နိုင်ငံပိုင် သတင်းစာအချို့တွင် စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း လိမ်လည် ဖော်ပြထား

နိုင်ငံပိုင် သတင်းစာအချို့တွင် စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း လိမ်လည် ဖော်ပြထား

မြန်မာတစ်ပြည်လုံး၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက ၎င်းတို့ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ကို ကုလနှင့် ကမ္ဘာ့နိုင်ငံများက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သည်ဟု ဆိုကာ စစ်ကောင်စီ အသုံးအနှုန်းများကို နိုင်ငံခြားသတင်းဌာနတွင်တာဝန်ထမ်းဆောင်သူများအနေဖြင့် သတင်း၌ ထည့်သွင်းအသုံး မပြုရန် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် ကြေငြာခဲ့သည်။

စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း လိမ်လည်ဖော်ပြထား ကြောင်း ယနေ့ထုတ် သတင်းစာမှာတွေ့ရပါတယ်။

စစ်ကောင်စီ၊ စစ်အစိုးရဟုဘသတင်းများ၌ ဆက်လက်သုံးစွဲနေမည်ဆိုလျှင် တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင်သတိပေးထားသည်။

ယနေ့ထုတ်သတင်းစာ “နိုင်ငံခြားသတင်းဌာနအချို့က ကမ္ဘာ့ပြည်သူများကို သတင်းမှားများချပြပြီး ပြည်သူများအား သတင်းအဆိပ်သင့်အောင်၊ နိုင်ငံပျက်စီးရာ ပျက်စီးခြင်းများဖြစ်ပေါ်အောင် တိကျသေချာမှုမရှိသောသတင်းများကို ကိုးကားချဲ့ကားရေးသားဖော်ပြမည့်အစားသတင်းမီဒီယာကျင့်ဝတ်နှင့် အညီရေးသားဖော်ပြကြရန် အထူးလိုအပ်ပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်များ ဦးဆောင်လှုပ်ရှားနေခြင်းကြောင့် စစ်အစိုးရဟု ခေါ်ခြင်းဖြစ်ပြီး အမှန်အတိုင်းပင် ဆက်လက်ရေးသားသွားမည်ဟု နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးကပြောသည်။

“ဒါက သတင်းလွပ်လပ်ခွင့်ကို ထိန်းချုပ်တာပေါ့၊ ကျွန်တော်တို့ကတော့ သတင်းတွေကို အမှန်အတိုင်းပဲ ဆက်ပြီး‌ရေးသားနေမှာပဲ။ ဒီလိုသတိပေးတယ်ဆိုတာတွေက အခုကတည်းက မဟုတ်ပါဘူး။ စစ်တပ်က တာဝန်ယူပြီဟေ့ဆိုတာနဲ့ သူတို့ကြိုက်သလိုမရေးရင် နှိပ်ကွပ်တာက ဟိုးအရင်ကတည်းကပါပဲ” ဟု ၎င်းကဆိုသည်။

ဒါ့အပြင် အရေးပေါ်အခြေအနေကာလကို ကျော်လွန်သည်အထိ မတည်မငြိမ်ဆက်ဖြစ်နေပါက သက်ဆိုင်ရာတာဝန်ရှိသူထံတင်ပြပြီး နောက်ထပ်သက်တမ်းတိုးသွားရလိမ့်မည်ဖြစ်သော်လည်း ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မည်ဟု မင်းအောင်လှိုင်ပြောကြား။ လက်ရှိနိုင်ငံရေးအခင်းအကျင်းဖြစ်သော အာဏာသိမ်းမှုလုပ်ငန်းစဉ်သည် မဲမသမာမှုများကို ဖြေရှင်းပေးခြင်းသို့မဟုတ်တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဆိုသော လမ်းစဉ်များကို

ကျော်လွန်၍ အာဏာအတင်းရယူလိုသည့်အဆင့်ကျော်မှုမျိုးများကြောင့် ဖြစ်လာရသည်ဟုလည်း ရုရှားမီဒီယာနှင့်သီးသန့်အင်တာဗျုးတွင် ထည့်သွင်းပြောကြားသည်။ ” ကျွန်တော့်မှာ ဒီအခြေခံဥပဒေဟာ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့ လုပ်လို့ရပါတယ်။

ဒါကို မပြီးမြောက်ဘူးဆိုလိုရှိရင် တာဝန်ရှိတဲ့အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ (၆) လတစ်ကြိမ် (၆) လတစ်ကြိမ်သက်တမ်းနှစ်ကြိမ်တိုးခွင့်ရှိတယ်။ အားလုံး နှစ်နှစ်ပေ့ါ။

အဲဒီတော့ အကြမ်း ဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ ဖြေလို့ရတာပေါ့ဗျာ။ အခု တိုင်းပြည်ရေးရာဟာလက်ရှိအခြေအ နေမှာတော့ ကျွန်တော်တို့ဟာ ၁၀၀ ရာခိုင် နှုန်း အားလုံးပြီးပြီးဆိုတဲ့၊တည်ငြိမ်အေး ချမ်းပြီဆိုတဲ့ အခြေအနေတော့ မရောက်သေးတဲ့ အခြေအနေရှိတာကိုး။ဒါ့ကြောင့် ဒါကိုလည်းထည့်ပြီးစဉ်းစားဖို့တော့လိုပါတယ်။

နည်းနည်းတော့ ကျွန် တော်ပြောဖို့တော့ စောသေးတယ်။ သို့သော် လည်းအကြမ်းဖျင်း နှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ် ” ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

Crd. ..

Likes:
0 0
Views:
1000
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *