အမေစုကို တရားရုံးက သူ့ကံကြမ္မာကို ဆုံးဖြတ် ပေးလိမ့်မယ်လို့ စစ်ခေါင်းဆောင်…

အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ အာဏာသိမ်း အကြမ်း ဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ရုရှားရဲ့ RIA သတင်းအေဂျင်စီနဲ့အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး…

အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို ဖျက်ဆီးဖို့ ကြိုး ပမ်းနေကာ နိုင်ငံတော်အာဏာကို သူတို့ထိန်းချုပ်မှုအောက်က လူတွေဆီရအောင် ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။အာရှ – ပစိဖိတ်ဒေသမှာ အကြီးမားဆုံးအန္တရာယ်တွေဟာ ဒေသတွင်းနိုင်ငံတွေရဲ့..

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနဲ့ ဆက်စပ်နေတယ်လို့သူကပြောပါတယ်။မြန်မာပြည်မှာ ဆက် လက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ် သက်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားရင်…

ရွေးကောက်ပွဲတွေကို အမြန်ဆုံး ကျင်းပသွားမယ်လို့ ဆိုပါတယ်။ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအား လုံး ပါဝင်နိုင်ပြီး ရွေးကောက်ပွဲဥပဒေတွေကို ပြောင်းလဲသွားဖို့ မရှိကြောင်းလဲ ကတိပေးလိုက်ပါသေးတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို..

ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး တရားရုံးက သူ့ကံ ကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။မင်းအောင်လှိုင်ဟာ နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို လာရောက်တာဖြစ်ပြီး ရုရှားရဲ့ လေကြောင်းရန်..

ကာကွယ်ရေးစနစ်တွေကိုဝယ်ယူရေးနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံဟာ ရုရှရဲ့ Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးပမာဏ ၂ သန်း ဝယ်ယူဖို့လည်း ကြည့်နေကြောင်း ပြောသွားပါတယ်။..

Crd

Likes:
0 0
Views:
1228
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *