ကမ္ဘာ့အလှူဒါနအရက်ရောဆုံး နိုင်ငံအညွှန်းကိန်းမှာ ပမနေရာကနေ စတုတ္ထနေရာထိ ကျဆင်းသွားတဲ့ မြန်မာနိုင်ငံ

ကမ္ဘာ့ အလှူဒါန အရက်ရောဆုံး နိုင်ငံ အညွှန်းကိန်းမှာ ပမနေရာကနေ စတုတ္ထ နေရာထိ ကျဆင်း သွားတဲ့ မြန်မာနိုင်ငံ

ဗြိတိန် အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Charities Aid Foundation (CAF) က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့အလှူ ဒါနအရက်ရောဆုံးနိုင်ငံအညွှန်းကိန်း (World GivingIndex) မှာ အင်ဒိုနီးရှားနိုင်ငံက ထိပ်ဆုံးကနေပြီး ရပ်တည်နေပြီးအရင်ကထိပ်ဆုံးမှာနှစ်စဉ်ရပ်တည်ခဲ့တဲ့မြန်မာနိုင်ငံ ကတော့ စတုတ္ထနေရာထိကျဆင်းသွားခဲ့ပါတယ်။

၁၉၇၄ ခုနှစ် ကတည်းက စတင်ပြီး တည်ထောင်ခဲ့တဲ့ Charities Aid Foundation (CAF) ရဲ့ခုလိုသတ်မှတ်ချက်ဟာငွေကြေး ပေးကမ်းလှူဒါန်းခြင်း၊ စေတနာ့ဝန်ထမ်းခြင်း၊ တပါးသူကိုကူညီခြင်းစတဲ့အပိုင်း ၃ ပိုင်းနဲ့တနိုင်ငံချင်းစီကပျမ်းမျှလူဦးရေ အချိုးအစားပေါ် မူတည်ပြီးစစ်တမ်းကောက် ယူကာထုတ်ပြန်နေတာဖြစ်ပါတယ်။

ခုထုတ်ပြန်တဲ့အညွှန်းကိန်းမှာတော့အင်ဒိုနီးရှာ နိုင်ငံကပထမဖြစ်ပြီးဒုတိယနဲ့ တိယနေရာ တွေမှာတော့ ကင်ညာနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေကအသီးသီးရပ်တည်နေပါတယ်။ အဲဒီနောက်မှာတော့ မြန်မာ၊ ဩစတြေး လျ၊ ဂါနာ၊ နယူးဇီလန်၊ ယူဂန္ဓာ၊ ကိုဆိုဗိုနဲ့ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံတွေကထိပ်ဆုံး ၁၀ နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ဒီအညွှန်းကိန်းထုတ်ပြန် ချက်ရဲ့နောက်ဆုံးနေရာမှာတော့ဂျပန်နိုင်ငံကအဆင့်၁၁၄ နဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့အလှူဒါန အရက်ရောဆုံး နိုင်ငံအညွှန်းကိန်း (World Giving Index) မှာ ထိပ်ဆုံးနိုင်ငံတွေ စာရင်းမှာ ရပ်တည် နေပေမယ့် အမှန်တကယ် လှူဒါန်းမှုပြု လုပ်တဲ့ ပမာဏဟာ နိုင်ငံတွင်း နိုင်ငံရေးနဲ့ လူမှုရေး ပဋိပက္ခတွေ ကြောင့်သိသိသာသာလျော့နည်းနေခဲ့တာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံတွေစာရင်းမှာပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလှူဒါနအရက်ရောဆုံးနိုင်ငံအညွန်းကိန်းမှာ နံပါတ် ၁ အဖြစ်သတ်မှတ်ခံခဲ့ရတာ ၅ နှစ် ဆက်တိုက်ရှိနေခဲ့ပြီးအခုနှစ်မှာတော့ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

Likes:
0 0
Views:
725
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *