ကျဆုံးသွားတဲ့ သူရဲကောင်းသားလေးကို အေးအေးချမ်းချမ်းသွားပါဆိုပြီး တဖွဖွမှာရင်းနဲ့ အမြဲဂုဏ်ယူနေကြောင်းပြောပြနေတဲ့ မိခင်တစ်ဦး

ကျဆုံးသွားတဲ့ သူရဲကောင်းသားလေးကို အေးအေးချမ်းချမ်းသွားပါဆိုပြီး တဖွဖွမှာရင်းနဲ့ အမြဲဂုဏ်ယူနေကြောင်းပြောပြနေတဲ့ မိခင်တစ်ဦး

ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေကတော့ အခုအချိန်အထိတိုင်အောင် အရှိန်မလျော့သေးဘဲ ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ်။

တစ်ဖက်မှာဆိုရင်လည်း ကျဆုံးသွားတဲ့ပြည်သူတွေစာရင်းကတဖြည်းဖြည်းနဲ့ များပြားလာခဲ့ပြီဖြစ်ပါတယ်။အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ဦးဖြစ်တဲ့ မောင်အောင်မြင့်မြတ်ကတော့ ပြီးခဲ့တဲ့မတ်လ (၃)ရက်နေ့က စလင်းမြို့မှာ ကျဆုံးသွားခဲ့တဲ့သူရဲကောင်းပဲ ဖြစ်ပါတယ် ။

မောင်အောင်မြင့်မြတ်က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မှာနေထိုင်သူဖြစ်ပြီး (၃.၃.၂၀၂၁) မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ် ။အသက် (၁၉) နှစ်သာရှိသေးတဲ့ မောင်အောင်မြင့်မြတ်က တက္ကသိုလ်ဝင်စာမေးပွဲမှာ ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီး Magway TU မှာ (Civil 2nd Year) တက်နေတဲ့ ကျောင်းသားတစ်ဦးပဲ ဖြစ်ပါတယ် ။

အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ဆုံးရှုံးလိုက်ရတဲ့အတွက် ပြည်သူတွေအနေနဲ့လည်းအရမ်းကို စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ် ။လတ်တလောမှာတော့မောင်အောင်မြင့်မြတ်ရဲ့မိခင်က သူမရဲ့သားလေးကို တဖွဖွမှာကြားရင်း စကားတွေပြောနေတဲ့ ဗီဒီယိုတစ်ခုက ကြည့်ရှုသူများပြားနေတာဖြစ်ပါတယ် ။

ဒီဗီဒီယိုထဲမှာဆိုရင် မောင်အောင်မြင့်မြတ်ရဲ့မိခင်က သူမကိုစိတ်မပူဘဲ အေးအေးချမ်းချမ်းသွားဖို့အတွက်သားဖြစ်သူကို တဖွဖွမှာကြားနေတာ ဖြစ်ပါတယ် ။သူရဲကောင်း မောင်အောင်မြင့်မြတ်ရဲ့မိခင်ကတော့သားလေးအတွက် ဂုဏ်ယူနေကြောင်းနဲ့ ဓာတ်ပုံအရိုက်မခံတတ်တဲ့ သားရဲ့အကျင့်တွေကို သတိတရ ပြောပြနေတာ ဖြစ်ပါတယ် ။

သားကိုဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ရင်ဖွင့်စကားသံတွေကတော့ ပြည်သူတွေရဲ့ရင်ကိုလှုပ်ခတ်စေခဲ့တာ ဖြစ်ပါတယ် ။သားဖြစ်သူ နောက်ဆံမတင်းရလေအောင် သူမကိုစိတ်မပူဖို့ တဖွဖွမှာကြားနေတဲ့မောင်အောင်မြင့်မြတ်အမေရဲ့ဗီဒီယိုကို အောက်မှာပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Likes:
0 0
Views:
771
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *