စစ်အာဏာသိမ်းတာဟာ ဒီမိုကရေစီကို ကာကွယ်တာဆိုပြီး မြန်မာ စစ်ခေါင်းဆောင် ပြောဆို

မြန်မာပြည်တွင်း ဒီမိုကရေစီစနစ် ပျက်ယွင်းလာနေခဲ့တဲ့ အတွက် ကြိုးစားကယ်ဆယ် ခဲ့ရတယ်လို့ မြန်မာ စစ်ခေါင်းဆောင်က မော်စကိုမြို့ နိုင်ငံတကာ အစည်း အဝေးမှာ ပြောဆိုခဲ့ပါတယ်။စစ်အာဏာသိမ်းတဲ့ လုပ် ရပ်ဟာ ဒီမိုကရေစီကို ကယ်ဆယ်တာဆိုပြီး မြန်မာ စစ်ခေါင်းဆောင်က ပုံဖော်ပြောဆိုတာ ဖြစ်ပါတယ်။..

မျက်မှောက်ခေတ် ကြုံတွေ့နေရတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ အကြောင်း နှီးနှောဖလှယ်ကြတဲ့ နိုင်ငံတကာ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စကားပြောခဲ့တာ ဖြစ်ပါတယ်။ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကမကထလုပ် ကျင်းပတဲ့ MCIS လို့ အတိုကောက်အသိများတဲ့ ၉ ကြိမ်မြောက်….

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကမကထလုပ် ကျင်းပတဲ့ MCIS လို့ အတိုကောက်အသိများတဲ့ ၉ ကြိမ်မြောက် မော်စကို အစည်းအဝးမှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ရှိနေခဲ့တာ ဖြစ်ပြီး၊ မြန်မာပြည် စစ်အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်ကို ကာကွယ်ပြောဆိုတဲ့ စကားတွေ ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ စစ်ခေါင်းဆောင် ရှိနေတာ ဖြစ်ပါတယ်။အဲဒီအချက်ကိုကြည့်ရင် ရုရှားက စစ်တပ်အောက်က မြန်မာနဲ့ ဆက်ဆံရေး ပိုပြီး တိုးမြှင့် တည်ဆောက်ဖို့ ဘယ် လောက် စိတ်အားထက်သန် နေလဲ ဆိုတာ သိသာနေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်တည်ဆောင်ဖို့….

ဆက်လက် လုပ်ဆောင်မယ့် အကြောင်း မော်စကိုရော က် မြန်မာစစ်တပ် အကြီးအကဲကို ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေးရွှိုင်ဂူက ပြောခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နှင့်ပြီး ဖြစ်ပါတယ်။မြန်မာစစ်ခေါင်း ဆောင်ရဲ့ အခု မော်စကို ခရီးစဉ်မှာ ရုရှားသမ္မတပူတင်နဲ့တော့ တွေ့ဆုံဖို့ရာ မရှိဘူးလို့ ကရင်မလင်ပြောခွင့်ရ…

ဒီမီထရီပက်ရှ်ကော့ဗ်ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင် မြန်မာ စစ်တပ်နဲ့နီးစပ်မှု ရှိတယ်လို့ ကျယ်ကျ ယ်ပြန့်ပြန့် ရှုမြင်ခံထားရတဲ့တရုတ်၊ ရုရှား အပါအဝင်ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေကနေမြန်မာနိုင်ငံတွင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားကြဖို့၊ဖမ်းဆီးထားသူတွေကို,..

ပြန်လွှတ်ဖို့သဘောထား ထုတ်ပြန်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။မြန်မာပြည်မှာ စစ်အာဏာသိမ်းခံခဲ့ရတဲ့နောက်ပိုင်းပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေအတွင်း အရပ်သားတွေ သေဆုံးနေရတဲ့အပေါ်အင်မတန်စိုးရိမ်တဲ့အကြောင်းရုရှားအစိုးရရဲ့ထုတ်ပြန်ချက်တစ်ရပ်လည်း မတ်လအတွင်းကရှိခဲ့ပါတယ်။….

မြန်မာ စစ်ခေါင်း ဆောင် ရဲ့ အခု မော်စကို ခရီးစဉ်မှာ ရုရှားကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူနဲ့ တွေ့ဆုံပါတယ်။ အဲဒီလို တွေ့ဆုံပွဲအကြို ရုရှားဝန်ကြီး ရွှိုင်ဂူက “ဒီတွေ့ဆုံပွဲကို အင်မတန် အလေးထားပါတယ်။ မြန်မာဟာ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ်ဒေသအတွက် ယုံကြည်စိတ်ချရတဲ့ မဟာမိတ်ဖြစ်ကြောင်း….

ဆက်ဆံခဲ့တဲ့ ကာလတလျှောက်ကသက်သေခံနေတယ်”လို့ပြောဆိုပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဝန်ကြီးရွှိုင်ဂူက “နှစ်နိုင်ငံကြား တည်ဆောက်နှင့်ပြီးဖြစ်တဲ့အပြန်အလှန် နားလည်မှု၊လေးစားယုံကြည်မှုတွေအပေါ်အခြေခံလို့ဆက်ဆံရေးပိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်ကြရေး စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တယ်” လို့ ပြောဆိုခဲ့ကြောင်း ရုရှားသတင်းဌာန RIA က ရေးပါတယ်။…

Likes:
0 0
Views:
907
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *