တောင်ကြီးမြို့သမိုင်း အကျဉ်း

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိပါသည်။ မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ထိုရွာ၏ အမည်မှာ ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့်တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတဝိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။

၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ်အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင်တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင်ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိမှတ်သားရပါသည်။

သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင်တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကိုအခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ပေသည်။

ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့တည်ရာ ဒေသတဝိုက်သို့ (၁၂၅၁)ခုနှစ်ခန့်၌ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်ကတောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ၀ိနယ အစရှိသောပအိုဝ့်ရွာများရှိသည်။

၀ိနယ´´ဟူသော အဓိပ္ပါယ်မှာမြို့ဟောင်း´´ဟူ၍ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခုတောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင်တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း တင်ရမည် ဖြစ်ပါသည်။

တောင်ကြီးမြို့နေရာသည် သက္ကရာဇ် ၁၂၀၀ ခန့်လောက်က တည်ရှိနေ ခဲ့သောပအိုဝ်းရွာလေး တစ်ရွာရှိခဲ့၏။ ထိုရွာ၏ အမည်မှာ ဒုံတောင်တီ ဟုခေါ် လေသည်။ရှမ်းအသံဖြင့် တွမ်တီး ဟုခေါ်သည်။ တောင်ကျည်း၊ တွမး်တီး ဟုမြန်မာအသံတောင်ကြီး ဟူသည်မှာ တည်ပင်နှင့် တူသော အပင်တစ်မျိုးဖြစ်ပါသည်။

အချို့သောအရပ်တွင် ကတည်ပင် ဟုလည်း ခေါ်ပါသည်။ ၄င်းအပင်ပေါက်ရာရွာဟုဆိုလိုပါ၏။ ထိုရွာနှင့် အနီးတစ်ဝိုက်တွင် ပင်လုံရွာ ၊ ရှမ်းရွာ ၊မွန် ခြိန်ရွာ နှင့် ၀ါးပြားရွာ များသာ ရှိပေသည်။၄င်း အပြင် ရေကန် ၄ကန်နှင့် အင်းကြီးတစ်အင်းလည်း ရှိသည်။

အင်္ဂလိပ် အစိုးရသည်တောင်ကြီးမြို့ကို မြန်မာ သက္ကရာဇ် ၁၂၅၃-ခု ၊ ခရစ်နှစ် ၁၈၉၀ ပြည့်နှစ်တွင် မြို့တည်ခဲ့ပေသည်။ တောင်ကြီးရွာကို မြို့တည် ပြီးထိုရွာနှင့်တဆက်တည်းဖြစ်သော ကန်များ၊ အင်းများကိုပြုပြင်ကာတောင်ကြီးမြို့ကိုမြို့တော်ဖြစ်အောင်မွန်းမံခဲ့သည်ဟု ယုဝတီမာလာသိန်းကယုဝတီ ဂျာနယ်တွင် မဟာပါသဏမုံတဝဂူလိုဏ်ဂူ ဆောင်းပါးတွင်ရေးသားထားသည်ကိုမှတ်သားရပေသည်။

မှတ်တမ်းအရဆိုပါက တောင်ကြီးမြို့ကို တည်သည်မှာ နှစ် ၁ဝဝပင်ကျော်ခဲ့လေပြီ။ သက်ကြီးရွယ်အို တစ်ဦး ၏ ပြောပြချက်အရ ၁၂၅၁ ခုနှစ်တွင်တောင်ကြီးမြို့ကို တည်သည်ဟု မှတ်သားရပြန်သည်။

ထို့ကြောင့်တောင်ကြီးမြို့တည်သည့် ခုနှစ်နှင့် ပတ်သက် ၍ဝိ၀ါဒအမျိုးမျိုးဖြစ်နေသည်။အဖြေရှာကြည့်ရာ ၁၂၄၇-ခုနှစ်တွင် နယ်ချဲ့ အင်္ဂလိပ်တို့အထက်မြန်မာနိုင်ငံကို သိမ်းပိုက် သဖြင့် ထိုကာလွန် ၃ နှစ်သည်နယ်ချဲ့တို့ရှမ်းပြည်ဖက်သို့တက်လာကာ မိုင်းသောက် (ညောင်ရွေမြို့နယ်) ကိုရုံးစိုက်ခဲ့သည် ကာလဖြစ်နိုင်ပေသည်။

မိုင်းသောက်ဒေသသည် ငှက်ဖျား မရှိသဖြင့် ရုံးပြောင်းရွေ့စိုက်သည့်နေရာကိုရှာဖွေ ကြပြန်ရာ ယခုတောင်ကြီးမြို့၏ အရှေ့ဘက် (ယခု ဓမ္မရတနာကျောင်း၏အရှေ့ဘက်(၂)မိုင်အကွာ) တွင် ၁၂၅၁-ခုနှစ်ခန့်၌ပြောင်းရွေ့ခဲ့ခြင်းဖြစ်နိုင်ရာသည်။ ထိုဒေသသည် ပြန့်ပြူးညီညာသဖြင့်မြို့တည်ခဲ့ခြင်းဖြစ်နိုင်ပေသည်။

ယခုတောင်ကြီးမြို့အရှေ့ဘက်ရှိ တောင်တန်းများပေါ်တွင် ထိုအချိန်ကပအိုဝ်းရွာများရှိရာ ၊ အင်္ဂလိပ်တို့က ထိုနေရာတွင် မြို့တည်လိုသဖြင့်အခြားသင့်တော်ရာနေရာသို့ ရွာပြောင်းခိုင်းသည်ဟုလည်း မှတ်သားရပေသည်။ထိုဒေသတွင် ယခင်က မီရဲ၊ သထုံ၊ ၀ိန်ယရွာများရှိရာ ၀ိန်ယသည်ပအိုဝ်းဘာသာစကားဖြင့် မြို့ဟောင်းဟု အဓိပ္ပာယ်ရသဖြင့် တောင်ကြီးမြို့ဟောင်းနေရာဖြစ်နိုင်ပေသည်။ ထိုနေရာတွင် ရုံးစိုက်ပြီးမှ ၁၈၉၄-ခုနှစ်တွင်ယခုတောင်ကြီးမြို့နေရာကို ပြောင်းရွေ့ မြို့တည်ခြင်းဖြစ် နိုင်ပေသည်။

ohiganBaloon Festival ( OLYMPUS DIGITAL CAMERA )

စာရေးသူမှတ်သား ရသည်မှာ ယခု မြို့မ စျေးကြီး နေရာသည် ယခင်ကဦးကြီးခမ်းလော် ရွာ နေရာဟောင်းဖြစ်သည်။ ထိုစဉ်က မီးရဲတွင်ပအိုဝ်းတိုင်းရင်းသား ချိုဖာထီးအုပ်ချုပ်ခဲ့ပေသည်။ ထိုအချိန်ကတောအုပ်မှာတောင်ပိုင်းရပ်မှဦးဖိုးမင်းဖြစ်ပြီး ဦးဖိုးရင်မှာ နယ်အုပ်ဖြစ်သည်။ အရေးပိုင်မှာ ဦးလူတင် ဖြစ်သည်။ ဒုံတောင်တီးခေါ် တောင်ကြီးရွာကို ဦးအောင်သာက အုပ်ချုပ်လေသည်။ ထာခယ်ရွာ (ယခု ညောင်ပင်သာ) ကို ဆရာစန္တတည်ပြီး ၊နဂါးပတ်ကျောင်းဝန်းကျင်ကိုမောင်ဖာဝမ်တည်ခဲ့သည်။

Saint Josephs Cathedral is seen in Taunggyi, Myanmar on 21 December 2010.

အင်းသားများ ဖြစ်သည့် ဘုရားဒါယကာညွန့် ဒါယကာကျော်တို့မှာ အင်းလေးမှအင်းသားများ (ထိုအချိန်က စော်ဘွား နှင့် မတည့်သူများ) ကို လမ်းအလုပ်သမားကူလီ များအဖြစ် ခေါ်လာ ၍ကူလီကုန်းရပ် (ယခု ကူညီကုန်းရပ်) ကိုတည်ခဲ့သည်။စျေးပိုင်းရပ်ကို ပအိုဝ်း တိုင်းရင်းသားများဖြစ်သည့် ဇရပ်ဒကာဦးချုံ၊ပဥ္စင်းဘဖြူတို့ကတည်ခဲ့သည်။

ထိုအချိန်က တောင်ကြီးမြို့ပေါ်တွင်ကန်ဦးကျောင်း၊ မင်းကျောင်း၊ ကုန်းသာကျောင်း၊ နဂါးပတ်ကျောင်း၊ ပထမတောင်ကျောင်းကြီးသာရှိခဲ့သည်။ မင်းကျောင်း၏ ပထမဆုံးကျောင်းထိုင်ဆရာတော်မှာ မဲနယ်တောင်တန်းမှ လုံဒါရွာ ဆရာတော်ဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားဖြစ်သည်ဟု မှတ်သားရလေသည်။

​တောင်​ကြီးမြို့

လူငယ်​များနှင့် ဖတ်​စာ

#myanmarbooks

Likes:
0 0
Views:
1705
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *