လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ်

လူတိုင်းသိချင်သော “မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည်” ဆိုသော တဘောင်၏ အဓိပ္ပါယ်

စွန်းလွန်းဆရာတော်သည် ရဟန္တာဟု ကျော်ကြားသလို ဝန်ကြီးချုပ်ဟောင်း ဦးနု၏ကိုးကွယ်ကြည်ညိုသော ဆရာတော်တစ်ပါးလည်း ဖြစ်လေသည်။ရဟန္တာဟူသော ပုဂ္ဂိုလ်တို့သည် ရှေ့ဖြစ်လာမည့် အရာများကို သိမြင်နိုင်စွမ်း ရှိသလို ပညာဉာဏ် တန်ခိုးများလည်း ပြည်စုံ၏။ ဟုတ်တိုင်း မှန်ရာသာလျှင် မိန့်လေသည်။

၁၉၄၈ မှ ၁၉၆၂ အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဦးနုသည် ထိုအချိန်က ကျော်ကြားနေသော( မင်းလေးပါးဆုံ ရွှေတိဂုံကိန်းကျမည့် တဘောင် )အားဆရာတော်ထံ မေးလျှောက်လေသည်။

ဦးနု အမေး။ ။ အရှင်မြတ်ဘုရား ဒီတဘောင်ဟာမြန်မာပြည်မှာ မင်းလေးပါး ပေါ်မှာလား( ဒါမှမဟုတ် )အာဏာလုပွဲ ဖြစ်မှာလား ( ဒါမှမဟုတ် )တခြားတိုင်းပြည်ကမင်းလေးပါး လာဆုံမှာလားဘုရား။

ဆရာတော်အဖြေ။ ။ ဒကာတော်ကြီးဦးနု ထင်သလိုမဟုတ်ပါ။ မစိုးရိမ်ပါနဲ့။ ဒီတဘောင်ဟာ ဆန်းကြယ် နက်နဲလှပါတယ်။ ဒီတဘောင်ရဲ့ ရှေ့ ဆက်ဖြစ်လာမယ့်အရာသည်

သာသနာနှစ် ( ၂၆ဝဝ ) နားနီး ခရစ်နှစ်( ၂ဝ၅ဝ)လောက်မှာ သာသနာပြုမင်း (သမ္မတ)ပေါ်လိမ့်မယ်။

အဲဒီမင်းခေတ်မှာ ကျောက်သံ ပတ္တမြား၊ ရွှေ၊ ငွေ၊ နဝရတ်ကိုးသွယ်တို့ဟာ အင်မတန်မှကို ထွက်ရှိ ပေါကြွယ်လာမယ်။ အဲဒီ နဝရတ် ကိုးသွယ် အဖိုးတန်ရတနာများဖြင့် သာသနာပြုမင်းဟာရွှေတိဂုံဘုရားကို အကြီးအကျယ် ထီးတော်တင်လိမ့်မယ်။ရွှေသားအတိနဲ့ ရွှေသင်္ကန်း ကပ်လိမ့်မယ်။ပြုပြင်မွန်းမံလိမ့်မယ်။ ထီးတော်တင်ချိန်မှာ ရဟန်းများစွာ ပင့်ဖိတ်ပြီးတင်လိမ့်မယ်။

ထိုထဲမှာ သာသနာပြုမင်း ကိုးကွယ်သော ရဟန္တာဆရာတော် တစ်ပါးလည်းပါဝင်မယ်။ထီးတော်တင်ချိန်မှာ သာသနာပြုမင်း၏ ဘုန်းကံကြောင့်သော် လည်းကောင်း၊ရဟန္တာဆရာတော်ကို ကြည်ညိုကြသောကြောင့် လည်းကောင်း လေးဆူဓာတ်ပုံ ရွှေတိဂုံဘုရား ၏တန်ခိုးတော်ကြောင့် သိကြားမင်း၊ နဂါးမင်း၊ ဘီလူးမင်း တို့ဟာရွှေတိဂုံဘုရား အထက် ကောင်းကင်က နေလူမမြင်အပ်စေဘဲ လာရောက် ဖူးမြော်ကြမယ်။

[လူမင်း ဘုန်းကြီးသော် နတ်မင်း မနေသာ] ရွှေတိဂုံရင်ပြင်နဲ့ မြေပြင်မှာတော့သာသနာပြုမင်းနဲ့ ရဟန်းရှင်လူတို့ ပြည့်နေမယ်။ ဝိဇ္ဇာပုဂ္ဂိုလ်များလည်း အစုံအညီ ကြွလာကြမယ်။ အဲဒီနေ့ဟာ မကြုံစဖူးထူးကဲတဲ့ နေ့ထူးနေ့မြတ် ဖြစ်တယ်။

ရွှေတိဂုံဘုရားမှာသိကြားမင်း နဂါးမင်း ဘီလူးမင်း ဘုန်းကံကြီးတဲ့ သာသနာပြုမင်း မင်းလေးပါး ဆုံလိမ့်မယ်။ အဲဒီနေ့မှာ ပူပြင်းလှတဲ့ ရန်ကုန်မြို့တောင် မပူဘဲ နေသာလိမ့်မယ်။ထီးတော်တင်ပြီးသောအခါ စေတီတော်ကနေ ရောင်ခြည်တော် ကွန့်မြူးမယ်။ထီးတော်တင်ပြီးလို့ နောက်နေ့မှာ ( ၇ )ရက်ဆက်တိုက် မိုးကြီးရွာလိမ့်မယ်။

ထီးတော်တင်ပြီး တစ်ပတ်အကြာမှာ ဆင်ဖြူတော် ခုနှစ်စီး ထွက်ပေါ်လာမယ်။ သာသနာတော်ကြီးအရမ်းကို ထွန်းကားလိမ့်မယ်။ ကမ္ဘာအရပ်ရပ်က လူတွေတရား လာလေ့လာကြလိမ့်မယ်။

အားထုတ်ကြလိမ့်မယ်။ သာသနာပြု မင်း၏ ကြီးမားသော ဘုန်းကံ ကြီးမားသော ဉာဏ်အမြော်အမြင် ထက်မြက်သော အရည်အချင်း တို့ကြောင့်မြန်မာပြည်ကြီး အရမ်းတိုးတက် ချမ်းသာလိမ့်မယ်။ကမ္ဘာမှာ သာသနာပြန့်ပွားပြီး မြန်မာပြည်ဟာ သာသနာထီးဆောင်းတဲ့ နိုင်ငံ ဖြစ်လိမ့်မယ်ဟု ဝန်ကြီးချုပ်ဦးနုအား ဆရာတော်မှ မိန့်ကြား ဖြေကြားတော်မူလေသည်။

Likes:
0 0
Views:
1016
Article Categories:
Uncategorized

Leave a Reply

Your email address will not be published. Required fields are marked *