ကျောင်းမပိတ်ဘဲ Maskတပ်ပြီးစာသင်ကြဖို့ သားသမီးချင်းကိုယ်ချင်းစာကြောင်းစစ်ကောင်စီပြော

ဧရာဝတီတိုင်းထဲက ကျောင်းတွေမှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာပေမယ့် Maskတပ်ပြီး စာသင်ဖို့ စစ်ကောင်စီညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြမြို့၊ မအူပင်မြို့၊ လပွတ္တာမြို့တွေမှာ ကျောင်းဆရာမတွေနဲ့ကျောင်းသား ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံနေရပေမယ့် စာသင်ကျောင်းတွေကို ယာယီရပ်နားခြင်းမရှိဘဲMask တပ်ပြီး စာဆက်သင်ကြားဖို့ စစ်ကောင်စီရဲ့ လက်အောက်ခံ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံးကအကြောင်းကြားစာထုတ်ပြန်ခဲ့ပါတယ်။

မြောင်းမြမြို့မှာ စာသင်ကျောင်း ၃ကျောင်းမှ ဆရာမတွေအပါအဝင် ကျောင်းသား၊ကျောင်းသူအချို့ ကိုဗစ်ကူးစက်ခံခဲ့ရသော်လည်း ကျောင်းများကို ယာယီရပ်နားခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်နေတာကြောင့် မိဘတွေအနေနဲ့ကလေးတွေကို ကျောင်းကိုစေ လွှတ်ခြင်း မရှိဘဲနဲ့သာ ကိုဗစ်ကူးစက်ခြင်းကို ကာကွယ်နေရပါတယ်။

မအူပင်မြို့မှာလည်း ကျောင်းဆရာမတစ်ဉီးမှာ ကိုဗစ်တွေ့ရှိပေမဲ့ ဆရာမနဲ့အတူတူ စာသင်ခဲ့တဲ့ ကလေးတွေကို ရောဂါပိုးစစ်ဆေး ပေးခြင်းမရှိခဲ့ပါဘူး။

ဒါ့အပြင် လပွတ္တာမြို့က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ မူလတန်းပြဆရာမတစ်ဉီးဟာ စာသင်ကျောင်းမှာတင်မကနေအိမ်တွေအထိ ကျူရှင်လိုက်လံသင်ကြားပေးနေသူဖြစ်ပေမယ့် သူနဲ့ထိစပ်မိသူအားလုံးကို Quarantine ထားရှိတာရောဂါပိုးစစ်ဆေးပေးတာတွေ လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။

“နိုင်ငံရေးနဲ့မပြောချင်ဘူး ကျန်းမာရေးနဲ့ပြောမယ်၊ ဒီအချိန်မှာ ကျောင်းဖွင့်တာကိုပဲ အဓမ္မလိုချင်သူရော၊ ကျောင်းတက်ပြီး ကလေးတွေကို မတက်မနေရလုပ်နေသူ ဆရာ၊ဆရာမရော၊ ဒါကြီးကိုလည်ပတ်ဖို့ ကျောင်းကိုပို့နေတဲ့ မိဘတွေရောက ကိုယ့်မြို့ဒေသမှာ ရောဂါကူးစက်မှု စက်ဝန်းပိုကျယ်အောင် လုပ်နေတဲ့ တရားခံတွေပဲ၊

ပိတ်ကိုပိတ်ပေးမှရတော့မှာကို စစ်တပ်ကို ကြောက်ပြီးမျက်နှာလိုမျက်နှာရ လုပ်နေပြီး ကျောင်းဆက်ဖွင့်ပြတာ Mask တပ်ပြီးစာသင်ခိုင်း တာဟာ ဘယ်လောက်များ သေချာမှာမို့လည်း လက်; နက်နဲ့လူသက်သလို ရောဂါနဲ့ပါ လူသေနေစေတာ”လို့ အခြေခံပညာ ပညာရေးလုပ် သားများ သမဂ္ဂ ဗဟိုကော်မတီဝင်ဖြစ်သူ CDMပြုလုပ်နေတဲ့ကျောင်းအုပ်ဆရာကြီး ဉီးအောင်ကျော်ဇောကပြောပါတယ်။

Likes:
0 0
Views:
1339
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *