မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း‌‌ဒေသ ကရင်ပြည်နယ်

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၉ မိနစ် မှ ၁၉ ဒီဂရီ ၂၅ မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀မိနစ် မှ ၉၈ ဒီဂရီ ၅၅ မိနစ် အတွင်း တည်ရှိသည်။

ဧရိယာစုစုပေါင်း ၁၁၇၃၀.၈၅၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ ၇၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၂၆ မိုင် ရှည်လျားသည်။

မြို့တော်

ကရင်ပြည်နယ်၏ မြို့တော်မှာ ဘားအံမြို့ ဖြစ်သည်။

ကရင်ပြည်နယ်ရှိမြို့၊ ရွာ များ -ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်၊ ဘားအံခရိုင်၊ ဖာပွန်ခရိုင်၊ ကတိုး၊ ကတိုင်တိ၊ ကမမောင်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ဂိုး၊ ကော့လ္လိူး၊ ကျွန်းချောင်း၊ ကျိုက်ဒုံ၊ ကျုံခဝန်၊ ကျုံဒိုးမြို့၊ ကျောက်ညှပ်၊ အံဖႀကီး၊ ကြာအင်းဆိပ်ကြီး၊ ခရား၊ ခလယ်၊ ချောင်နှစ်ခွ၊ ဇာသပြင်၊ တံခွန်တိုင်၊ တောင်ကလေး၊ တောင်ဒီး၊ တောင်ဝိုင်း၊ ထိမံထို၊ ထီလုံ၊ ထုံးအိုင်ရွာ၊ ဒါးကွင်း၊ ဒေါ်လမ်း၊ နတ်တောင်၊ နဘူး၊ နောင်ကမြိုင်၊ နောင်လုံ၊ ပိုင်ကျုံ၊ ဖအိုးထ၊ ၊ ဖားပြ၊ ဘုရားသုံးဆူ၊ ဘောဂလိကြီး၊ မဝိုင်း၊ မိကျောင်း၊ မက်သရော၊

မယ်ပလဲ၊ မြိုင်ကြီးငူ၊ မြိုင်ကလေး၊ ယင်းပိုင်၊ ယာဒို၊ ရေပူ၊ ရွှေဂွန်း၊ လဂွန်းပျို၊ လှိုင်းဘွဲ့၊ လိပ်သိုမြို့၊ ဝင်းက၊ ဝင်းကနား၊ သံတောင်၊ သံတောင်ကြီး၊ သံလှယ်၊ အနန်းကွင်း၊ အိန္ဒု၊ ဒိုင်းပြ၊ စုကလိမြို့၊ ဝေါလေမြိုင်မြို့၊ လော့ခေါ်၊ ကော့ကဒါ၊ ကော့ပနော့၊ ရှမ်းရွာသစ်မြို့နယ် (၇)မြို့နယ်ရှိသည်။ မြို့ (၁၈)မြို့ ရှိသည်။

ရပ်ကွက်ပေါင်း (၈၄) ကွက် ရှိသည်။ ကျေးရွာအုပ်စု (၃၇၆) အုပ်စု ရှိပြီး ရွာပေါင်း (၂၀၉၆) ရွာ ရှိပါသည်။ ( မှတ်ချက် – နှစ်အလိုက် အပြောင်းအလဲ ရှိနိုင်သည်။ )ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများပြီး သစ်တောများ ဖုံးလွှမ်းနေသဖြင့် မြေပြန့်လွင်ပြင်နည်းပါးသည်။ မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်း လျက်ရှိသည်။

ထင်ရှားသောမြစ်မှာ သောင်ရင်းမြစ်ဖြစ်ပြီး မြဝတီအနီးမှဖြတ်၍ တောင်မှ မြောက်သို့ စီးဆင်းသည်။ ဒေသတွင်းရှိ ဂျိုင်းမြစ်မှ ထူးခြားစွာ အရှေ့မှ အနောက်သို့ စီးဆင်း၍ သံလွင်မြစ်သို့ စီးဝင်သည်။ ကရင်ပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်ပေ ၅၆ ပေကျော်မှ ပေ ၃၇၁၇ ပေ အထက်တွင် တည်ရှိသည်။

အမြင့်ဆုံးတောင်မှာ နတ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၁၇ ကျော် အမြင့်ပေ ရှိသည်။ အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀လက်မဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀လက်မထိရှိသည်။ ကရင်ပြည်နယ်သည်အများအားဖြင့်ရော်ဘာ၊ဆန်စပါး၊ ဒူးရင်းသီး၊ဖာလာ၊ကွမ်းသီး၊ကော်ဖီ၊လက်ဖက်၊ မြေပဲ၊ ဝဥ၊ ပျားရည် ထွက်ရှိသည်။

ကရင်ပြည်နယ်တွင် ဝူဖရမ်(အဖြိုက်နက်)၊ အန်တီမိုနီ (ခနောက်စိမ်း)၊ ခဲ၊ ဒန်၊ သွပ် ထွက်ရှိသည်။ ကရင်ပြည်နယ်တွင် ဘားအံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၊ နည်းပညာတက္ကသိုလ်(ဘားအံ)၊ ဘားအံပညာရေးကောလိပ်၊ ဘားအံ သူနာပြု လေ့ကျင့်ရေးကျောင်းတို့ ရှိသည်။

ကော့ကရိတ်ခရိုင်ရှိ ကော့ကရိတ်မြို့နယ်တွင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံတစ်ရုံ၊ ခလယ် – တံခွန်တိုင် တိုက်နယ်ဆေးရုံ အပါအဝင် (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံတို့ တည်ရှိသည်။

မြဝတီခရိုင်တွင် ကုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃)ရုံတို့ တည်ရှိသည်။ ဘားအံခရိုင် ဘားအံမြို့နယ်တွင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ (၂၅)ကုတင်ဆံ့ မြိုင်ကလေးဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊ လှိုင်းဘွဲ့မြို့နယ်တွင် ကုတင်(၅၀) ဆံ့ မြို့နယ်ဆးရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၅)ရုံ၊သံတောင်ကြီးမြို့နယ်တွင် (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံ (၂)ရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တို့တည်ရှိသည်။

ဖာပွန်ခရိုင်တွင် ကုတင်(၁၀၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတို့ တည်ရှိသည်။

ဘားအံမြို့ရှိ ဘားအံ အောင်သံလွင် အားကစားကွင်းသည် ဘက်စုံသုံးအားကစားကွင်း တစ်ခုဖြစ်ပြီး ဘားအံမြို့ တွင် တည်ရှိသည်။ ဇွဲကပင် ယူနိုက်တက် ဘောလုံးအသင်း သည်ဘားအံမြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် လူဦးရေ ၁.၅ သန်းကျော် နေထိုင်သည်။

စိတ်ဝင်စားဖွယ်နေရာများ

ဇွဲကပင်တောင် ( ဘားအံ )

ဇွဲကပင်ဆံတော်ရှင်စေတီတော် ( ဘားအံ )

ဆဒ္ဒန်ဂူ ( ဘားအံ )

ဘုရင့်ညီဂူ ( ဘားအံ )

ကော့ဂွန်းဂူ ( ဘားအံ )

ရသေ့ပျံဂူ ( ဘားအံ )

ကြောင့်ကမ်လာဘ်စေတီတော် ( ဘားအံ )

သံတောင် ၁၃ မိုင် ပသိချောင်း ( သံတောင်ကြီး )

နော်ဘူဘောဆုတောင်းတောင် ( သံတောင်ကြီး )

သံတောင်ကြီးရေပူစမ်း ( သံတောင်ကြီး )

ပသိဆည် ( သံတောင်ကြီး )

ပဒုံဂူ ( လှိုင်းဘွဲ့ )

ကျုံထော်ရေတံခွန် ( မြိုင်ကြီးငူ )

ရေဘုတ်ဆည် ( လှိုင်းဘွဲ့ )

ပရေကြေတိုရေတံခွန် ( ရှမ်းရွာသစ် )

မိကျောင်းဗုဒ္ဓဘာသာဘုရားကျောင်း ( မြဝတီ )

ထင်ရှားကျော်ကြားသူများ

သာမညဆရာတော် ( ဘားအံ )

မိကျောင်းကုန်းဆရာတော် ( မြဝတီ )

မြိုင်ကြီးငူဆရာတော် ( လှိုင်းဘွဲ့ )

တောင်ကလေးဆရာတော် ( ဘားအံ)

ဦးနာအောက် ( ဘားအံ )

စည်သူဦးညွှန့် ( ဘားအံ )

ဗိုလ်ချုပ်ကြီးစောဘိုမြ ( ဖာပွန် )

ဝမ်ချိုင်း ( ကော့ကရိတ် )

( ထင်ရှားသော ကရင်လူမျိုးများမှာ -ဘိုးပိုက်ဆံ၊ ဒေါက်တာသီသံဗြာ၊ ဆာစံစီပိုး(ပုသိမ်)၊ စောစံဖိုးသင်၊ မစ္စစ်ဘမောင်ချိန်(ပုသိမ်)၊

မန်းဘခိုင်(ဟင်္သာတ)၊ မန်းဝင်းမောင်(ကျုံပျော်)၊ စမစ်ဒွန်း၊ စောဘဦးကြီး(ပုသိမ်)၊ နော်လွီဇာ ဘင်ဆင်(ရန်ကုန်)၊ မန်းဝင်းခိုင်သန်း(ဟင်္သာတ)၊ မန်းဂျော်နီ(ပုသိမ်)၊ စင်သီယာမောင်(ရန်ကုန်)၊ အောင်ဆန်းသူရိယ စောဘရီ၊ အောင်ဆန်းသူရိယ စောမြင့်၊ စောဘွဲ့မှူး၊ ‌ချစ်စမ်း‌‌မောင်၊ ဗဒင်၊ စိုးမြတ်မင်း၊ )

SitNyeinLu

Likes:
0 0
Views:
403
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *