စစ်အင်အားကြီးမားအောင်ထောက်ပံ့တဲ့ ရုရှားကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင်ပြောဆို

နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပြီး ပြဿနာပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံအနေဲ့ ရုရှားနိုင်ငံကို ကျေးဇူးတင်ကြောင်း မြန်မာစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့တဲ့တနင်္လာနေ့ ၊ ဇွန်လ ၂၂ ရက်က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကို ရုရှားကကျော ထောက်နောက်ခံပေးနေ ပြီး အနောက်နိုင်ငံတွေက စစ်ကောင်စီကို အရေးယူပိတ်ဆို့ တာမျိုးမပြုလုပ်ကြဖို့ ရုရှားကသတိပေးလိုက်ပါတယ်။

မြန်မာ့တပ်မတော်က ဒေသတွင်းအင်အားအကြီးဆုံးဖြစ်လာတဲ့အတွက် ရုရှားကိုကျေးဇူးတင်ကြောင်း မော်စကိုမှာပြုလုပ် ခဲ့တဲ့အစည်း အဝေးမှာ ရုရှားကာ ကွယ်ရေးဝန်ကြီး Sergei Shoigu ကို မင်းအောင် လှိုင်ကပြောဆိုခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ TASS မှာ ဖော်ပြထားပါတယ်။

မြန်မာ – ရုရှားဆက်ဆံရေးက ခိုင်မာသထက်ခိုင်မာလာကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သလို ရုရှားအတွက်မြန်မာက ယုံကြည် စိတ်ချရတဲ့ မဟာဗျူဟာမဟာမိတ်ဘက်ဖြစ်ပြီးစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေက ။နှစ်နိုင်ငံဆက်ဆံရေးအတွက်အရေးကြီးတဲ့အစိ တ်အပိုင်းတရပ်ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့မှာပဲ မင်းအောင်လှိုင်က ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ Nikolai Patrushev နဲ့တွေ့ ဆုံခဲ့ပြီးတဲ့နောက် စစ်လက်နက် နည်းပညာတင်ပို့မှုအလားအလာတွေနဲ့ပတ်သက်ပြီး နိုင်ငံလက်နက်တင်ပို့သူ Rosobor onexporအ ကြီးအကဲAle xa nder Mikheyev နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Crd

Likes:
0 0
Views:
779
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *