သမိုင်းဆရာကြီးများမသိခဲ့ဖူးလောက်သောကြီးကြီး ၊ဒေါ်ဒေါ် ၊ မမ များသာသိခဲ့သော”ဖျာလိပ်နတ်အကြောင်

သမိုင်းဆရာကြီးများမသိခဲ့ဖူးလောက်သောကြီးကြီး ၊ဒေါ်ဒေါ် ၊ မမ များသာသိခဲ့သော”ဖျာလိပ်နတ်အကြောင်း

(ရှေးရိုးရာမြန်မာ့ကစားနည်းတမျိုးကိုပြန်လည်ဖော်ထုတ်ခြင်း)

မြန်မာ့ရိုးရာ ကစားနည်းတစ်ခုဖြစ်တဲ့ ဖျာလိပ်နတ်ဟာစာသင်ကျောင်းဆောင်တွေအဆောင်နေ ကျောင်းသူတွေကြား အလွန်ရေပန်းစားခဲ့တဲ့ ကစားနည်းတစ်ခုပါ။ ဖျာလိပ်နတ်လို့ဆိုရာမှာအမှန်တော့ နတ်အစစ်မဟုတ်ပါဘူး။ အမှန်က ဖျာလိပ်သရဲမပါ။ ဒါပေမယ့် သူမဟာမေးမြန်းတဲ့ မေးခွန်းတွေကို အံ့ဖွယ်မှန်ကန်အောင်ဟောကြားနိူင်တာမို့နောက်ပိုင်းတွေမှာဖျာလိပ်နတ်ဆိုပြီး ထင်ရှားလာခဲ့တာပါ။

ကစားနည်း မဖော်ပြခင် သူမရဲ့ ရာဇဝင်ကိုဖော်ပြပေးပါမယ်။ ရှေးအခါကမအောင်ဖြူဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခပ်ခေါင်ခေါင် တောမြို့လေးတစ်မြို့မှာ နေထိုင်ပြီးသူမရဲ့ခင်ပွန်းထောင်ကလွှတ်ဖို့ စောင့်မျော်နေရပါတယ်။

တစ်နေ့မှာတော့ သူမနေထိုင်သောမြို့တွင် ရဲမက်များသည် မြို့တံခါးတိုင်ထူရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရသောကြောင့် ဗေဒင်ဆရာအား သွားရောက်မေးမြန်းကြရာထိုဗေဒင်ဆရာမှ နေမွန်းတည့်ချိန် ၁၂ နာရီတိတိတွင်ခမောက်ဆောင်းထားပြီး သပြေပန်း ၂ ခက်ထိုးလာသောတနင်္ဂနွေ သမီးမိန်းမတစ်ယောက် ဤလမ်းမှ ဖြတ်လာပါကအရှင်လတ်လတ် ဖျာလိပ်နှင့်ပတ်ကာမြေမြုပ်ပြီးမှတိုင်စိုက်ထူပါက အောင်မြင်မည်ဟုဟောကြားခဲ့ပါသည်။

ကံဆိုးစွာဖြင့် မအောင်ဖြူ ခမျာ နေမွန်းတည့်ချိန်တွင် ခမောက်လေးဆောင်း၍ သပြေနှစ်ခက်ကိုထိုးကာသူမ၏ယောင်္ကျားအား ထမင်းထုပ်ပို့ရန်သွားခဲ့လေသည်။ ရဲမက်များက သူမကို မြင်သော်စုံစမ်းမေးမြန်းရာတွင် ဟောကြာချက်အတိုင်းအတိအကျဖြစ်နေသောကြောင့် သူမကိုအရှင်လတ်လတ်ဖျာနဲ့ပတ်ကာ မြေမြှုပ်သတ်ခဲ့ကြလေသည်။

ထိုသို့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သောရဲမက်များအားအလွန်ကြောက်ရွံ့သောကြောင့် ယောက်ျားဆိုလျှင် လွန်စွာနာကျဉ်းမုန်းတီး သွားသည်ဟုလည်း သိရှိရပါတယ်။ သူမသေဆုံးရပုံကိုအချို့ကလည်း နောက်တစ်မျိုး ပြောဆိုကြပါတယ်။ ဒါကတော့ သူမသိပ်ချစ်ရတဲ့ သူမယောက်ျားဟာ သူမကိုသစ္စာဖောက်တဲ့အပြင် သူမကိုဖျာလိပ်နဲ့ပတ် ကြိုးချည်ပြီး ရက်ရက်စက်စက် မီးရှို့သတ်ခဲ့တာကြောင့်လည်း သူမဟာ ယောက်ျားများအားအလွန်ရွံမုန်းသောဖျာလိပ်သရဲမအဖြစ် ကူးပြောင်းသွားကြောင်းမူကွဲရာဇဝင်အနေနဲ့ သိရှိရပါတယ်။

ကစားမည် လူဦးရေ – မိန်းကလေး ၄ ယောက်နှင့် အထက်လိုအပ်သောပစ္စည်းများ- ဖျာလိပ် ၁ လိပ်- အကျီ င်္ အနီ ၊ ထမီ အနီ တစ်စုံ- သနပ်ခါး- နူတ်ခမ်းနီ- မှန် တစ်ချပ်- ကြိုး တစ်ချောင်း- သပြေပန်း ၁ ခက်ကစားနည်း(၁) အလုံပိတ် အခန်း တစ်ခုထဲသို့ ဖျာလိပ်တစ်လိပ်ကို ယူလာပါ။ ကစားမည့်အခန်းထဲတွင်မိန်းမပျို ၄ ဦး နှင့် အထက်မှ အပအမျိုးသားတစ်ယောက်မျှမရှိစေရပါ။

(၂) ထိုဖျာလိပ်ကို ခေါင်းနှင့် ခြေထောက် ဟူ၍ ခွဲခြား သတ်မှတ်ပါ။

(၃) ခေါင်းဟုသတ်မှတ်ထားသော ဖျာ၏ အထက်ပိုင်းကို အကျီ အနီရောင်ဝတ်ဆင်ပေးပြီး၊ အောက်ပိုင်းကို လုံချည် အနီ ကို ပတ်ကာ ကြိုး ဖြင့် ခါးလည်မှ ခိုင်မြဲစွာ စည်းနှောင်ပါ။

(၄) ထိုနောက် မျက်နှာဟု မိမိ သတ်မှတ်ထားသော အပိုင်းတွင် သနပ်ခါး ပါးကွက် နှစ်ကွက်ကွက်ကာ နူတ်ခမ်းနီ ဆိုးပေးပါ။ ခေါင်းတွင် နတ်ပန်းကို ပန်ပေးပါ။

(၅) ထို့နောက် ကစားသူ လေးဦးက ဖျာလိပ်ကို အောက်ခြေမှ ပြိုင်တူ မရပါမည်။

(၆) ထို မ ထားသော ဖျာလိပ်၏ သနပ်ခါးလိမ်းထားသော မျက်နှာအပိုင်းနှင့် တတန်းထဲတွင် မှန်ကို ချိတ်ဆွဲရမည်။(၇) ထို့နောက် ကစားသူတစ်ဦးမှ ဦးဆောင်ကာ ဖျာလိပ်နတ်ကို ခေါ်ယူရပါမည်။

(၈) ဖျာလိပ်ကို မလျှက် အနေအထားဖြင့် “အဘောင် မအောင်ဖြူ၊ အဘောင် မအောင်ဖြူ…. အကျွန်မတို့နဲ့ ပျော်ဖို့ပါးရဖို့ ရောက်ရာ အရပ်က ကြွလာပါ” ဟု ဦးဆောင်ကာ ပင့်ဖိတ်ရပါမည်။

(၉) ဖျာလိပ်သည် နဂိုထက် သိသိသာသာ လေးလံလာပြီ ဆိုပါက ကစားနည်း အသက်ဝင်ပြီဟု မှတ်ယူရမည် ဖြစ်သည်။

(၁၀) သင်သည် ကစားနည်း အတွင်းသို့ ရောက်နေကြောင်း ပို၍ သေချာစေရန်၊ “အဘောင် မအောင်ဖြူ၊ ရောက်နေပြီဆိုရင် သမီးတို့ကို ခုန်ပြပါ” ဟု ဝိုင်းဝန်း တောင်းဆိုပါ။ လက်ထဲမှ ဖျာလိပ်သည် သူ့ အလိုလို မသိမသာ ကြွလာ၊ ယိမ်းလာ ပါလိမ့်မည်။

(၁၁) ထိုနောက် သင်တို့ မေးလိုသည့် Yes or No မေးခွန်းများကို မေးနိုင်မည်ဖြစ်သည်။ ဥပမာ – ‘ မိမိ ချစ်သူနဲ့ပေါင်းဖက် ရပါမလား။ ပေါင်းရမယ်ဆိုကျွန်မ ကို ခေါင်းပုတ်ပြပါ မပေါင်းရပါက ခုန်ပြပါ’ စသည်ဖြင့် မေးမြန်းနိုင်ပါသည်။ ဟုတ်သည် ဆိုပါက သင်၏ခေါင်းကို ညှင်သာစွာ ပုတ်ခတ်မည် ဖြစ်ပြီး၊ မဟုတ် ဟု ဆိုပါက ဖျာလိပ်က အနည်းငယ် ခုန်ကြွလာမည်ဖြစ်သည်။

(၁၂) မိမိ သိလိုရာ မေးခွန်းများ မေးမြန်းရင်း ‘အဘောင် မအောင်ဖြူ၊ မှန်ကြည့်ပါဦး’ ဟု မှန်ကို ပြပေးပြီး၊ ကစားသူများက “အဘောင်မအောင်ဖြူ အရမ်း လှတယ်” ဟု ပြောဆိုပေးပါက ဖျာလိပ်က အလွန်ပျော်ရွင်ကာ လှုပ်ခတ်လာပါလိမ့်မည်။ ဤသို့ မြှောက်ပင့်ပြောဆိုလိုက် မေးခွန်းများ မေးလိုက် တစ်လှည့်စီ ပြုလုပ်ပေးပါက သူမသည် မိမိတို့၏ မေးခွန်းများကို စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြား ပေးမည်ဖြစ်သည်။

ကစားနည်း အဆုံးသတ်ခြင်း

(၁) ကစားနည်း အဆုံးသတ်လိုပါက “အဘောင် မအောင်ဖြူ အကျွန်တို့နဲ့ ပျော် လို့ပါးလို့ပြီးပါပြီ လာ ရာ အရပ်သို့ပြန် လို့ရပါပြီ” ဟု လေးလေးစားစားဖြင့် ပြောဆိုပြီး ပြတင်းပေါက်များကိုလည်း ဖွင့်ပေးလိုက်ပါက ပြန်လည်ထွက်ခွာသွားမည် ဖြစ်သည်။

(၂) ဖျာလိပ်နတ်ထွက်သွားသောအခါ ဖျာလိပ်မှာလည်း ပြန်လည် ပေါ့ပါးသွားပါလိမ့်မည်။

(၃) ကစားနည်း အဆုံးသတ်ကြောင်း ပိုမို သေချာစေရန် မှန်ကိုပြ၍ ‘အဘောင် မအောင်ဖြူ၊ မှန်ကြည့်ပါဦး’ ၊ “အဘောင်မအောင်ဖြူ အရမ်း လှတယ်” ဟု ထပ်မံ ပြောဆိုပေးပါက မည်သည့်လှုပ်ရှားမှုမျှ တွေ့ရမည် မဟုတ်ပေ။ အကယ်၍ ရှိနေသေးလျှင် ဖျာလိပ်က ခုန်လိမ့်မည်။ သတိပြုရန်- ဖျာလိပ်နတ်အား ရိုင်းစိုင်းစွာ နောက်ပြောင် ပြောဆိုခြင်း လုံးဝ မပြုရ။

သင့်မေးခွန်းမှန်ကန်ကြောင်း ညင်သာစွာ ခေါင်းပုတ်၍ ဖြေကြားပါက ကြောက်လှန့်၍ မအော်ရ။ ထိုသို့ ပြုလုပ်မိပါက သင့်အား ဖျာလိပ်နတ်မှ စိတ်ဆိုးပြီး၊ အကြိမ်ကြိမ် ရိုက်နှက်ပါလိမ့်မည်။ –

အချို့သူများသည် ဖျာလိပ်နတ်ကို မနှင်တတ်တော့လျှင် အမျိုးသားတစ်ဦးကို ခေါ်ပြီး၊ အလွယ်တကူ နှင်ထုတ်တတ်ကြသည်။ ထိုသို့ ပြုလုပ်မိလျှင် ခေါ်ယူသော အမျိုးသမီးကို ၃ ရက်ခန့် ဝင်ရောက် ပူးကပ်ပြီး၊ ဖျားနာအောင် ပြုလုပ်ပြီး အပြစ်ပေးတတ်ပါသည်။

နောက်ဆုံးအနေဖြင့်ဤကစားနည်းကို စတင်ပြီးပါက နောက်သို့ပြန်လှည့်ရန် နည်းလမ်းမရှိပါ။ ပြီးဆုံးအောင် လုပ်ဆောင်ရပါမည်။ သင်ပြီးဆုံးအောင်လုပ်ဆောင်နိုင်မည်ပြု မယူဆလျှင် အစကတည်းက မကစားပါနှင့်။ပေါ့ပေါ့ပါးပါးဖြင့်ဖတ်ပြီးဗဟုသုတအသိအနည်းငယ်မျှတိုးရုံသာ ။

အန္တာရာယ်ကင်းစွာ မေးမြန်း ဆော့ကစားနိုင်ကြပါစေ။

by Aung

#winhlaingoo

Likes:
0 0
Views:
2250
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *