“ဗိုလ်အောင်ကျော်ကိုသေစေခဲ့သည့်အဓိကတရားခံ”

၁၉၃၈ခုနှစ် (၁၃၀၀ ပြည့်)အရေးတော်ပုံကြီး၏အာဇာနည်ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟုဂုဏ်ပြုခံရသည့် ကိုအောင်ကျော်သည် ဂျက်ဆင်ကောလိပ်ကျောင်းသားဘဝတွင် ကတုံးဆံထောက်ဆံပင် ပင်နီတိုက်ပုံဝတ်ကာ ခုံဖိနပ်စီးလျှက်ကျောင်းတက်ခဲ့သူဖြစ်သည်။

ဟင်္သတခရိုင် မဲဇကုန်းမြို့ ရုံးဇင်ရွာဇာတိဖြစ်သူကိုအောင်ကျော်သည်ကျောင်းသားသမဂ္ဂအမှု့ဆောင်အဖြစ် ၁၉၃၈ခုနှစ် ဒီဇင်ဘာ၂၀ရက်နေ့တွင်ကျောင်းပေါင်းစုံမှ ကျောင်းသား ၁၀၀၀၀ကျော်ကိုဦးဆောင်ကာကိုလိုနီခေတ်ယခုဗိုလ်အောင်ကျော်လမ်း(Sparks street)ရှိ သူရိယသတင်းစာတိုက်ရှေ့မျက်နှာစာလမ်းမပေါ်တွင်ကျောင်းသားကျောင်းသူများကိုဦးဆောင်ကာဆန္ဒပြရာတွင်ကြီးကြပ်နေခဲ့သည်။

အချိန်အတန်ကြာ တောင်းဆိုဆန္ဒပြခဲ့ကြပြီးနောက် ဆက်လက်ဆန္ဒပြတောင်းဆိုရန် သက်ဆိုင်ရာလူကြီးများ ပြန်သွားကြပြီဖြစ်၍ ကိုအောင်ကျော်လည်းသူဦးဆောင်သော ကျောင်းသူကျောင်းသားများနှင့်အတူ စည်းကမ်းသေဝပ်စွာတပ်ခေါက်၍ ပြန်ရန်စီစဉ်ခဲ့သည်။ ထိုအခိုက်မှာပင် အခြေအနေကိုစောင့်ကြည့်နေသော မြင်းစီးပုလိပ်များကနံပတ်တုတ်များဖြင့်အတင်းဝင်ရောက်ရိုက်နှက်ခဲ့ရာ ကိုအောင်ကျော်အပါအဝင် ကျောင်းသားကျောင်းသူ၂၀၀ကျော်ဒဏ်ရာရရှိခဲ့သည်။

ကိုအောင်ကျော် (၂၃)နှစ်မှာ ရရှိသောဒဏ်ရာပြင်းထန်လွန်းသဖြင့် ဒီဇင်ဘာလ ၂၂ရက် မွန်းလွဲ၂နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ရရှာသည်။ ဗိုလ်အောင်ကျော်သည် သူရိယသတင်းစာတိုက်အနီးတွင် နယ်ချဲ့လက်ပါးစေမြင်းစီးပုလိပ်တို့လက်ချက်ဖြင့် အသက်သေဆုံးခဲ့ရသည်ဟုသာ မှတ်တမ်းတင်ခဲ့ကြ၏။

သို့သော် ဆန္ဒပြမှု့ကိုရပ်ဆိုင်းလျှက် ပြန်လည်ထွက်ခွာရန်ပြင်ဆင်နေသော ကျောင်းသူကျောင်းသားများအား မြင်းစီးပုလိပ်တို့ ရုတ်တရက်ဝင်ရောက်ရိုက်နှက်စေရန် “ဖန်တီးသူ တရားခံ” ကို မသိခဲ့ကြပေ။ဗိုလ်အောင်ကျော်၏ ဇီဝိန်ကိုခြွေဖျက်စေခဲ့သည့် တရားခံမှာ သူရိယသတင်းစာတိုက်ရှေ့တွင်အရိပ်အခြေစောင့်ကြည့်နေသည့် မြင်းစီးပုလိပ်များအပေါ်သို့ပစ်လိုက်သည့် ပုလင်းတစ်လုံးပင် ဖြစ်သည်။

အဆိုပါကိစ္စကို ၁၉၈၀ပြည့်နှစ် အန္ဒိယနိုင်ငံနယူးဒေလီမြို့ မနုဟာစာအုပ်တိုက်မှထုတ်ဝေသောဗိုလ်မှုးချုပ်ဟောင်းမောင်မောင် ၏ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု့(National movement ofBurma 1920 – 1940)စာအုပ်တွင်…” မည်သူက ပေါက်လိုက်မှန်းမသိ။

သူရိယတိုက်ရှေ့ဗာဒံပင်အောက်၌ စောင့်ဆိုင်းနေသော မြင်းစီးပုလိပ်ဂေါ်ရာဆာဂျင်တစ်ဦး၏ ခေါင်းပေါ်သို့ ဘိလပ်ရည်ပုလင်းထိမှန်ကာ မြင်းပေါ်မှ အောက်သို့ ပြုတ်ကျခဲ့လေရာမှ မြင်းစီးပုလိပ်များက ဆန္ဒပြလူအုပ်စုအတွင်းမှ ခဲဖြင့်ပစ်ပေါက်ခြင်းဖြစ်သည်ဟု ယူဆပုံ ရကာ ဆန္ဒပြတောင်းဆို စုဝေးနေသောကျောင်းသားများကို နံပါတ်တုတ်များဖြင့်အတင်းဝင်ရောက်ရိုက်နှက်လေတော့သည်။” ဟုဖော်ပြခဲ့ပါသည်။

ထိုပုလင်းဖြင့်ပစ်ပေါက်ခဲ့သူ လက်သည်တရားခံကိုမူ ဆရာဇဝန က “စာနယ်ဇင်းသမိုင်း စာတမ်းဖတ်ပွဲ”တွင် အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။ “ထိုနေ့ ထိုအချိန်က သူရိယသတင်းစာတိုက်အပေါ်ထပ်တွင် ဂဠုန်ဦးစော တို့နှင့်အတူ အခြေအနေကို စောင့်ကြည့်နေကြစဉ် “ဦးစော၏ မျိုးချစ်ပါတီဝင် အမတ်တစ်ဦးဖြစ်သော ဦးအိန် “ပေါက်လိုက်သည့်ပုလင်း ဖြစ်ပါသည်။”ဟု အတိအကျပြောဆိုခဲ့ပါသည်။

ထိုပုလင်း၏ နောက်ဆက်တွဲအကျိုးဆက်ရလာဒ်မှာဤအရေးအခင်းကြောင့် ဒေါက်တာဘမော်အစိုးရပြုတ်ကျသွားခဲ့ရပြီး ဂဠုန်ဦးစော(မျိုးချစ်ပါတီ)က နန်းရင်းဝန်(ဝန်ကြီးချုပ်) ဖြစ်လာခဲ့လေတော့သည်။ ထိုအမတ် မောင်အိန်နှင့် ပက်သက်၍ စာရေးဆရာမောင်ထင်က ရုပ်ပုံလွှာစာအုပ်တွင် ဤသို့ဖော်ပြခဲ့ပါသည်။ “

အင်္ဂပူမြို့နယ်အပိုင် မယ်ဇလီကုန်းသား ကိုမောင်အိန်(မျိုးချစ်ပါတီအမတ်)သည် ကျွန်တော့်ထက် ငါးနှစ်မျှ ကြီး၏။ သူနှင့်ကျွန်တော် တန်းမြင့်ကျောင်းထွက် စာမေးပွဲကို တစ်နှစ်တည်းအတူတူဖြေဆို၍ အတူတူအောင်မြင်ခဲ့ကြသည်။သူသည်ဘိုင်ကျသောအခါ(ပိုက်ဆံပြတ်သောအခါ) ကျွန်တော့်လက်ပတ်နာရီကို ငှားပြီးပေါင်လေ့ရှိသည်။

ကိုမောင်အိန်ကား နိုင်ငံရေးကို ဝါသနာပါသူဖြစ်သည်။ ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်၍ အစိုးရဖွဲ့သောအခါတွင်ကိုမောင်အိန်သည် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဦးအိန် ဖြစ်လာပါတော့သည်…”ဟူ၍ ဖော်ပြခဲ့ပါသည်။စာကိုး ။

ဆရာမောင်ကြည်သစ်၏ အမှတ်မှား လူသိနည်း မြန်မာ့ဖြစ်ရပ်များ စာအုပ် မှ ထုတ်နှုတ်ဖော်ပြပါသည်။

ကိုဖိုးကျော်#CRDKNMP#နော်ဂဲလယ်ထူး(စာပေပရဟိတ)#GoodLuck

#Myanmar Books

Likes:
0 0
Views:
1373
Article Tags:
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *