ဒီခေတ်မှာ မိန်းခလေးတစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ

ဒီခေတ်မှာမိန်းခလေးတစ်ယောက် မြတ်မြတ်နိုးနိုးနဲ့အချစ်ခံရဖို့ဆိုတာရှားသွားပြီ

မိန်းခလေးတွေ သေချာဖတ်

ဒီခေတ်မှာ မိန်းခလေးတစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ

မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ ချစ်ဖို့ဆိုတာ ဟာသတစ်ပုဒ်လိုတောင် ဖြစ်နေပြီ

ရည်းစားထားတာ အလှထိုင်ကြည့်ပြီး ဘာလုပ်ရမှာလဲ ကိုယ်မစားလည်း သူများစားမှာပဲ ဆိုတာတွေကပါသေးတယ်

သူများသုံးပြီးသား ညစ်နွမ်းနေတဲ့ ပုဝါလိုမျိုး အရင်လူနဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာကို တန်ဖိုးကြီး ပစ္စည်းလို တန်ဖိုးထားနေလည်း အလကားပဲဆိုတဲ့ လူတွေနဲ့

ဒီလိုခေတ်ထဲမှာ မိန်းမဖြစ်ရတာ လူသုံးကုန် ပစ္စည်းတစ်ခုလိုပဲ

ပိုက်ဆံတတ်နိုင်တဲ့သူတွေက သူတို့လိုအပ္တာကို ပိုက်ဆံပေးပြီး ဝယ်တယ်

တမင်ယုတ်မာတဲ့သူတွေက အချစ်ဆိုတာကို အသုံးချပြီး ကိုယ်လိုချင်တာကို ရအောင်ယူတယ်

ကတိတွေပေးတယ် မျှော်လင့်ချက်တွေ ပေးတယ်၊ တစ်ဖက်မိန်းကလေးရဲ့ အနာဂတ်တွေကို အိပ်မက်တွေပေးပြီး စိတ်ကြိုက်ခြယ်လှယ်နေတာ

ပြည့်တန်ဆာနဲ့ အိပ်တတ်တဲ့ ယောက်ျားတွေက မယုတ်မာဘူး တန်ရာတန်ကြေးပေးပြီး သူတို့လိုအပ်တာကို ဝယ်တာ

ချစ်ပါတယ်ဆိုပြီး အတူအိပ်ချင်ကြတဲ့ ယောက်ျားတွေကတော့ ပိုပြီး ယုတ်မာတယ်

ပိုက်ဆံပေးစရာ မလိုတဲ့အပြင် လူတစ်ယောက်ရဲ့ ဘဝရော နှလုံးသားရော သေအောင် သတ်သွားတာမျိုးပေါ့

မိန်းခလေးဖြစ်ပြီး အညှာလွယ်တာကိုး အယုံလွယ်တာကိုးလို့ ပစ်စလတ်ခတ် ပြောချင်ရင် ကိုယ်တိုင်ကရော တကယ်ချစ်ရင် ဘဝပေးပြီး သက်သေပြပါလို့

ကိုယ်လုပ်ချင်တာ လုပ်ပြီးသွားတော့မှ အရင်လူတွေနဲ့ ပတ်သက်ခဲ့မျှ နွားအဖြစ်မခံနိုင်ဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ ရှောင်ထွက်မယ်ဆိုလည်း အစတည်းက အခွင့်အရေး မယူကြနဲ့

ပြောချင်တာက မိန်းခလေးတစ်ယောက်ကို တကယ်မချစ်ပဲ အသုံးမချပါနဲ့

မြတ်နိုးတဲ့ စိတ်နဲ့ချစ်ပါ၊ တန်ဖိုးထားတဲ့ စိတ်နဲ့ချစ်ပါ

မိန်းမသားတွေကို ကိုယ့်မျက်လုံးထဲမှာ အားနွဲ့တဲ့ လူသားတွေလို့မြင်ပါ

ကိုယ့်ကို အားကိုးတတ်တဲ့ ကိုယ့်ညီမလေးတွေလို မြင်ပါ

ဘယ်လိုပဲ ရင်ဘောင်တန်းပါစေ မိန်းမက မိန်းမပါပဲ

တခြားအရာတွေ ယှဉ်လို့ရချင်ရမယ် ကြေလွယ် နွမ်းလွယ်တဲ့ နေရာမှာတော့ မယှဉ်နိုင်အောင် ထိခိုက်လွယ်ပါတယ်

ခြေသုတ်ပုဝါလို့ လူတွေသတ်မှတ်ထားတဲ့ ပုဝါတစ်ခုကို ခြေသုတ်တာ ကိုယ့်အပစ်မဟုတ်ဘူး

လက်ကိုင်ပုဝါတစ်ခုကို ခြေသုတ်ပြီး နောက်လူတွေပါ ထပ်သုတ်အောင် စွန့်ပစ်ခဲ့ရင်တော့ ကိုယ့်အပြစ်ဖြစ်သွားပြီ

ကိုယ့်ကြောင့် ညစ်နွမ်းခဲ့မယ်ဆိုရင်လည်း အဲဒီလက်ကိုင်ပုဝါလေးကို လွှတ်မချပဲ တစ်သက်လုံး မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားသိမ်းဆည်းတတ်ပါစေ

Credit

Likes:
0 0
Views:
680
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *