ISEAS မှ ထုတ်ပြန်တဲ့ ဖြစ်လာနိုင်တဲ့ အကွက် ၉ ကွက်

ISEAS မှ ထုတ်ပြန်တဲ့ ဖြစ်လာနိုင်တဲ့ အကွက် ၉ ကွက် အရှေ့တောင်အာရှ လေ့လာရေးအင်စတီကျူ့ (ISEAS) ကနေပြီးတော့ (၁၂)ရက်နေ့ရက်ဆွဲနဲ့ ဆောင်းပါးတစ်စောင် ထွက်လာပါတယ်။ ဆောင်းပါးရဲ့အချုပ်ကတော့ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာနိုင်တဲ့ scenario ကိုးခုကို ခန့်မှန်းပြီး ရေးထားတာပါ။

ဒီထဲမှာ စစ်ကောင်စီအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး scenario၊ ပြည်သူလူထုအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး scenarioတွေကို ခွဲခြားပြီး ရေးသားထားပါတယ်။ စာရေးတဲ့သူကတော့ Ardeth Maung Thawnghmung ဆိုသူဖြစ်ပြီး မက်ဆာချူးဆက်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပါမောက္ခဌာနမှုး၊ ငြိမ်းချမ်းရေးနဲ့ပဋိပက္ခလေ့လာရေးဌာန ခေတ္တညွှန်ကြားရေးမှုး တာဝန်ထမ်းဆောင် နေတယ်လို့ ဖော်ပြထားပါတယ်။

သူ့ရဲ့အဆိုအရ စစ်ဗိုလ်ချုပ်တွေဟာ သွေးထွက်သံယိုမရှိတဲ့ အာဏာအကူးအပြောင်းကို မျှော်လင့်ခဲ့ကြပေမယ့် တဖြည်းဖြည်းနဲ့ အကြမ်းဖက်နည်းလမ်းတွေကို အမှီပြုနေကြရတယ်လို့ဆိုပါတယ်။သူ့ရဲ့အမြင်အရ စစ်ဗိုလ်တွေအတွက် အကောင်းဆုံး scenarioကတော့ နှစ်နှစ် (သို့မဟုတ်) အချိန်အကန့်အသတ်မရှိတဲ့ စစ်အုပ်ချုပ်ရေးဖြစ်ပါတယ်။

ပြည်သူလူထုအတွက် အကောင်းဆုံး scenarioကတော့ စစ်ဗိုလ်တွေထွက်ပြေး၊ အာဏာသိမ်းမှုမတိုင်ခင် အခြေအနေကိုပြန်ရောက် (ဒါမှမဟုတ်) စစ်တပ်က အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုအောက်ပြန်ရောက်၊ ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်တာဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။သူ့အနေနဲ့ ပါဝင်သူတွေရဲ့ ကွဲပြားတဲ့ရည်မှန်းချက်တွေ၊ သူတို့တွေရဲ့ လက်ရှိ crisisအပေါ် လွှမ်းမိုးနိုင်စွမ်းတွေအပေါ် မူတည်ပြီး၊ ဖြစ်လာနိုင်မယ့် scenario ကိုးခုကို ဖော်ပြထားပါတယ်။

အခုလောလောဆယ်မှာတော့ ဘာဖြစ်မယ်ဆိုတာ မှန်းလို့မရသေးဘူး။ မြန်မာပြည်ဟာ စစ်ကောင်စီကရော၊ ပြည်သူလူထုကရော နှစ်ဘက်လုံးဟာ လက်ရှိအခြေအနေကို မိမိအကျိုးအတွက် လှည့်ပြောင်းဖို့ ကြိုးစားနေတဲ့အခြေအနေမှာ ပိတ်မိနေတယ်လို့ သူကဆိုတယ်။ ပြည်တွင်း၊ ပြည်ပ အထောက်အပံ့တွေ ရတာ‌အပေါ်မူတည်ပြီး အလှည့်အပြောင်းဟာ နှစ်ဖက်လုံးဘက်မှာ ဖြစ်လာနိုင်တယ်လို့လည်း သူကဆိုတယ်။

Scenario (1)

ပြည်သူဘက်ကအ‌လျှော့ပေးမယ်၊ စစ်တပ်ဘက်ကလုံးဝ အလျှော့မပေးဘူးစစ်တပ်တစ်နှစ်အုပ်ချုပ်ပြီး NLD ပါတီ ဖျက်သိမ်းခံရနိုင်တယ်။ (၁၉၅၈) အိမ်စောင့်အစိုးရလို ဖြစ်လိမ့်မယ်။ စစ်တပ်ရဲ့ မူလအစီအစဉ်ဖြစ်တယ်။

Scenario (2)

ပြည်သူဘက်က တစ်ဝက်တစ်ပျက် ဆန့်ကျင်ကြမယ်။ စစ်တပ်က လုံးဝအလျှော့မပေးဘူး။စစ်တပ်ကတစ်နှစ်ထက်ပို အုပ်ချုပ်မယ်။ နိုင်ငံရေးအရ ဖိနှိပ်မှုတွေရှိမယ်။ စစ်တပ်ရေးဆွဲတဲ့ ဖွဲ့စည်းပုံတစ်ခု ပေါ်လာမယ်။ (နဝတ၊ နအဖ အကွက်)

Scenario (3)

ပြည်သူဘက်က လုံးဝအုံကြွမယ်။ စစ်တပ်က လုံးဝအလျှော့မပေးဘူး။လုံးဝ failed state ဖြစ်သွားမယ်။ လက်ရှိအခြေအနေပါတဲ့(လက်ရှိ ဘဏ်လုပ်ငန်းတွေ ငွေကြေးစီးဆင်းမှုတွေ ရပ်ဆိုင်းတာ၊ ကုန်တွေမဝင်တာ၊ လမ်းတွေပိတ်ဆို့ပြီး serviceတွေလျော့လာတာဟာ failed stateဆီ ဦးတည်နေပါတယ်။ ဤကားစကားချပ်)

Scenario (4)

ပြည်သူဘက်က အလျှော့ပေးတယ်။ စစ်တပ်ကလည်း နည်းနည်းလျှော့မယ်။NLD ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် (၂၀၂၀)လောက်တော့ နေရာမရတော့ဘူး။ (ဦးသိန်းစိန် အစိုးရလက်ထက်လိုမျိုး)

Scenario (5)

ပြည်သူဘက်က တစ်ဝက်တစ်ပျက်ဆန့်ကျင်မယ်။ စစ်တပ်ကလည်း နည်းနည်းလျှော့မယ်။စစ်တပ်ကို အပြစ်မဖို့သရွေ့ နိုင်ငံရေး လွတ်လပ်ခွင့်ရမယ်။ CRPHနဲ့ စစ်တပ်နဲ့ ညှိနှိုင်းကြမယ်။

(နဝတလပ်ထက် ၂၀၀၄-၂၀၁၀ လိုမျိုး)Scenario (6)ပြည်သူဘက်က လုံးဝအုံကြွမယ်။ စစ်တပ်ကနည်းနည်းလျှော့မယ်။Fail state ဖြစ်ပြီး ကိုယ့်နယ်မြေကိုယ်အုပ်ချုပ်ကြမယ်။ EAOတွေကြီးစိုးတဲ့ ကိုယ်ပိုင်ကာကွယ်ရေးစနစ်တွေ ပေါ်လာမယ်

Scenario (7)

ပြည်သူဘက်က အလျှော့ပေးမယ်။ စစ်တပ်ကလည်း လုံးဝလျှော့မယ်။အာဏာမသိမ်းခင် မူလအခြေအနေကို ပြန်ရောက်မယ်။ (စစ်တပ်က (၂၀၂၀) ရွေးကောက်ပွဲ ရလဒ်ကိုလက်ခံ ပြုံးကြပျော်ကြ မအေးအေးဝင်းစီစဉ်သည်ပေါ့)

Scenario (8)

ပြည်သူဘက်က တစ်ဝက်တစ်ပျက်အုံကြွမယ်။ စစ်တပ်ကလုံးဝ အလျှော့ပေးမယ်။ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင် အခြေအနေပြန်ရောက်မယ်။ ထိပ်ပိုင်းစစ်ဗိုလ်တွေ ထွက်ပြေးရမယ်။

Scenario (9)

ပြည်သူဘက်က လုံးဝအုံကြွမယ်။ စစ်တပ်ဘက်က လုံးဝအလျှော့ပေးမယ်။ထိပ်ပိုင်းစစ်ဗိုလ်တွေထွက်ပြေး၊ (၂၀၀၈) ခြေဥပျက်။ ဖက်ဒရယ်စစ်တပ်ကြီး ပေါ်ပေါက်လာနိုင်။ အစိတ်သား လွှတ်တော်ကဂျောင်း။ (GSC, GSCN တို့ရဲ့ရပ်တည်ချက်) ထပ်မံသုံးသပ်ချက်များစစ်တပ်ဟာ တရုတ်၊ ရုရှားနဲ့ အာဆီယံဆီက အထောက်အပံ့တွေ ရနေသရွေ့ ၊ ဝန်ထမ်းတွေကို ထိန်းချုပ်ထားနိုင်သရွေ့။

တိုင်းရင်းသားအချို့ဆီက ထောက်ခံမှုရသရွေ့concession ပေးမဲ့ပုံမပေါ်ပါ။ စစ်တပ်ဘက်ကလူတွေ ဆန္ဒပြသူဘက်ကို ကူးလာရင်၊ စစ်တပ်ရဲ့ resourcesတွေ ထိခိုက်လာရင်၊ ဒါမှမဟုတ် တပ်တွင်းပုန်ကန်မှုတွေရှိလာရင် concession ရှိလာနိုင်ပါတယ်တဲ့။

ဥပမာ ဦးကျော်မိုးထွန်းရဲ့ ပုန်ကန်မှု၊ ရဲတွေ အိန္ဒိယတွေ ထွက်ပြေးတာ စသဖြင့်ပေါ့ဆန္ဒပြသူတွေအနေနဲ့ full mobilizeလုပ်ပြီး ဆန္ဒပြမှု အရှိန်အဟုန်ကို မလျော့အောင် ထိန်းသိမ်းဖို့ လိုပါတယ်တဲ့။ ဆန္ဒပြမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံရတာနဲ့ ကြုံရင်တော့ အင်အားလျော့သွားနိုင်ပါတယ်တဲ့။ အသေးစိတ်ကိုတော့ အောက်ကလင့်မှာ ဝင်ဖတ်လို့ရပါတယ်။

https://www.iseas.edu.sg/…/2021-30-back-to-the-future…/

Credit – Kyar Yoe

Likes:
0 0
Views:
861
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *