တောင်ငူမြို့သမိုင်းဝင်”ယိုးဒယားပေါက်”ကေတုမတီတောင်ငူမြို့အရှေ့ဘက်ကျုံးတွင်ယိုးဒယားဘုရင်ဗြနရာဇ်လာရောက်တိုက်ခိုက်စဥ်ကဖောက်သွားသောမြောင်းပေါက်

တောင်ငူမြို့သမိုင်းဝင်”ယိုးဒယားပေါက်”ကေတုမတီတောင်ငူမြို့အရှေ့ဘက်ကျုံးတွင်ယိုးဒယားဘုရင်ဗြနရာဇ်လာရောက်တိုက်ခိုက်စဥ်ကဖောက်သွားသောမြောင်းပေါက်တခုရှိသည်။ဥိးကုလား၏မဟာရာဇဝင်ကြီး။တွင်းသင်းရာဇဝင်သစ်နှင့်မှန်နန်းရာဇဝင်များတွင်ထိုနေရာကို”ယိုးဒယားပေါက်.”ဟုခေါ်တွင်ကြောင်းရေးသားဖော်ပြကြသည်။သမိုင်းဖြစ်စဥ်မှာ တောင်ငူဘုရင်မင်းရဲသီဟသူသည်နောင်တော်နန္ဒဘုရင်ကိုတိုက်ခိုက်ရန်အတွက်ရခိုင်ဘုရင်မင်းရာဇာကြီးထံစစ်ကူတောင်းသည်။

နန္ဒဘုရင်သည်လက်အောက်ခံဘုရင်များကိုမယုံကြည်သဖြင့်ညီ​ေတာ်​ေတာင်ငူမင်း ဇင်းမယ်ဘုရင်နော်ရထာစော ညောင်ရမ်းမင်းတို့ထံမှသားတော်တဦးစီနှင့်ဆင်ကောင်းတစီးစီသူ့ထံပေးပို့ထားရန်တောင်းဆို​သည်။မပုန်ကန်နိုင်စေရန်ဓားစာခံတောင်းခြင်းဖြစ်သည်။ထို့ကြောင့်တောင်ငူမင်းလည်းရခိုင်ဘုရင်ထံစစ်ကူတောင်းပြီးဟံသာဝတီကိုလုပ်ကြံရာ နန္ဒဘုရင်နန်းကျလေသည်။

ထိုသတင်းကိုယိုးဒယားဘုရင်ဗြနရာဇ်(Phya Naresuon)ကြားသောအခါဟံသာဝတီသို့စစ်ချီလာသည်။တောင်ငူဘုရင်လည်းနန္ဒဘုရင်ကိုခေါ်ဆောင်ပြီးတောင်ငူသို့ပြန်ဆုတ်ကာစစ်ပွဲအတွက်မြို့ပြကျုံးမြောင်းပြင်ဆင်သည်။AD 1600 Febလတွင်ဗြနရာဇ်တောင်ငူသို့ချီတက်လာပြီး.ကျွဲမကူးချောင်းတွင့်တပ်ချသည်။

ယိုးဒယားပန်းချီဆရာ၏လက်ရာ

တောင်ငူသို့သံစေလွှတ်ပြီး”တောင်ငူကိုစစ်ပြုရန်လာခြင်းမဟုတ်။နန္ဒဘုရင်ကိုဘုရားကဲ့သို့ကိုးကွယ်လို၍တောင်းရန်လာသည်.”ဟုဆို၏။တောင်ငူမင်းကလည်း သင်သာမဝုတ်ငါလည်းကိုးကွယ်မည်ဟုပင့်ဆောင်လာသည်မပေးနိုင်ဟုပြောလိုက်သည်။ဗြနရာဇ်လည်းနန္ဒဘုရင်ကိုမရလျှင်ငါမပြန်ဟုဆိုကာမြို့ကိုဝိုင်ရံတိုက်ခိုက်လေသည်။မင်းရဲသီဟသူနှင့်နတ်ရှင်နောင်တို့ညီအကိုလေးပါးကလည်းရွတ်ရွတ်ချွန်ချွန်ပြန်လည်တိုက်ခိုက်သည်။တောင်ငူကျုံးများသည်ကျယ်ဝန်းပြီးရေလည်းနက်၏။

မြို့ရိုးပေါ်ကအမြောက်စိန်ပြောင်းသေနတ်ပစ်ခတ်မှုလည်းများသဖြင့်မြို့ကိုမတက်နီုင်ဖြစ်နေသည်။ရိက္ခာလုံလောက်မှုမရှိ။ပို့လာသောရိက္ခာလှေများကိုရခိုင်ဘုရင်တပ်များကဖြတ်တောက်တိုက်ခိုက်သည်။ကျုံးထဲတွင်လည်းမိချောင်းများကတိုက်ခိုက်၍မကူးနိုင်။ထို့ကြောင့်ကျုံးရေကိုတူးမြောင်းတူးပြီးပေါင်းလောင်း(စစ်တောင်း)မြစ်ထဲသို့ဖောက်ထုတ်သည်။

ထို့ကြောင့်ဤမြောင်းပေါက်ကို”ယိုးဒယားပေါက်”ဟုခေါ်ကြသည်။နှစ်လခန့်ကြာသော်ရိက္ခာလည်းပြတ်မိုးဥိးကျတော့မည်ဖြစ်၍ယိုးဒယားမင်းဗြနရာဇ်​ြပန်လည်ဆုတ်ခွာသွားသည်။ ဤနေရာတွင်အနည်းငယ်ရှင်းပြပါရစေ။ဟံသာဝတီကျုံးထဲတွင်မိချောင်းများမွေးမြူထားသည့်အကြောင်းနိုင်ငံခြားခရီးသည်မှတ်တမ်းတွင်ဖတ်ဖူးပါသည်။

ယိုးဒယားပေါက်2006

တောင်ငူမှာမွေးထားခြင်းရှိမရှိမသိပါ။2014 Septemberလက.ထိုင်းဧည့်သည်တဖွဲ့တောင်ငူလာလည်ပါသည်။ဧည့်လမ်းညွှန်ရှမ်းအမျိုးသမီးမှာကျနော်၏fb. friဖြစ်ပါသည်။သူအကူအညီတောင်းသည်နှင်လိုက်ပြရသည်။နရေဆွန်ဇာတ်ကားရိုက်ကူးသူထိုင်တော်ဝင်မင်းသားကြီးနှင့်ချူလာလောင်ကွန်တက္ကသိုလ်သမိုင်းပါမောက္ခဖSunaitတို့ဖြစ်နေ၍အတော်တာဝန်ကြီးသည်။

ဒါရိုက်တာမင်းသားကြီးမှာချူလာလောင်ကွန်ဘုရင်ကြီး၏မြစ်တော်သည်။ဘုရင်ဘူမိဘော၏cousinတော်ပါသည်။Royal Kaytumadi hotelမှာBreakfast စားရင်းပဏာမဆွေးနွေးကြသည်။Prof ဆူနိတ်ကသူတို့သွားချင်သည့်နေရာစာရင်းကိုပေးသည်။သူကမြန်မာစာလည်းရေးတတ်ဖတ်တတ်ပါသည်။အဓိကကြည့်ချင်တာက ယိုးဒယားပေါက်ဖြစ်ပါသည်။

ကျုံးအပြင်ဘက်ကတပါတ်ပတ်ပြသည်။ယိုးဒယားပေါက်ကိုရန်ကုန်မန္တလေးလမ်းဟောင်းတံတားပေါ်က ပြသရင်းသမိုင်းကိုပြောပြပါသည်။သူ့တပည့်တွေထဲမှာဓာတ်ပုံဆရာအပြင်ပန်းချီဆရာလည်းပါသည်တခါထဲမှတ်တမ်းတင်ကြသည်။ပြီးတော့မှမေးခွန်းမေးပါတော့သည်။ဘာဖြစ်လို့ကျုံးကို​ေဖာက်တယ်လို့ထင်ပါသလဲတဲ့?ကျုံးနက်လို့ကျယ်လို့ဆိုတော့နောက်တချက်ရှိသေးသတဲ့။အဲဒါမှဒုက္ခပဲ။ဘာလဲလို့ပြန်မေးတော့ မိချောင်းတွေကျုံးထဲမှာမွေးထားလို့ကူးလို့မရတာလို့ပြောပါသည်။

ယိုးဒယားပေါက်ရေတံခါး
ကျုံးအတွင်းမှရေများစီးဆင်းနေပုံ

ကိုယ်လည်းအသေအချာမသိတော့ငြိမ်နေလိုက်ရပါသည်။နောက်မေးခွန်းတခုကလည်းဒုက္ခပေးပါတယ်။ဒီမြောင်းပေါက်ရဲ့မြစ်ထဲဝင်တဲ့နောကြည့်ချင်ပါသတဲ့။မိုးတွင်းရေကြီးချိန်မို့သွားရတာဒုက္ခရောက်ပါသည်။။မင်းသားကြီးက72နှစ်ရှိပါပြီလမ်းတွေကမကောင်းလို့သူ့ကိုဆိုင်ကယ်ကယ်ရီပေါ်တင်ပြီးလိုက်ပြရပါသည်။

အိမ်ရောက်မှသမိုင်းစာအုပ်တွေပြန်ကြည့်တယ်မတွေ့ဘူးနောက်ဆုံးဧချင်းဟောင်းဆဲ့နှစ်စောင်တွဲ.မင်းရဲနရာဧချင်းအပိုဒ်24မှာသူတို့ပြောတာကိုတွေ့ပါသည်။အဲဒီနှစ်ကပို့စ်တင်တော့Zaw Myo Ooကပြောပါတယ်1795ဘိုးတော်ဘုရားအမိန့်တစောင်မှာကျုံးထဲကိုမိချောင်းထည့်သည့်အကြောင်းတွေ့ရပါသတဲ့။ခပေါင်းချောင်းရေလျှံရင်​ေတာင်ငူမြို့ထဲကိုရေတခါမှမဝင်ပါဘူး။

ယိုးဒယားပေါက်ရေတံခါး ကျုံးအတွင်းမှရေများစီးဆင်းနေပုံ

အနောက်ဘက်ကျုံးကမြောက်ဘက်ကျုံးအရှေ့ဘက်ကျုံးကိုပတ်စီးပြီးယိုးဒယားပေါက်ကနေမြစ်ထဲကိုစီးပါသည်။။အရပ်အခေါ်ကမြစ်ကြီးပေါက်လို့ခေါ်ပါသည်။2017တုန်းက အမျိုးသားလွှတ်တော်မှာမေးခွန်းမေးပါသည်။တောင်ငူဒေသ၏ရှေးဟောင်းအမွေအနှစ်များကိုထိန်းငိမ်းပေးရန်အစီအစဥ်ရှိမရှိမေးသောအခါသာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးကဘတ်ဂျက်မရှိသေး၍အစီအစဥ်မရှိသေးပါတဲ့။ဒါပေမယ့်ပဲခူးတိုင်းဒေသကြီးအစိုးရအကူအညီနှင့်တတ်နိုင်သမျှထိန်းသိမ်းပေးပါမည်။

ယိုးဒယားပေါက်စစ်ပွဲပန်းချီကားနှင့်သမိုင်းအကျဥ်းကိုရေး ဆွဲထားသည်

ထိုအပတ်လွှတ်တော်နားချိန်တွင် တိုင်းရှေးသုဌာနမှညွှန်ကြားရေးမှူးကျနော့ကိုလာတွေ့ပါသည်မြို့ရိုးများကျုံးများတတ်နိုင်သမျှထိန်းသိမ်းပေးရန်။ယိုးဒယားပေါက်ကိုထိန်းသိမ်းချင်ကြောင်းပြောပြလိုက်သည်။x2017-18ပြည်ထောင်စုဘတ်ဂျက်တွင် ယိုးဒယားပေါက်နှင့်အနောက်ဘက်မြို့ရိုးတူးဖော်ရန်22သန်းရလာပါသည်။

QR. Codeလုပ်ပေးထားသေည်လည်းယခုအဖျက်ဆီးခံရသဖြင့်မရှိတော့ပါ

သမိုင်းအစဥ်အလာကြီးသောတောင်ငူမြို့အတွက်အစိုးရထံမှပထမဆုံးရသောငွေဖြစ်၍ဝမ်းသာရပါသည်။ဘယ်တုန်းကမှမရဘူးပါ။2019-20တိုင်းအစိုးရဘတ်ဂျက်တွင်အရှေ့ဘက်ကျုံးဆယ်ခြင်းနှင့်ကျုံးပတ်လမ်းခင်းရန်ရရှိပြီးယိုးဒယားပေါက်တံတားနှင့်စစ်ပွဲပန်းချီကားကိုရေးဆွဲနိုင်ခဲ့ပါသည်။

crd : Mya Thaung

Myanmarbooks

Likes:
0 0
Views:
6987
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *