အလင်္ကာကျော်စွာ စောင်းဦးဘသန်း

အလင်္ကာကျော်စွာ စောင်းဦးဘသန်း

စောင်းဦးဘသန်းကို၁၂၇၀ပြည့်နှစ်တန်ဆောင်မုန်းလပြည့်ကျော်၁၃ရက်တွင်သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် မိုးညိုတန်းရွာ၌အဘ ဦးငယ်(မင်းလှမြို့နယ်ပိုင်ရုံးစာရေး)အမိဒေါ်ဖွားမှီတို့မှမွေးဖွားခဲ့သည်မွေးချင်း၅ယောက်အနက်ဒုတ်ိယမြောက်သားဖြစ်သည်ဖခင်ကဂီတဝါသနာပါသည့်အလျောက်အုတ်ဖိုမြို့မှ ဆိုင်းဆရာဦးဖိုးချစ် ဦးဖိုးကြံတို့ထံတွင်ပတ္တလား မှစ၍ ဆိုင်းဝိုင်းပညာသင်ယူခဲ့ရသည်။

လက်ထောက်ပတ်မတီးဘဝဖြင့် ငယ်ရွယ်စဉ်ကပင်ပေါင်းတည်မြို့မှ ဆရာရှင်း ထံတွင်စောင်းပညာကိုဖခင်အစီအမံဖြင့်သင်ယူခဲ့ရသည်ဦးဘသန်း၏ဂီတဆရာများမှာ ဆရာရှင်း၊စာသင်ဦးဘအုန်း၊စောင်းဦးအောင်လှ၊ဆရာဦးကြည်တို့ဖြစ်သည်အဆိုပညာကိုကြည့်မြင်တိုင်ဆရာဦးဖိုးလှကြီးနှင့်ဆရာမြစ်ကြီးတို့ထံတွင်လည်းကောင်းသင်္ကေတရေးနည်းကို စန္ဒယားဆရာဒီဇူဇာနှင့်ကရင်ဆရာမကြီး မဂွက်စိန်ဋ္ဌေးတို့ထံမှလည်းကောင်းသင်ယူခဲ့လေသည်။

ဦးဘသန်းသည်ဂီတ အငြိမ့်နှင့်ဇာတ်သဘင်များတွင်ကျင်လည်ခဲ့ရာ စစ်ကြိုခေတ် ပန်းချီ နှင့်တူရိယာကျောင်းတွင် တူရိယာသင်တန်းနည်းပြဆရာအဖြစ်ခန့်အပ်ခြင်းခံရသည်လွတ်လပ်ရေး ရပြီးနောက် ကိုယ်ပိုင်တူရိယာကျောင်းကိုယ်ပိုင်စန္ဒယား၊အငြိမ့်များတည်ထောင်ခဲ့ပြီးဆရာအတတ်သင်သိပ္ပံဂီတကထိက၊၄င်းမှယဉ်ကျေးမှုဋ္ဌာနအထက်တန်း အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန တွင် တာဝန်ပေးချက်အရရွှေပြည်ဦးတင် ဆရာဘလေး ဦးချစ်မောင်ဦးဟန်ပ ဒေါ်စောမြအေးကြည် ဒေါ်ဒေလီညွန့်ဦးဝန်(မင်းသု) ဦးသိန်းဟန်(ဇော်ဂျီ) ဒေါ်တင်အုန်းမန္တလေးဦးကျော် သံလျင်ဦးမြဦးတို့နှင့်အတူ မဟာဂီတသင်ရိုးသီချင်းကြီးများကိုပန်တျာမှုဖြင့်ပြုစုခဲ့သည်အခြေခံကြိုးသီချင်း ၁၃ပုဒ်ကိုဂီတသင်္ကေတဖြင့်ပြုစုခဲ့ပြီးယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန စာအုပ်အတွဲ ၃တွဲထုတ်ဝေခဲ့သည်။

အနုပညာ ဖလှယ်ရေးအစီအစဉ်အရ၁၉၅၂ခုနှစ်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့လည်းကောင်း၁၉၅၄တွင် ယိုးဒယား နိုင်ငံသို့လည်းကောင်း ၁၉၅၅တွင် ဒုတိယအကြိမ်တရုတ်နိုင်ငံသို့လည်းကောင်း၁၉၅၆ခုနှစ်တွင် အိန္ဒိယ ၊ဆိုဗီယက်၊ယူဂိုဆလပ်၊ဂျာမနီ ၊ချက်ကိုဆလိုဗက်ကီးယားနှင့်ပိုလန်နိုင်ငံများသို့သွားရောက်ခဲ့ပါသည်၁၉၈၇ခုနှစ် ဇွန်လ၂၉ရက်နေ့အသက်၈၀အရွယ်တွင်ကွယ်လွန်ခဲ့လေသည် ။

ကိုးကားကာတွန်းဝင်းအောင်၏အောင်မြင်ထင်ရှား မြန်မာ အနုပညာရှင်များစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

Photo Credit မှာ National Library of Myanmar မှဦးကျော်ခိုင်ထွန်း (Kyawkhaing Tun ) Accမှဖြစ်ပါသည် ။

CRDKNMP# နော်ဂဲလယ်ထူး(စာပေပရဟိတ)

#Myanmarbooks

Likes:
0 0
Views:
671
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *