ကယား…ယဥ်ကျေးမှု

ကယားလထာအမျိုးသား၊ အမျိုးသမီးနှင့် ၎င်းတို့၏ ဝတ်စားဆင်ယင်ပုံနောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ ပြင်ဆင်ကယားလူမျိုးတို့သည် လူနှင့်ငှက်အမျိုးအနွယ်ဖြစ်သော ကိန္နရီ ကိန္နရာ တို့မှဆင်းသက်ပေါက်ပွားလာ သောလူမျိုးများဖြစ်သည်ဟု ယုံကြည်ကြသည့်အတိုင်း ကိန္နရီ၊ ကိန္နရာတို့ပျော်မြူးရာဒေသဖြစ်သည့် ငွေတောင်ပြည်သို့ ရောက်ရှိရန်ဆုတောင်းခဲ့ကြသည်။

ကယားလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သော ကယားပြည်နယ်၌အများဆုံးနေထိုင် ကြသူများဖြစ်ပေသည်။ ကယားလူမျိုးတို့ကို ပြည်နယ်၏ အရှေ့ပိုင်း လွိုင်ကော်မြို့ အရှေ့တာင်ဘက်ဒေသ ကန္တဝတီနယ်သံလွင်မြစ်ကမ်းနှစ်ဖက်တို့၌ အများဆုံး တွေ့ရသည်။ ၁၉၃၁ခုနှစ်သန်းခေါင်စာရင်း ကောက်ယူချက်အရ ကယားလူမျိုး (၃၁၅၀၀) ကျော်မျှရှိသည်ဟုသိရသည်။

ပြောဆိုသော စကားများ၏ နီးစပ်မှုကိုထောက်၍ ကယားလူမျိုးတို့မှာ တိဗက်မြန်မာစုဝင် ကရင်စုခွဲ၌ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်ဟု ဘာသန္တရပါရဂူတို့ကဆုံးဖြတ်ခဲ့ကြသည်။ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ…..လူမျိုးစုအားဖြင့် ထိုင်းတရုတ်အနွယ်ဝင်ဖြစ်ပြီး ကရင်လူမျိုးစုတွင်ပါဝင်သည်။ အင်္ဂလိပ်လက်ထက်မှစပြီး ကရင်နီဟုခေါ်ခဲ့သည်။ မင်းတုန်းမင်းသည် အနောက်ကရင်နီနယ်ကို သိမ်းပိုက်ရန်ကြိုးစားသဖြင့် ဗြိတိသျှတို့က ကန့်ကွက်သည်။

သို့ဖြင့် မင်းတုန်းမင်းနှင့် အောက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီး ဖယ်ရာတို့၏ သဘောတူစာချုပ်အရ ကရင်နီနယ်ကို သီးခြားလွတ်လပ်သောနယ်မြေအဖြစ် အသိအမှတ်ပြုသည်။ ကရင်နီနယ်သည် အင်္ဂလိပ်ကိုလိုနီခေတ်တွင် လွတ်လပ်သော ကြားနယ်မြေ ဖြစ်ခဲ့သည်။

သို့ရာတွင် ဗြိတိသျှတို့သည် ကရင်နီနယ်တွင် ဝင်ရောက်စွက်ဖက်မြဲ စွက်ဖက်ခဲ့သည်။ ဗြိတိသျှတို့သည် ကရင်မျိုးနွယ်စုများအား ဝတ်သည့် အင်္ကျီကိုကြည့်ပြီး ကရင်ဖြူ၊ ကရင်နီ၊ ကရင်နက်၊ ကရင်ကြားဟု သတ်မှတ်ခေါ်ဆိုသောကြောင့် ဖြစ်သည်။ [၁] Archived 13 January 2012 at the Wayback Machine.တောင်တန်း ပြည်မပေါင်းစည်းရေးကိစ္စ၌ ပထဝီနိုင်ငံရေးအရ ပေါင်းစည်းရေးကို ကရင်နီပြည်နယ်ခေါင်းဆောင်များက လက်ခံခဲ့သည်။

နောက်ပိုင်းတွင် ကရင်နီပြည်နယ်ကို သက်သက်အဖြစ် ကယားပြည်နယ်ဟူ၍ မဲခွဲ သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈၀ (၁) (က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ် ဟု ပြင်ဆင် ပြဋ္ဌာန်းပေးရန် ၁၉၅၀ ဖေဖော်ဝါရီတွင် ကျင်းပသည့် လွှတ်တော်၌ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးစိန်က အဆိုပြုချက်တင်သွင်းခဲ့သည်။ အထူးစုံးစမ်းရေးကော်မတီက စုံစမ်းပြီး ၁၉၅၁ အောက်တိုဘာတွင် ကရင်နီမှ ကယားဟူ၍ ပြောင်းလဲခဲ့သည်။

ကရင်နီတို့က ဒါဟာ မြန်မာအစိုးရက တစ်ချိန်က ကရင်နီပြည်နယ်ရဲ့ လွတ်လပ်မှုကို ပြည်ဖုံးကားချချင်လို့ ကယားဆိုပြီး အမည်ပြောင်းဖြစ်တယ်ဟူ၍ သူတို့၏ သမိုင်းတွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သူတို့သည် ကယားဆိုသည်ကို မကြိုက်။

ကရင်နီဟု ခေါ်သည်ကိုသာ ကြိုက်နှစ်သက်သည်။ [၂] Archived 13 January 2012 at the Wayback Machine.ကယားလူမျိုးစု ပြင်ဆင်မြန်မာနိုင်ငံရှိ တိုင်းရင်းသား ကယားလူမျိုးစု (၉)စု ရှိသည်။[၁]ကယန်း (သို့) ပဒေါင်ကယား (သို့) ကရင်နီဂေခို(ကဲ့ခို)ဂေဘားလူမျိုးဇယိန်လူမျိုးပရဲလူမျိုး (ကယော)မနူမနောလူမျိုးယင်းတလဲလူမျိုးယင်းဘော်လူမျိုး တို့ ဖြစ်သည်။

ကယားပြည်နယ်ယဉ်ကျေးမှုပြတိုက်အတွင်းမှ တိုင်းရင်းသားလူမျိုးစု ဝတ်စားဆင်ယင်မှုများကယားနှင့် ကရင်နီ အခေါ်အဝေါ် ဝတ်စားဆင်ယင်ပုံ ပြင်ဆင်[၂] ကယားလူမျိုးများသည် အရပ်အမောင်း (5)ပေကျော်ခန့်ရှိပြီး မျက်လုံးမျက်ခုံ ကောင်း၍ ရိုးမြင့်သည့်နှာတံ အနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်အသားညိုသည် ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံပေါ်သည် ယောက်ျားများက ဆံထုံးထုံးကြ၍ အဖြူရောင် ခေါင်းပေါင်းကို ပေါင်းသည်။

အနီရောင်ဘောင်းဘီ နှင့်အင်္ကျီ ရင်ကွဲကိုဝတ်ကြသည်။ အမျိုးသမီးများက လည်း ဆံထုံးထုံး၍ အနီရောင်ပုဝါကိုပေါင်းသည်။ အနီ သို့မဟုတ် အနက်ရောင် လက်ပြတ်အင်္ကျီ များကိုဝတ်ဆင်၍အနီရောင် သို့မဟုတ် အနက်ရောင် ခြုံထည်လွှမ်းခြုံထားလေ့ရှိသည်။ (5)ပေခန့်ရှည်သည့် အဖြူရောင်ခေါင်းခါးစည်း ကိုလည်း စဉ်းစားကြလေ့ရှိသည် နက်ရောင် သင်းတိုင်းကိုဝတ်၍ ခြေသလုံးတွင်သစ်ဆေးသုတ်သောကြိုးခွေများ ပတ်လေ့ရှိသည်။ ငွေနားဆွဲ။ နားတောင်းများကို ဆွဲကြသည်။

ငွေလက်ကောက်အလုံးများကိုဝတ်ဆင်ကြသည်။ ငွေဆံထိုး များကိုထိုးပြီး ခြေကျင်းဝတ် တွင် ပုတီစေ့များကိုစီတန်း၍ ဆွဲလေ့ရှိသည် ငွေလက်ကောက်များ အလုံးများကိုလည်းဝတ်ဆင်ကြသည် ငွေဆံထိုးများကိုထိုးပြီး ခြေကျင်းဝတ်တွင်ပုတီးစေ့များကိုစီတန်း၍ သီကုံးပတ်ထားလေ့ရှိသည်။….ဤအပေါ်စာစုများသည်ကယားပြည်နယ်..ဝီကီဗီးဒီးယားမှကူးယူဖော်ပြပါသည်။….ယခုကျနုပ်ဖော်ပြရေးသားမည့်အချက်များမှာပါမောက္ခဦးဖေမောင်တင်ရေးသားပြုစုခဲ့သည့်ဘာသာစကားယဥ်ကျေးမှု…စာတမ်းမှဖြစ်ပါသည်။….

ကယား…(ဝါ..)ကရင်နီ…(ဇယိန်…)ယဥ်ကျေးမှုအားဖော်ပြပါက….၄င်းတို့၏….လူမျိုးစု…(Tribe). ..ကရင်အစုကိုချန်ထား၍မဖြစ်ပေ။…ကယားလူမျိုးတို့သည်၄င်းကရင်အစုမှ…(race)..လူမျိုးနွယ်တခုပင်ဖြစ်လေ၏။….ကရင်အစု၁။ ။ တောင်ပိုင်းကရင်အစုခွဲ စကော၊ပကူး၊ ပိုး..(တင်္နသာရီ နှင့်မြစ်ဝကျွန်းပေါ်..)၂။ ။အလယ်ပိုင်းကရင်…(ဗွဲ..)အစုခွဲ ဗွဲ ဂေးဗ.(ကရင်ဖြူ.). ပေလေချိ…မော်နီပွားဗရက်ကယား.(ကရင်နီ.). .ဇယိန်၃။ ။မြောက်ပိုင်းကရင်အစုခွဲ ဂေးကို ပဒေါင်း ယင်ဗော် ပအိုး…တောင်သူ…ယနေ့အခေါ်…ပအိုးဝ်…စကောနှင့်ပိုးတို့သည်အများအားဖြင့်လွင်ပြင်များ၌နေထိုင်ကြ၏။

တောင်တန်းကရင်များအနက်..တောင်သူ…တို့သည်ဦးရေအများဆုံးဖြစ်၏။ပဒေါင်း…တို့သည်မိုးဗြဲနှင့်ကယားပြည်နယ်တွင်နေထိုင်ကြ၏။ကရင်ဖြူ…တို့သည်…တောင်ငူ၊ကယားပြည်နယ်နှင့်ရမည်းသင်းတို့တွင်နေထိုင်ကြ၏။..စကောသည်ပုဂံကျောက်စာတွင်တွေ့ရသော..စကြဝ်…ဖြစ်လျှင်ပုဂံခေတ်တွင်..စကောကရင်တို့သည်..လွင်ပြင်နေထိုင်သူများဖြစ်၍..မင်းဘူးစီရင်စုတွင်ကျုံးမြောင်းတူးကာလယ်ယာစိုက်ပျိုးလျက်ရှိနှင့်နေကြလေပြီ။သူတို့သည်ပြည်မြို့အထိမြစ်တလျှောက်ဆင်းသက်လာကြဟန်တူ၏။

ပုဂံကျောက်စာများတွင်…တောင်သူတို့ကိုလည်းတွေ့ရ၏။တောင်သူကား..လယ်ပြင်အစပ်တောင်တန်းတွင်တောင်ယာလုပ်သူဟူ၏။ ပုဂံကျောက်စာတွင်…ကရင်ထန်မီပြောက်…ဟူသောအရေးသားကိုတွေ့ရ၏။…

မြန်မာတိုင်းရင်းကျောက်စာစာအုပ်..၃…၊

စာပုံ..၃၀၉စာကြောင်း.. ၃၄……ကရင်ဘာသာစကားသည်..မန်အစုဝင်ဖြစ်သည်ဟူ၍၄င်းတရုတ်အနွယ်ဝင်ဖြစ်သည်ဟူ၍၄င်း..ပညာရှိတို့ယူဆခဲ့ကြသော်လည်းစင်စစ်အားဖြင့်..တိဗက်မြန်မာ…အစုဝင်သာဖြစ်ပေလိမ့်မည်။

Likes:
0 0
Views:
1031
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *