တစ်ယောက်က မျက်မမြင် ၊ တစ်ယောက်က လက်မရှိပေမဲ့ တစ်သက်လုံးအတူမခွဲဘဲ ပျော်ရွှင်စွာနေထိုင်လာခဲ့တဲ့ သူငယ်ချင်းနှစ်ဦး

ကိုယ့်ကို မပြည့်စုံလို့ မပျော်ရွှင်နိုင်ဘူးလို့ခံစားနေရရင်အခုဖော်ပြမဲ့ အမျိုးသားနှစ်ယောက်ရဲ့နေရာကန ဝင်ခံစားကြည့်လိုက်ပါ ။ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ လူ့အသိုင်းအဝိုင်းအတွက်ဘယ်လောက်အရေးပါလဲဆိုတာကို သင်သိမြင်သွားပါလိမ့်မယ် ။

Jia Haixia နဲ့ Jia Wenqi တို့ဟာ တစ်ကယ့်ကို ငယ်သူငယ်ချင်းတွေပါ ။

သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ 15 နှစ်ကစပြီး သစ်တောတွေထဲမှာ သစ်ပင်စိုက်ပျိုးတဲ့အလုပ်ကို လုပ်ကိုင်လာခဲ့ကြတာပါ ။51 နှစ်အရွယ် Haixia ဟာ မွေးဖွာလာစဉ်ကတည်းက ဘယ်ဖက်မျက်လုံး ကွယ်နေခဲ့သူပါ ။ အလုပ်မှာ မတော်တဆထိခိုက်မှုကြောင့် 2001 ခုနှစ်မှာ ညာဖက်မျက်လုံးပါ ကွယ်သွားခဲ့ပါတယ် ။

အသက် 54 နှစ်အရွယ် Wenqi မှာတော့ လျှပ်စစ်မတော်တဆမှုတစ်ခုကြောင့် အသက် 3 နှစ်အရွယ်မှာပဲ လက်နှစ်ဖက်ဆုံးရှုံးသွားခဲ့ရတာပါ ။ထိုအချိန်မှစပြီး သူတို့နှစ်ဦးဟာ သစ်တောဋ္ဌာနတစ်ခုမှာ အတူတကွ အလုပ်လုပ်ကိုင်လာခဲ့ကြတာပါ ။

မနက်ခင်းတိုင်းစောစောထပြီး ဝေးလံတဲ့ သစ်တောတစ်လျှောက် ဖြတ်သွားပြီး သစ်ပင်စိုက်ပျိုးတဲ့အလုပ်မျိုးလုပ်ကိုင်ခဲ့ကြပါတယ် ။ ‘ ကျွန်တော်က သူ့ရဲ့လက်ဖြစ်ပေးပြီး ၊ သူက ကျွန်တော့်ရဲ့မျက်လုံးဖြစ်ပေးခဲ့ပါတယ် ‘ ဆိုပြီး Haixia က အမြဲ ဂုဏ်ယူစွာပြောပြလေ့ရှိပါတယ် ။

Haixia က သစ်ပင်စိုက်ပျိုးတဲ့တာဝန်ကိုယူပြီး ၊ Wenqi ကတော့ ရေလောင်းပေါင်းသင်တဲ့ တာဝန်ကို ယူထားပါတယ် ။ သူတို့ရဲ့တစ်နေ့တာက အမြဲပျော်ရွှင်မှုတွေနဲ့သာ ဖြတ်သန်းနေခဲ့ကြတာပါ ။

လက်ရှိမှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပင်ပန်းမှုဟာ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို မပြောရင်လည်း သိနိုင်ပါတယ် ။

Jasmine (Mckzone Daily)

Likes:
0 0
Views:
905
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *