မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ခရစ်နှစ် 2021ခုနှစ် မဟာသင်္ကြန်စာ ဟောစာတမ်းကြီး

၁၃၈၃-ခုနှစ်၊သင်္ကြန်စာ ဟောစာတမ်းကြီး

ဇေယျတု မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊နှောင်းတခူးလဆန်း ၃ ရက်၊ ခရစ်နှစ် 2021 ဧပြီလ ( 14 ) ရက် ( ဗုဒ္ဓဟူးနေ့ ) မြန်မာစံတော်ချိန်နံနက် ၅ နာ ရီ ၄၆ မိနစ် ၅၅ စက္ကန့် အချိန်တွင် မဟာသင်္ကြန် ကျပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊နှောင်းတစ်ခူး လဆန်း (၄) ရက်၊ခရစ်နှစ် 2021 ဧ ပြီလ (15) ရက်( ကြာသပတေးနေ့ ) သည်မဟာသင်္ကြန် (အကြတ်ရက်) ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှောင်းတခူး လဆန်း ၅ ရက်၊ခရစ်နှစ် 2021 ၊ဧပြီလ (16) ရက်၊( သောကြာနေ့

) နံနက် ၉ နာရီ ၅၁ မိနစ် ၃၆ စက္ကန့်တွင် မဟာသင်္ကြန် တက်ပါသည်။ ထိုကြောင်မြန်မာသက္က ရာဇ် ၁၃၈၃ ခုနှစ် ဉီးတခူးလဆန်း (၆)ရက်ခရစ် နှစ် 2021 ၊ဧပြီးလ (17) ရက်၊ စနေနေ့သည် နှစ်ဆန်း (၁) ရက်နေ့ဖြစ်သည်။

ကောဇာသက္ကရာဇ်၁၃၈၃ ခုနှစ် လက်ထက် ရက်မရှိ၍ ဗုဒ္ဓဘာသာ၊သာသနာတော် ဝန်ထမ်းရဟန်းအရှင် မြတ်တို့မှာ မြန်မာ သက္ကရာဇ် ၁၃၈၃ခုနှစ် ဝါဆိုလပြည်ကျော် (၁)ရက်၊ ခရစ်နှစ် (2021) ၊ဇူလိုင်လ (၂၄) ရက်၊စနေနေ့တွင် ပထမပုရိမဝါ ကပ်ဆိုတော်မူကြရမည်။

ဘာနုရာဇာ ဂြိုဟ်မင်းသည် ပြည်ပန်းညိုပွင့်အဆင့်နှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက်ကျွဲရဲကိုစီး၍ လက်တဘက် ကားပန်းခက်ကိုင်လျှက် လက်တဘက်ကား ရေးချမ်းအိုး ကိုပို က်၍ အရှေ့ကသည် တောင်သို့ ထက်ဝယ်ဘွဲ့လျက်ဝင်၏။

ဃောရဿ ဒေဝီနတ်သ္မီးကား အလှည့်စေ၍ပရမီးသွာနတ်မင်း၏သားအာသီ အမည်ရှိသော ဗြဟ္မာမင်း၏ ဦးခေါင်းကို ကမ်းသည်ရှိသော်မဟောရ ကာဒေဝီနတ်သ္မီးကာငို၍ လှမ်းလင့်၏။ ပြောက္ကာဒေဝီးနတ်သ္မီးကား အဖြူ၊ အနီ၊

အစိမ်း အပြာ၊ အဝါအာဖြင့် ငါးပါးသော အဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကိုဝတ်ဆင်လျက်သင်္ကြန်မင်းကိုစောင့်လင်၏။ ထိုကြောင့် မိုဃ်းဦး၊ မိုဃ်းလယ် တံ့အံ့။ မိုးနှောင်း ကောင်းအံ့။ ကျွဲ ၊နွားစသော အခြေ(၄)ခု၊ အသေပျောက် များအံ့။

မုန်တိုင်း လေဗွေထန်အံ။ စပါးအသီး အနှံမကောင်း၊ မြတ်သောရဟန်း၊ ပုဏ္ဏား မင်းမိဖုရား၊ မင်းသားတို့ ဒဏ်သင့်ကုန်အံ့။ အမှူးအမတ် သူကြီးဟူသမျှမကောင်း ၊တလှိုင်းပြည် ပျက်အံ့။ ဆား၊ဝါ ရှားကုန်အံ့။ ဤကား မဟာသင်္ကြန်ကျ အလိုအာဖြင့် ဟောကြားခြင်း ဖြစ်ပေသည်။

တနင်္လာနေ့ဖွား သားသမီး တို့သည်

ဤနှစ်တွင် လူကြီးမိဘတို့၏ပံ့ပိုးမှုကြောင့်စီးပွာ ရေးတွင် ကံကောင်းနိုင်အံ့ ပေါင်းသင်းဆက်ဆံရေး၌ ပတ်ဝန်းကျင်၏ အထင်မြင်လွဲမှုနှင့် မွေး ချင်းမောင်နှမတို့ကြား အချင်းများတက်သည်။ အိမ်ခြံမြေတိုက်တာ မမျှော်လင့်ပဲဝင်ကိန်းရှိသည်။ အစားအသောက်ကြောင့် လေးဥပါဒ် ကြုံရအံ့။

အစာအိမ်အချဉ်ပေါက် ဝမ်းရောဂါ ဖြစ်ပွားတတ်အံ့ရေခြား မြေခြားမှမိတ်ဆွေအပေါင်းအ သင်းတို့ပွားအံ့၊ ဗုဒ္ဓဟူး တနင်္လာနေ့နံ သားသမီးတို့ အကျိုးပေး ကောင်းအံ့။ အလှကုန်ပရိဘောဂယာဉ်ကား အဖျော်ယမကာလုပ်ငန်း အကျိုးပေးအံ့၊မိမိနှင့်မသက်ဆိုင်သော အမှုအခင်းပြဿနာများကို ဖြေရှင်းရတက်အံ့ အချစ်ရေးတွင် မိသား စုသဖွယ် ဂရုစိုက် ပေးတက်သောချစ်သူနှင့်ဆုံစည်းရအံ့။ ပညာရေး ကံကောင်း သော နှစ်ဖြစ် သ ည်။ ယတြာ။ မွေးနေ့ နံနက် ၉း၂၇ မိနစ်အချိန် ရာဟုနံဘုရားတွင်ပန်းရောင်ဝတ်ဆင်လျက် ဒန်းညွန့် (၉)ညွန့် ကပ်လှူပါ။

အင်္ဂါနေ့ဖွားသားသမီးတို့သည်

ဤနှစ်တွင် အလုပ်သစ်ဝန်းကျင်သစ်တွင် ကြိုးစားရသော အချိန်ဖြစ်၍ကြိုးစားသလောက်အခွင့်ထူး ရရှိနိုင်အံ့ပညာရေးတွင်ထူးချွန်အောင် မြင်အံ့။ အချစ်ရေးတွင်နားလည်မှုလွဲမှားနိုင်အံ့။အိမ်ထောင်ရေးတွင် စာနာနားလည်မှုတို့ကြောင့် သာယာနိုင်အံ့။ သွားလေရာမျက်နှာပွင့် သော်လည်း ရန်သူများတက်အံ့။

တနင်္ဂနွေ အင်္ဂါနေ့နံဖွားတို့ အကျိုးပေးအံ့။ ဆီလုပ်ငန်းစိန်ထည် လုပ်ငန်းစားသောက်ကုန်လုပ်ငန်း စက်မှုလုပ်ငန်း အိမ် ဆောက်ပစ္စည်းတို့နှင့်အကျိုးပေးအံ့၊ မွေးချင်းမောင်နှမတို့နှင့် ပတ်သက်၍အလုပ်အကိုင်များချဲ့ထွင်ရအံ့။

ကျန်းမာရေးတွင် အဆုတ်ရောဂါ၊ အစာအိမ် အကြောအဆစ်ရောင်ရမ်းသော ဝေဒနာတို့ခံစားရအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၃၆ မိနစ် အချိန်တွင် သောကြာနံ ဘုရားတွင် လိမ္မော် ရောင် ဝတ်ဆင်လျက် အုန်းညွန့်ကပ်လှူပါ။

ဗုဒ္ဓဟူးနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် လုပ်ငန်း အမျိုးမျိုး မပြောင်းလဲဘဲနဂိုမူလလုပ်ငန်းကိုတစိုက်မတ်မတ် လုပ်ကိုင် လျှ င် အောင်မြင်အံ့။ ဥပဒေပြင်ပ လုပ်ငန်းများရှောင် ရှားသင့်သည်။ လူမှုရေး ပြဿနာပွေလီ ရှုပ်ထွေးမှုကြောင့် အိမ်ထောင် ရေးညံ့အံ့။ လုပ်ငန်း (သို့)

အိမ်၌ လက်အောက် ငယ်သားမမြဲ၊ စနေ တနင်္လာနံ သားသမီးတို့နှင့် အကျိုးပေးအံ့၊ ကျောက်မျက်လုပ်ငန်း အထည်လိပ်လုပ်ငန်း ထီရောင်းဝယ်ရေး လုပ်ငန်းတို့ အကျိုးပေးအံ့။ ထီဆုကြီး ပေါက် ကိ န်းရှိအံ့။ ဗုဒ္ဓဟူးနံ လုပ်ငန်း အကျိုးမပေးပါ ပညာရေးတွင်ခက်ခဲစွာ ကြိုးစား၍ အောင်မြင်မှု ရအံ့၊ ငွေရကံကောင်း သော်လည်း အကြွေးပေးကဆုံးရှုံးရအံ့၊ ကျန်းမာရေးတွင် နှလုံး အူမကြီး ရောင်ရမ်းသောဝေဒနာ ခံစားရအံ့၊ အချစ်ရေးတွင် စစ်မှန်သော ဖူးစာရှင်နှင့်တွေ့အံ့၊

ယတြာ။ ။ မွေးနေ့ နံ နက် ၉း၁၈ မိနစ်အချိန် တနင်္ဂနွေနံ ဘုရား ပိတောက်ရောင် ဝတ်ဆင်၍ ကံကော်ညွန့်ကပ်လှူပါ။

ရာဟုနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေး ငွေကြေး ကိစ္စကံကောင်းအံ့ အလှူဒါနပြုရအံ့၊ အိမ်ထောင်ရေးတွင် နားလည်မှုလွဲမှားခြင်းအပေါ် ခွင့်လွှတ် နိုင်ခြင်းကြောင့် သာယာအံ့ပြေားဆို ဆက်ဆံရာ တွင်လဲ ပညာအတွေး အခေါ်မြင့်မားပြီး အကွက်ကျကျပြောဆိုနိုင်အံ့ တနင်္ဂနွေ စနေနံသား သမီးတို့ အကျိုးပေးအံ့၊ ရေကြောင်းခရီး အလှကုန် စားသောက်ကုန်နှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတို့နှင့်အကျိုးပေးအံ့၊ စိတ်ဖိစီးမှုမခံဘဲ စိတ်ချမ်းသာ အောင်နေနိုင်အံ့၊ ပညာရေးတွင်ရည်မှန်းချက် ထားပြီးကြိုးစားလျှင် အောင်မြင်အံ့ကျန်းမာရေးတွင် တစ်ခါတစ်ရံဦး ခေါင်းမျက် စိနား နှာခေါင်း လျှာဝေဒနာခံစားရအံ့၊ ညီအစ်ကို မောင်နှမ များအပေါ်သြဇာပေးခြင်း မဟုတ်ဘဲ အကြံပြု သဘောဆောင်လျှင် မိသားစုအဆင်ပြေအံ့။

ယတြာ။ ။ မွေးနေ့နံနက် ၉း၄၅ အချိန်တွင် ဗုဒ္ဓဟူးနံ ဘုရားတွင်ရောင်စုံ ဝတ်ဆင်လျှက်ကံတက်ညွန့်(၉)ညွန့်ကပ်လှူပါ။

ကြာသပတေးနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေး အခွင့်လမ်းသစ် များရရှိနိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်လျှင် အောင်မြင်အံ့။ မိဆွေရင်းခြာ နှင့်ပတ်သက်၍ ဝင်ငွေရလမ်း များရရှိအံ့။ လိုက်လျောညီထွေစွာလုပ်ဖော် ကိုင်ဖက်များနှင့် ပေါင်းသင်းနိုင်၍ ပို၍အောင်မြင်အံ့။

လူမှုရေး ရှုပ်ထွေးမှုကင်းပြီး ပညာရေးတွင် မှန်မှန်ကန်ကန်ကြိုးစားလျှင်အောင်မြင်အံ့။ ကျန်းမာရေးတွင် အဆစ်မြစ်ကိုက်ခဲ ၊ ကျီးပေါင်း ရောဂါဝေဒနာတိုကို ခံစားရတက်အံ့။ သောကြာ ၊တနင်္ဂ နွေဖွားတို့နှင့်နံသင့်လုပ်ငန်း အကျိုးပေး၍ အင်္ဂါ နံလုပ်ငန်းအကျိုးပေး၍အင်္ဂါနံ လုပ်ငန်းတို့အကျိုး ပေးအံ့။ သံထည်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း စာပေလုပ်ငန်းတို့ အကျိုးပေးသည်။ ဗုဒ္ဓဟူးနေ့သား အကျိုးပေးအံ့။ အချစ်ရေးတွင် စန်းပွင့်ပြီး နှစ်ကုန်ပိုင်းတွင်မင်္ဂလာသတင်းကြားရအံ့။ ယတြာ။ မွေးနေ့နံနက် ၉း၅၄ မိနစ် အချိန် အ င်္ဂါ နံဘုရားတွင် အဖြူရောင်ဝတ်ဆင်လျှက်သီး (၉)ညွန့်ကပ်လှူပါ။

သောကြာနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေးကို အခြေပြုသော ခရီးကို မကြာခဏ ထွက်ရအံ့။ လုပ်ငန်း ကိစ္စတွင်ကတိတည်ခြင်း ကောင်းမွန်တဲ့ စီမံမှုတို့ ကြောင့် အော င်မြင်အံ့။ မိဆွေကောင်း များနှင့် နားလည်မှု မလွဲအောင် ပြုမူဆက်ဆံ သင့်သည်။ ပညာရေးတွင်အထူးကောင်းမွန်၍ စက်မှုလက်မှု စစ်ဘက်နှင့် ဆေးဘက်ဆိုင်ရာတွင်ထူးချွန်သူများဖြစ်အံ့။ စပ်တူရှယ်ယာကောင်းမွန်အံ့။ အိမ်ထောင်ဘက်အတွက် ငွေကုန်ကြေးကျ များအံ့။ ကျန်းမာရေးအတွက် အဆုတ်အားနည်း။

အသည်းဝေဒနာတို့ခံစားရအံ့၊ ကြာသပတေး စနေနေ့ဖွားနှင့် နံသင့်လုပ်ငန်း အကျိုးပေးအံ့။ စားသောက်ဆိုင် ပန်းတိ မ်လုပ်ငန်း မုန့်မျိုးစုံ လုပ်ငန်းတို့ အကျိုး ပေးအံ့။ အချစ်ရေးတွင် မျှော်လင့်ထားသည့် ဖူးစာရှင်နှင့်တွေ့ရတက်အံ့။ ယတြာ။ မွေးနေ့နံနက် ၉ နာရီ အဘချိန်တွင် စနေနံဘုရားတွင် လိမ္မော်ရောင် ဝတ်ဆင်လျှက် ဇီးညွန့် (၉)ညွန့် ကပ်လှူပါ။

စနေနေ့ဖွား သားသမီးတို့သည်

ဤနှစ်တွင် စီးပွားရေး လုပ်ငန်း မကြာခ ပြောင်း လည်း ခြင်းကြောင့် ရသင့်သော အကျိုးအမြတ်ငွေ မရပဲရှိအံ့။ အသင်း ဖွဲ့တို့နှင့် စီးပွားရေး (သို့) လူမှုရေးကိစ္စများ လုပ်ဆောင်ရာတွင် သိက္ခါ ကျဆင်းဘွယ်ရာများ ကြုံရတက်အံ့။ ပညာရေးတွင် ချစ်မှုရေးရာ ရှုပ်ထွေးမှုကြောင့် စိတ်လေလွင့်မှုမရှိမှသာ အောင်မြင်အံ့၊ ဆွေမျိုးများထံမှ အမင်္ဂလာသတင်းကြားရအံ့။ အိမ်ထောင်ဘက်နှင့်ပတ်သက်၍ မမျှော်လင့်ပဲငွေကြေးဥစ္စာရအံ့။ သား သမီးတို့စီးပွားရေး တိုးတက်အောင်မြင်အံ့။

တနင်္ဂနွေ သောကြာ နေ့နံသားသမီးတို့ အကျိုးပေးအံ့ ။ ကျန်းမာရေးတွင် အသည်း ၊နာတာရှည် ဖျားနာခြင်းတို့ ဖြစ်ပွားအံ့။ အဖျော် ယမကာလုပ်ငန်း ၊ အနုပညာလုပ်ငန်း ပရိဘောဂလုပ်ငန်းတို့အကျိုး ပေးအံ့။ ယတြာ။ ။ မွေးနေ့နံနက် ၉း၂၅ မိနစ်အချိန်တွင် ဗုဒ္ဓဟူး ,တနင်္လာနေ့နံဘုရားတွင် ပန်းနုရောင် ဝတ်ဆင်လျက် အုန်းပေါင်းကပ်လှူပါ။

တနင်္ဂနွေနေ့ဖွား သားသမီးများ တို့သည်

ဤနှစ်တွင်ပြည်ပအလုပ် အကိုင်ကောင်း များနှ င့် ကြီးပွားအံ့။ ဇနီးသည်ဘက်မှအခွင့် အလမ်းကောင်းများရအံ့။ လိမ္မာပါးနပ်မှုကြောင့် လူမှုဆက်စံရေးတိုးတက်အံ့။ တပည့် လက်အောက် င ယ်သား တို့အပေါ် သည်းခံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လူမှုရေး စီးပွားရေး၌ အောင်မြင်အံ့ဆွေမျိုးတို့နှင့်နီးလျှက်ဝေးတက်အံ့ မိသားစုလက်ခံခြင်းမရှိသူနှင့်ဖူးစားဆုံအံ့ ကြာသပတေးနေ့ဖွား အင်္ဂါနံသားသမီး တို့နှင့်အကျိုးပေးအံ့ကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်း စာပေလုပ်ငန်းပုံနှိပ်လုပ်ငန်းစိုက်ပျိုးရေး စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းတို့ အကျိုးပေးအံ့။

ကျန်းမာရေးတွင် လေပွ ၊လေနာ ၊ဗိုက်နာခြင်း အရိုးအား နည်းခြင်းတို့ဖြစ်ပွားအံ့နယ်ပယ်သစ်ပညာရပ် ဆန်းများသင်ကြာ ရတက်သည်။ ယတြာ။ မွေးနေ့နံနက် ၉း၀၉ မိနစ်အချိန်တွင် ကြာသပတေးနံ ဘုရားတွင် အပြာနုရောင် ဝတ်ဆင်လျက် သီဟိုညွန့် ကပ်လှူပါ။

Myanmargoodfriend သင်္ကြန် သင်္ကြန်ဟောစားတမ်း ၁၃၈၃သင်္ကြန် ။

ငြိမ်းချမ်းပါစေမြန်မာပြည်

Credit : jeeptoo

Likes:
0 0
Views:
973
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *