စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားစွဲနိုင်ရန်အတွက် NUG ဘက်မှ ကြိုးပမ်းချက်က အားရစရာ

အာဏာသိမ်းစစ်ကောင်စီကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC တွင် တရားစွဲနိုင်ရေးအတွက် NUG အနေဖြင့် ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရန်ပြင်ဆင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဦးမိုးဇော် ဦးက မနေ့ပြုလုပ်သည့်…

သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။“ICC ကိုသွားဖို့ လမ်းကြောင်း အမျိုးမျိုးရှိတဲ့အထဲမှာ ရောမသဘော တူစာချုပ်အဖွဲ့ဝင်နိုင်ငံအနေနဲ့ တင်တာက အသင့်တော်ဆုံးလို့ ယူဆတဲ့အတွက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးနိုင်ဖို့ရှေ့နေတွေနဲ့ တိုင်ပင်နေပါတယ်” ဟု ဦးမိုးဇော် ဦးက ပြောသည်။…

ထို့သို့လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကုလသမဂ္ဂ၏ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တရားဝင် အသိ အမှတ်ပြုမှုရရန်လည်း လိုအပ်သည့် အတွက်လည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောခဲ့သည်။ရောမစာချုပ် အပိုဒ် ၁၁ တွင် အမျိုးသားနိုင် ငံတစ်ခုက ဤစာချုပ်၏ အဖွဲ့ဝင်အဖြစ်…

မှတ်ပုံတင်သွင်းမှု ပြီးမြောက်သည့်အခါမှ ICC ၏ စီရင်ပိုင်ခွင့် စတင်အကျိုးသက်ရောက်သည်ဟု ဖော်ပြထား သည်။အပြည်ပြည် ဆိုင်ရာတရားရုံးတွင် အမှုတစ်ခုကို တရားရုံးကိုင်တွယ်နိုင်ရေးအတွက် ရာဇဝတ်မှုသည် အဖွဲ့ဝင်နိုင်ငံမှ နိုင်ငံသား ကျူးလွန်ခြင်း၊ အဖွဲ့ဝင်နိုင်ငံ၏နယ်မြေတွင် ဖြစ်ပွားခြင်း သို့မဟုတ်…

တရားရုံး၏ တရားစီရင်မှုကို လက်ခံထားသည့် နိုင်ငံတစ်ခုတွင် ဖြစ်ပွားခြင်းတို့ဖြစ်ရမည်။သို့မဟုတ် ကုလ သမဂ္ဂပဋိညာဉ် အခန်း ၇ အရ လုံခြုံရေးကောင်စီက အပြည်ပြည်ဆိုင်ရာတရားရုံး တရားလိုရှေ့နေများထံသို့ လွှဲပြောင်းပေးသည့် ရာဇဝတ်မှုဖြစ်ရမည်။ လုံခြုံရေးကောင်စီ၏ ညွှန်းဆိုမှုမရှိပါက တရားလိုရှေ့နေများ…

အနေနှင့် ၎င်းတို့ကိုယ်တိုင် စုံစမ်းမှုလုပ်ဆောင်နိုင် သည်။လူမျိုး တုံးသ တ်ဘဖြ တ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှု၊ စစ်ရာဇဝတ်မှုတို့ကိုသာ ယင်းတရားရုံးက ကြားနာစစ်ဆေးမှုပြုသည်။ “အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲလို့ရတဲ့ အကြောင်း အရာတွေထဲကမှ စစ်ကောင်စီကိုတော့…

လူသားမျိုးနွယ်အပေါ်မှာ ရာဇဝတ်မှုကျုးလွန်တာနဲ့ စွဲဖို့ ပြင်ဆင်နေပါတယ်” ဟု NUG ၏ တရားရေးဝန်ကြီး ဦးသိန်းဦးကပြောသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ပထမဆုံးအကြိမ် စီရင်ချက်ချမှတ်မှု ၂၀၁၂ ခုနှစ် မတ် လတွင် ပေါ်ပေါက်ခဲ့သည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မ တနိုင်ငံ၏ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ…

သောမတ်လူဘန်ဂါကို စစ်ပွဲအတွင်းကလေးစစ်သားအသုံးပြုမှုဖြင့် ထော င်ဒ ဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ တရားရုံးသို့ ရောက်ရှိလာသည့် ရာထူးအကြီးဆုံးပုဂ္ဂိုလ်သည် အိုင်ဗရီကို့စ်သမ္မတဟောင်း လောရန့်ဂတ်ဘိုဖြစ်ပြီး ၎င်းကို လူသတ်မှု၊ မု_ဒိ_န်း မှု၊ လိ_င်_ပို_င်း အကြမ်းဖက်မှု၊ လူသားမဆန်စွာပြုမူမှုများဖြင့်…

၂၀၁၁ ခုနှစ်တွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။အခြားသော လူသိများသည့်ဖြစ်စဉ်သည် ကင်ညာသမ္မတ ယူဟူရာကန်ယတာကို ၂၀၀၇-၀၈ ရွေးကောက်ပွဲအပြီးပေါ်ပေါက်လာသည့် လူမျိုးစုအကြမ်းဖက်မှုများကြောင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့မှု ဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်ဒီဇင်ဘာလတွင် အဆိုပါအမှုကို တရားရုံးကရပ်ဆိုင်းခဲ့သည်။…

Crd

Likes:
0 0
Views:
913
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *