“ယုတ္တိရှိရှိ လိမ်ညာ ခဲ့သော “ဘုရားရှင် ၏ဓာတ်ပုံအစစ်”ဆိုသည့် ကိစ္စ”

“ယုတ္တိရှိရှိ လိမ်ညာ ခဲ့သော “ဘုရားရှင် ၏ဓာတ်ပုံအစစ်”.. ဆိုသည့် ကိစ္စ”

by Ven Pannasara

လွန်ခဲ့သော-“၁၉၈၀ ခုနှစ်”ဝန်းကျင် က “မြတ်စွာဘုရား၏ ပုံတော်အစစ်”ကို “ဗုဒ္ဓဂယာ၊မဟာဗောဓိညောင်ပင်ရင်း”မှာ အဓိဌာန်ပြီးဓာတ်ပုံရိုက်ယူခဲ့တယ်- ဆိုတဲ့ စာတစ်ပုဒ်ကိုဖတ်ဖူးကြမည် ထင်ပါတယ်။(“မေ့နေကြသူများ/မဖတ်ရသေးသူများ” အတွက်မူရင်းရေးသားထားတဲ့ အတိုင်းပြန်လည် တင်ပြပါမယ်။)

ရေးသားခဲ့ပုံ က-“ယခုမြင်ရသောပုံတော်မှာ-“ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ်”ဖြစ်ပါသည်။ ထိုပုံကို-လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော “မဟာဗောဓိ ညောင်ပင်ရင်း”တွင် “နိုင်ငံခြားယောဂီ တစ်ယောက်-ဓါတ်ပုံရိုက်ကူးထားခြင်း” ဖြစ်ပါသည်။

ဤပုံတော်မှာ-“ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ်” ဖြစ်သောကြောင့် “အလွန်ထူးခြားသော ပုံတော်”လည်း ဖြစ်ပါသည်။ ပထမတွင် ဤ”ပုံတော်၏ရာဇဝင်”ကို ရှင်းပြလိုပါသည်။ လွန်ခဲ့သောနှစ် က -“နိုင်ငံခြားမှ ဘာသာခြား အမျိုးသမီးတစ်ဦး”သည်-“ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များ”ကို လေ့လာဖတ်ရှုရာမှ “ဗုဒ္ဓဘာသာ၏ အဆုံးအမများ”ကို-ယုံကြည်သက်ဝင်လာပါသည်။

ထိုမှတဆင့် လက်လှမ်းမီသမျှ-“ဗုဒ္ဓစာပေများ”ကို အချိန်ရလျှင်ရချင်း လေ့လာဖတ်ရှု မှတ်သားမှုများ ပြုလုပ်ပါတော့သည်။ထိုအခါ စာပေများကို ဖတ်ရာကို အားရတင်းတိမ်ခြင်း မရှိပဲ “ဗုဒ္ဓဘာသာ၏ အနှစ်သာရ”ဖြစ်သော- “သစ္စာလေးပါး တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ရန်” ဆုံးဖြတ်လိုက်တော့သည်။

ထိုဆုံးဖြတ်ချက်အရ-“မြတ်စွာဘုရား ပွင့်တော်မူရာဒေသ”ဖြစ်သော,”ဗုဒ္ဓဂါယာ”သို့ ရောက်ရှိလာပါသည်။ ထိုအခါ-“မြတ်စွ ာဘုရား၏ သာသနာပြုရာ ဒေသများ”သို့ သွားရောက်ဖူးမျှော်ရင်း-“မြတ်စွာဘုရား၏ မူလပုံတော်အစစ်”ကို ဖူးမြော်ချင်သည့် “သဒ္ဓါတရား” ဖြစ်ပေါ်လာပါသည်။

သို့ရာတွင်-“လောကတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသွားပြီ”ဖြစ်သောကြောင့် သူမ၏စိတ်အကြံသည်, မဖြစ်နိုင်မှန်းလည်း သိပါသည်။ သို့ရာတွင်-“ဗုဒ္ဓစာပေထဲတွင် သစ္စာအဓိဌာန် ပြုပါက အလိုရှိရာ တောင့်တရာ ဖြစ်နိုင်ကြောင်း”သိ၍-“သစ္စာအဓိဌာန်ပြုရန်”ဆုံးဖြတ်လိုက်ပါတော့သည်။

သို့ရာတွင်-“သာမန် သစ္စာအဓိဌာန်” မဟုတ်ပါပဲ,မြတ်စွာဘုရားရှင် ပွင့်တော်မူသည့်-“မဟာဗောဓိညောင်ပင်ရင်း”တွင် “အနှစ် (၂ဝ)”အားထုတ်ပြီး-“အဓိဌာန်ပြည့်ပြီးသည့် နေ့”တွင် “မဟာဗောဓိပင်”ကို ဓါတ်ပုံရိုက်ပြီး ရိုက်သည့်ပုံတွင်-“ဂေါတမ မြတ်စွာဘုရား ပုံတော်”-ထင်စေရန် သစ္စာပြုပါသည်။

သစ္စာပြုပြီး အဓိဌာန်ထားသည့်အတိုင်း-“နိုင်ငံခြားယောဂီ”သည် အနှစ် (၂ဝ)ပတ်လုံး ကြီးစွာသောလုံ့လဖြင့် တရားအားထုတ်ပါသည်။ တရားအားထုတ်ရာတွင်လည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ အားထုတ်ခဲ့ပါသည်။ အချိန်တရွေ့ရွေ့ကုန်ကာ-“အနှစ် (၂ဝ) တင်းတင်းပြည့်သည့်နေ့”ရောက်လာပါတော့သည်။

မူရင်းပန်းချီကား

ထို”ပြည့်သောနေ့”တွင်-သူ၏စိတ်တွင်” မြတ်စွာဘုရား”မှလွဲ၍ ဘာမွ စိတ်မရှိတော့ချေ။ စိတ်မှာလည်း အလွန်ဖြူစင်ပြီး ကြည်လင်နေပါသည်။ဤသို့–ကြည်လင်သော စိတ်ဓါတ်၊ -ယုံကြည်သော သဒ္ဓါတရားတို့ဖြင့် “အဓိဌာန်”ပြုထားသည့် အတိုင်း-“မဟာဗောဓိညောင်ပင်”ကို ဓါတ်ပုံရိုက်ပါသည်။

သူမ၏စိတ်တွင်လည်း-“မြတ်စွာဘုရား၏ပုံတော် ပေါ်မည်”ဆိုတာ ယုံကြည်မှု တထစ်ချရှိပါသည်။ ထင်ထားသည့်အတိုင်းပင်-“ရိုက်ကူးသည့်ဓါတ်ပုံတွင် မြတ်စွာဘုရား၏ ပုံတော် “-ပေါ်လာပါတော့သည်။ထိုပုံမှာ “ယခုပူဇော်ထားသည့်ပုံ”ပင် ဖြစ်ပါတော့သည်။”ဆိုပြီးရေးခဲ့တာပါ။

အမှန်ကတော့ အဲဒီ “ဘုရားပုံတော်”ဟာ-“Buddha’s Temptations”လို့ အမည်ပေးထားတဲ့-ပန်းချီကား မှာပါရှိတဲ့ “ဘုရားပုံတော်”ပဲ ဖြစ်ပါတယ်။”စပိန်နိုင်ငံ၊Madrid မြို့”မှာရှိတဲ့ “ပြတိုက်”မှာရှိပါတယ်။”မြန်မာ”အမြင်မှာ-“အမျိုးသမီးပုံများ”ကရိုင်းပေမယ့်-“ဘုရားပုံတော်”က ကြံ့ခိုင်တောင့်တင်းသော”ခတ္တိယမင်းသားပျိုတစ်ယောက်ရဲ့ခန္ဓာကိုယ်”နှင့် အလွန်အသက်ဝင်လှပါတယ်။

(မာန်နတ်သမီးတော်များဘုရားအားတဏှာရာဂဖြင့်ဖြားယောင်းနေဟန်ကိုရေးဆွဲခဲ့ပုံရပါသည် ။အသက် ဝင်လွန်းလှတဲ့အတွက်-“မြန်မာနိုင်ငံ”အပါအဝင်”ဗုဒ္ဓဘာသာနိုင်ငံများ”မှာတော့,”၁၉၈၀”မှာ “နိုင်ငံခြားယောဂီတစ်ဦး”က- (သတင်းထောက်တစ်ယောက်-လို့လည်းဆိုပါတယ်)”

အိန္ဒိယနိုင်ငံ၊ဗောဓိပင်”ရင်းမှာ” အဓိဋ္ဌာန်ပြု”-ရိုက်ကူးလာသော-ကာလာအရောင်ခပ်ဝါးဝါ အနေအထားနဲ့ “ဘုရားအစစ်ပုံတော်”အဖြစ် မှတ်ယူကြည်ညိုနေကြပါတယ်။

ဒါကို-“၂၀၁၄ခုနှစ်၊ အောက်တိုဘာလ-ထုတ်”Wisdom Quarterly”-(အမေရိကန် ဗုဒ္ဓဘာသာဂျာနယ်)က-“ပန်းချီပုံ ဖြစ်ကြောင်း” ရှင်းလင်းထားပါတယ်။”ထိုင်းပန်းချီဆရာ”ရေးဆွဲသော “နာမည်ကျော်ဗုဒ္ဓဝင်ပန်းချီကားများ”သည်လည်း ဒီ”ပုံတော်ရဲ့ကိုယ်ဟန်”ကို ယူဟန် တူပါတယ်။

ဒီပုံတော်ရဲ့ ဟန်က-“AD(၁)ရာစုမှ (၂) ရာစု”လယ်-“ဂန္ဓာရခေတ်”ရဲ့ ရှေးအကျဆုံး-“ကြေးသွန်း ရုပ်ပွားတော် တစ်ဆူရဲ့ ဟန်”ကိုယူထားပုံရပါတယ်။ တကယ်စင်စစ် ဒီ”ပုံတော်”ဟာ-“၁၉၂၁”ခုနှစ် မှာ”စပိန် ပန်းချီဆရာ-Eduardo Chicharro Aguera” (1873-1943)ရေးဆွဲထားသော “ပန်းချီ”ဖြစ်ပါတယ်။

ဒီ”ပန်းချီ”အတွက် -“1922 -Spanish National Exhibition” မှာ “ဂုဏ်ပြုဆု”ချီးမြင့်ခံခဲ့ပါရတယ်။ဖြစ်ရပ် အစစ်အမှန်ကို သိရှိနိုင်စေဖို့ တင်ပြလိုက်ပါတယ်။

crd : winhlaingoo

Likes:
0 0
Views:
1962
Article Categories:
BooksHistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *