ဘူတာရုံမှာ လာလာစောင့်ခဲ့တယ်လို့ သိရပါတယ်။

ခွေးချစ်တဲ့သူတွေအနေနဲ့ အလားတူအဖြစ်အပျက််များ၊လူသားနှင့် တိရိစ္ဆာန်လေးတွေကြားက ကြီးမားတဲ့ မေတ္တာသံယောဇဉ်လေးတွေ၊ သခင်အပေါ်ကို သစ္စာစောင့်သိကြပုံလေးတွေကတော့ အတူတူပဲဖြစ်ကြမှာပါ။

(မှတ်ချက် – Lutawlupyaw blog မှ “ကေဇင်သော်” ရေးသားထားသော အကြောင်းအရာကို ပြင်ဆင်ဖြည့်စွက်ရေးသားထားခြင်းဖြစ်ပါသည်)

crd : Zaw Moe Aung

#myanmarbooks

Likes:
0 0
Views:
791
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *