ယောအတွင်း ဝန်ဦးဖိုးလှိုင်

ယောအတွင်းဝန်ဦးဖိုးလှိုင်သည် အာယုဒါယအသက် အပိုင်းအခြားကိုနားလည်သဖြင့်သူ မကွယ်လွန် မီတစ်လခန့်ကြို၍ ငယ်သူငယ်ချင် ဦး တူဆိုသူကိုသူ့အိမ်မွာခေါ်ထားသတဲ့ ။ သီးခြားအဆောင်နှင့်အတူနေသတဲ့

” မောင်တူရေ ,,မင်းနဲ့ငါကငယ်သူငယ်ချင်းတွေ ,,ငါ့ကိုမင်းကြီးလို့စိတ်မစွဲနဲ့ ,,ဘုရားမထူးနဲ့ ,,အရိုအသေမပြု နဲ့ ,,တို့များကျောင်းနေတုန်း က လိုဘိုး လှိုင် ပဲ ခေါ် ,,ငါ လည်းမင်းကိုမောင်တူပဲခေါ် မယ် ,,ငယ်ငယ်တုန်းကလိုကျောင်းသား စိတ်မျိုးနဲငါ့ကိုစကားပြော ,,ငါ့နားမှာ တစ် လ နေ ,,မင့်သားမယားအတွက်ငွေဒင်္ဂါး ၂၀၀ လူကြုံနဲ့ပို့လိုက် ,,

ငါ့ကိုလည်းမင်းကျွေးချင်တာချက်ကျွေး ,,ဘာစားမလဲမမေးနဲ့ ,,မင်းကျွေးတာငါစားမယ် ,,မင်းပြောတာငါနားထောင်မယ် ,,ဒီအခန်းကိုငါ့ဇနီး ဝန်ကတော်တောင်မဝင်စေနဲ့ ”

သည်လိုစည်းကမ်းထား ပြီးငယ်သူငယ်ချင်းနှစ် ယောက်ငယ်ငယ် ကလိုပြော ဆိုရယ်မောနေကြသတဲ့ ။ကျောင်းစာတွေကို တစ်လှည့်စီ ပြန် အံကြသတဲ့ ။တရားအတူတူ ထိုင်တရားဆွေးနွေးကြသတဲ့ ။နေ့စဉ်ညအိပ်ခါနီးဘုရားဝတ်တက် ၊တရားရှုမှတ် ပြီးလျင်မဟာ သတိပဋ္ဌာန်သုတ်တော်ကိုဦးတူကို ရွတ်ဖတ်စေပြီးနာယူပြီးမှသာ ဓုခေါ် ကာအိပ်သတဲ့ ။

တစ်လပြည့်တဲ့ညမှာ ” မောင်တူရေ ,,ဒီညငါစောစောအိပ်မယ် ,,သတိပဋ္ဌာန်တရားတော်ရွတ်ပေးပါကွယ် ,,ငါတရားနာရင်းအိပ်မယ်,,သုံး ချက်တီးကျော်ရင်ငါ့ကိုနှိုးပါ ”လို့ မှာပြီးအိပ်သတဲ့ ။

ဦးတုလည်းမဟာသတိပဋ္ဌာန်သုတ် ကိုတစ်ညလုံး ရွတ်ဆိုပြီးသုံး ချက်တီးကျော်လို့ယော မင်းကြီးဦးဘိုးလှိုင်ကို နှိုးတဲ့အခါဝိညာဉ်ချုပ်နေပြီ တဲ့ ။

( သည်နေရာမှာ လယ်တီဆရာတော်ကြီး နှင့်အပြန်အလှန် ဆရာတပည့်ဖြစ် သောယောမင်းကြီး ကရွေးချယ်ခဲ့ သောကလျာဏမိတ္တ ဦးတူ၏ဓမ္မအဆင့်ကိုချင့်ချိန် စေလိုပါ၏ )

ကျွန်တော်တို့တတွေလည်းယောမင်းကြီး ဦးဖိုးလှိုင်ကို အတုယူသင့်ပါကြောင်းရှူမြင်သုံးသပ်မိပါတယ်

credit…

ဦးမြင့်ခိုင်#sai myo win&SaiMyoWin

Likes:
0 0
Views:
1398
Article Categories:
KNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *