အဖြစ်ဆိုးကြီးတစ်ခု မကြုံတွေ့ခင် စက္ကန့်ဝက်အလိုမှာ မိမိရရရိုက်ကူးလိုက်မိသော ဓာတ်ပုံများ

မတော်တဆမှုတွေဆိုတာ မျက်စိတစ်မှိတ်ဆိုတဲ့ အချိန်အတွင်းမှာ ဖြစ်ပျက်သွားတာပဲဖြစ်ပါတယ်။ မျက်တောင်တစ်ခတ်စာအချိန်တွင်းမှာဖြစ်ပျက်သွားတဲ့ အရာတွေကို ဓာတ်ပုံရိုက်သိမ်းထားဖို့ဆိုတာ မလွယ်ကူတဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ရိုက်ကူးနေတဲ့အချိန်တွင်းမှာရုတ်တရက် ဖြစ်ပျက်သွားခဲ့တာဖြစ်လို့ ကွက်တိကိုရိုက်ကူးမိခဲ့တာဖြစ်ပါတယ်

(၁)

သူငယ်ချင်းတွေနဲ့ အပြင်ထွက်လာတုန်းလေး အမှတ်တရ ဓာတ်ပုံ ရိုက်မလို့ကို နှင်းလုံးနဲ့ အပစ်ခံလိုက်ရပြီး ကွက်တိရိုက်မိသွားခဲ့ပါတယ်။ဒါလည်း အမှတ်တရ တစ်ခုပေါ့လေ..

(၂)

ရေလှိုင်းစီးနေတဲ့ လူကြီးရုတ်တရက်ပြုတ်ကျသွားချိန်မှာပဲ လက်မထောင်ပြီး ဓာတ်ပုံရိုက်မိခဲ့တဲ့ ကလေးလေး…အပြုံးတွေကအသက်ကြည့်ရတာ အဲ့လိုဖြစ်အောင် သူကိုယ်တိုင်လုပ်လိုက်တာထင်ပါရဲ့

(၃)

ပြုံးနေတဲ့ဖေဖေကတော့ ကင်မရာကိုပဲအာရုံစိုက်နေတော့ မမြင်လိုက်ပါဘူး။ဘေးနားမှာ မေမေကတော့ ကလေးအပေါ်ကို အအေးတွေ ဖိတ်ကျသွားလို့ …လန့်သွားတာ မျက်နှာကြီးက ရှုံ့မဲ့လို့

(၄)

ဖုန်းဘယ်လိုပျောက်သွားလဲဆိုတာကို မထင်မှတ်ဘဲ အစအဆုံးမှတ်တမ်းတင်ခဲ့မိတာပါ။အိမ်ရောက်မှ ပြန်ကြည့်မိတဲ့အတွက် ဖုန်းကတော့ ဆုံးသွားပြီလေ။

(၅)

ဆုဖလားကြီးကို အားရပါးရ မြှောက်လိုက်တာ ပြုတ်ကျကုန်တယ်လေ..အနိုင်ရ အားကစားသမားက ချက်ချင်းမသိလိုက်ပေမယ့် အနောက်ကလူကြီးကတော့ ဘယ်လောက်စိတ်ပူနေမှန်း မျက်နှာမှာပေါ်လွင်နေတာနော်။

(၆)

အနည်းဆုံးတော့ ကင်မရာလေးသိမ်းပါရစေ ဦးရဲကြီးတို့ရယ်…ဇွတ်ပဲနော်။

(၇)

အမလေး..ဒီဓာတ်ပုံရဖို့ခလုတ်နှိပ်ပြီးနောက်ပိုင်း ဘာတွေ ဆက်ဖြစ်သွားလဲ ခန့်မှန်းကြည့်လိုက်ကြပါအုံးနော်။

(၈)

ရေမစိုအောင် ဆိုင်ကယ်နဲ့ပြေးပါတယ်ဆိုမှ ကွက်တိကို လာစိုတာနော်..အရှေ့ကအမျိုးသားကတော့ ရေစိုမှာ စိုးရိမ်နေပုံပေါ်ပေမယ့် အနောက် အမျိုးသမီးက ရေစိုတော့မှာကို ပျော်နေတယ်ထင်ပါတယ်။

(၉)

မွေးနေ့ဖယောင်းတိုင်ကို မီးမှုတ်ရင်း ဆံပင်ကို မီးကူးသွားခဲ့တာပါ။အခုလိုဖြစ်သွားတာ ဘယ်သူမှ သတိမထားမိသေးတဲ့အချိန် ကွက်တိ ဓာတ်ပုံကိုရိုက်ကူးမိခဲ့တာပါ။

(၁၀)

မုန့်ဝယ်လာပြီး မစားဘဲ ဓာတ်ပုံရိုက်နေမှတော့ …ဌက်က လာလုစားပြီပေါ့

(၁၁)

ဘယ်ကနေ လွင့်ပျံလာလဲမသိတဲ့ ဖိနပ်က ပုံထဲကအမျိုးသားရဲ့ မျက်နှာကို လာစင်ခဲ့တာပါ။တော်တော်လေး အသက်ဝင်တဲ့ပုံပါပဲ။

(၁၂)

ကလေးငယ်လေးကို ဇီးကွက်က တိုက်ခိုက်ဖို့အတွက် လုပ်နေတာ ဓာတ်ပုံကွက်တိရိုက်ကူးမိခဲ့တာပါ။ကလေးတော့ အနည်းငယ်လန့်သွားလောက်တယ်။ဓာတ်ပုံထဲမှာကျ မဖြစ်ပျက်ခင် စက္ကန့်ပိုင်းအလိုဆိုတော့ ကလေးလေးက ပြုံးနေတုန်းပေါ့

(၁၃)

အရပ်ပုတယ်ဆိုရင် အခုလို အရပ်ရှည်တဲ့ လူတွေနား သွားမရပ်နဲ့နော်..မတော်တဆ ပုံထဲကလိုမျိုး မျက်နှာ အရိုက်ခံနေရအုံးမယ်။

(၁၄)

မင်္ဂလာဝတ်စုံဖြူဖြူလေး မညစ်ပတ်သွားခင် စက္ကန့်ပိုင်းအလိုပေါ့…

(၁၅)

တစ်ယောက်ယောက်တော့ ပြောပြလို့မရတဲ့ နာကျင်မှုမျိုးကို ခံစားရတော့မယ်ဆိုတာ သေချာနေပါပြီ..ပုံကိုကြည့်လိုက်နော် ပရိသတ်တို့ရေ ဘယ်ကမှန်းမသိတဲ့ ဘောလုံးက အမျိုးသားရဲ့အောက်ပိုင်းကိုထိခိုက်မိနေပါပြီ။

(၁၆)

ကိတ်မုန့်လေးနဲ့ အတူတူ ဓာတ်ပုံတွဲရိုက်ပေးပါအုံး…ဟိုးထား ဟိုးထား ကိတ်မုန့်ပြုတ်ကျသွားပြီ။

(၁၇)

သန့်ရှင်းရေးလုပ်ဖို့ အလုပ်မရှုပ်ခင် ရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံပေါ့လေ..ဒီဓာတ်ပုံရိုက်ပြီးတာနဲ့ ကြမ်းပြင်ပေါ်ပြုတ်ကျသွားတာတွေကို သန့်ရှင်းရတော့မှာလေ

(၁၈)

ကလေးတွေ ပြုတ်ကျပြီး မငိုခင် အခိုက်အတန့်လေးပေါ့..

(၁၉)

မင်္ဂလာပွဲတစ်ခုလုံးအောင်အောင်မြင်မြင်နဲ့ကျင်းပပြီးပေမယ့် …ခန်းမထဲက အထွက်မှာမှ ခြေချော်ချလို့ ဒူးခေါင်းနာရတယ်လို့..

(၂၀)

မိချောင်း ဝါးမြိုခြင်းခံရတော့မယ် ငါးကတော့ ဒေါသထွက်နေပုံပေါ်နေပါတယ်။သူ့ပုံစံနဲ့သာ ဆိုရင် မိချောင်းပါးစပ်ထဲကနေ ပြန်လွတ်မယ့်ပုံပေါ်တယ်။

(၂၁)

ဒီပုံရိုက်ပြီးနောက်မှာ ပုံးကြီးက ခေါင်းကို စွပ်မိသွားမယ်ထင်တယ်။အနောက်ကလူရဲ့လက်က သိပ်ခိုင်မယ့်ပုံမပေါ်ဘူး။

(၂၂)

ဖမ်းမိထားတဲ့ ငါးလေး ပြန်မလွတ်သွားခင် အမှတ်တရဓာတ်ပုံ ရိုက်လိုက်ကြရအောင်..

(၂၃)

ဘာကြောင့်ပဲဖြစ်ဖြစ် ဂိုးထဲ မဝင်သွားဖို့ အရေးကြီးတယ်လေ..ဒီတော့ မျက်နှာနာသွားလည်းကိစ္စမရှိပါဘူး။မနာအောင်တော့ ခေါင်းစွပ်က ကာကွယ်ပေးထားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

(၂၄)

ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ဓာတ်ပုံရိုက်ခံဖို့ဆိုရင် ပို့စ်ပေးတတ်ပြီးသားဆိုတာ ဒီပုံက သက်သေပါပဲ။ပရိသတ်တွေမှာရော အခုလိုမျိုးတစ်ခုခုမဖြစ်ပျက်ခင်မှာ အချိန်ကိုက်ကွက်တိရိုက်ကူးမိခဲ့တဲ့ ဓာတ်ပုံလေးတွေများရှိမလား..ရှိရင်တော့ ပြန်လည်ပြီးတော့ မျှဝေပေးခဲ့စေချင်ပါတယ်နော်။

Written By Yoshi(Shwe Nyan Shin)

Ref:Brightside

Likes:
0 0
Views:
1195
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *