Sniper သမားရဲ့ ပစ်မှတ်ကနေ လွတ်မြောက်ဖို့ ဘယ်လိုနည်းလမ်းနဲ့ ပြေးကြမလဲ

Sniperတွေက ပစ်မယ့်သားကောင်ရဲ့ ရှေ့တစ်လှမ်းကို အမြဲကြိုချိန်ရပါတယ်။အဲ့အချိန်မှာ ပြေးသူအနေနဲ့ Telegraph Movementရဲ့ အသုံးဝင်ပုံကို သိထားရင် ပို ကောင်းပါတယ်။ တစ်ပုံချင်း ဖတ်ပါ။

( ဓာတ်ပုံ ၁ / သေဆုံးနိုင် )

Sniperက ကိုယ့်နောက်ကနေ ပစ်တဲ့ ပုံစံပေါ့။ အဲ့အခြေအနေမှာ တည့်တည့်ပြေးရင် Sniperက ကိုယ်ရှေ့ဆက်ပြေးမယ့်နေရာကို ကြိုချိန်ထားပါတယ်။ ရောက်တာ နဲ့ ပစ်ပါ တယ်။ ဒါကြောင့် Headshotဆိုရင် တန်းနေအောင် ထိတာပါ။

( ဓာတ်ပုံ ၂ / ပစ်မှတ်ကနေ လွတ်မြောက်နိုင် )

တည့်တည့်ပြေးဘဲ ဒီလိုဘယ်ညာရိမ်းပြီး Telegraph Movementအတိုင်း ပြေးမယ်ဆိုရင် Sniperဘက်က ချိန်ရ အင်မတန်ခက်ပါတယ်။ အဲ့လိုပေးရင်လည်း ဘယ် ညာ ရိမ်းတဲ့ Angleကို ပုံသေအတိုင်း မပြေးဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘေးကနေ ပစ်မယ့် Sniperလည်း အရန်သင့်ရှိနေနိုင်ပါတယ်။ Angleကို ၄၅ဒီဂရီပြေးလိုက် ၇၅ဒီဂရီပြေးလိုက် ၃၅ဒီဂရီပြေးလိုက်လုပ်ဖို့ လိုပါမယ်။ ဒါဆို ဘေးက ပစ်မယ့် Sniperရှိနေခဲ့ရင်တောင် ထိအောင်ပစ်ဖို့ အင်မတန်ခက်ခဲပါတယ်။

( ဓာတ်ပုံ ၃ / သေဆုံးနိုင် )

ဒါကတော့ တည့်တည့်ပြေးရင် ဘေးကနေ ချိန်ပြီး ပစ်မယ့် Sniperရဲ့ ပုံစံပါ။ Telegraph Movementမသုံးရင် အပစ်ခံရဖို့ များပါတယ်။

( ဓာတ်ပုံ ၄ / ပစ်မှတ်ကနေ လွတ်မြောက်နိုင် )

စောစောကပြောခဲ့တဲ့အတိုင်းပဲ တည့်တည့်ပြေးတာကိုမှ Telegraphingအပြင် ဒီဂရီအတိအကျမရှိပြေးတာမျိုးဆိုရင် ဘေးကချိန်တဲ့ Sniperလည်း ချိန်ရအင်မတန် ခက်ပါတယ်။ သူပစ်တဲ့အချိန်မှာ ကိုယ်က ရန်သူ့ပစ်မှတ်ကနေ လွတ်ပြီး ပစ်မှတ်ရဲ့ ရှေ့တောင် ရောက်နေနိုင်တယ်။

( ဓာတ်ပုံ ၅ / သေဆုံးနိုင် )သတိထားရမယ့် အချက်ကတော့ ဒါပဲ။ Telegraphဆိုပြီး ဘယ်တစ်လှည့် ညာတစ်လှည့်နဲ့ ဒီဂရီကို Zigzag ပုံစံတကျ ပြေးတာမျိုးက Sniperကို ခန့်မှန်းရလွယ်စေ ပါ တယ်။ ပုံစံတကျ မပြေးဖို့ လိုပါတယ်။ FYI

Telegraphလုပ်တာမှ သေတယ်ဆိုရင်တော့ သေကံကိုပါလို့ကို သေတာ။ Lucky Shotsလို့ပြောလို့ရတယ်။ ဘယ် Sniper မှ Telegraph Movementကို မခန့်မှန်း နိုင် ဘူး။

Credit to original uploader

Likes:
0 0
Views:
700
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *