စျေးဝယ် သပိတ် စတင်ပြုလုပ်

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က နေ့စဥ်ရပ်ကွက်တွေထဲထိ လိုက်လံဖမ်းဆီးတာတွေ ရှိနေလို့ မတ်လ ၁၄ ရက်နေ့မှာတော့ ပထမဆုံးအကြိမ် စျေးဝယ်သပိတ်ကို စတင်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁ ပတ်အကြာကစတင်ကာ ပုသိမ်မြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာ ဖြစ်ပြီး နောက်ပိုင်းက ရဲနဲ့စစ်တပ်က ရပ်ကွက်တွေထဲလိုက် လိုက်လံ လူစုခွဲတာတွေပြုလုပ်ခဲ့လို့ ပျောက်ကြားစနစ်နဲ့ စစ်ကြောင်းတွေခွဲကာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့ဘက်မှာ ပျောက်ကြားစနစ်နဲ့ ဆန္ဒပြသလို ညပိုင်းမှာလည်း ရပ်ကွက်ထဲမှာ ဖရောင်းတိုင်မီးတွေကိုင်ဆောင်ပြီး ညသပိတ်တွေ ပြုလုပ်တာမျိုးရှိသလို ဒီနေ့မှာတော့ စျေးဝယ်သပိတ်ကိုစတင်ပြု လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၆ ရက်မြောက်နေ့ရှိပြီလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၆ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၅ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

credit : Dvb

Likes:
0 0
Views:
792
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *