သဝန်တိုစိတ်ကြောင့် ဇနီးသည်ကို နှစ် 20 ခန့်စကားမပြောဘဲ စိတ်ဆိုးနေခဲ့တဲ့ အမျိုးသား (ရုပ်သံ)

လင်မယားတွေဆိုတဲ့အမျိုးက စကားကတောက်ကဆဖြစ်ပြီး ရက်အနည်းငယ် စိတ်ဆိုးဒေါသထွက်ကြတာမျိုးရှိကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ဂျပန်နိုင်ငံကအမျိုးသားကတော့ ဇနီးသည်ကို နှစ် 20 ခန့် မခေါ်မပြောဘဲ နှုတ်ဆိတ်နေခဲ့တာပါ ။Otou Yumi နဲ့ ဇနီး Katayama တို့ဟာ လက်ထပ်ခဲ့ကြတာ နှစ်ပေါင်း 25 နှစ်ကျော်ခဲ့ပါပြီ။

ဒါကြောင့် သူတို့မှာ သားသမီး 3 ယောက်ရှိပြီး ၊ အငယ်ဆုံး 18 နှစ်အရွယ်သားငယ်လေးက ရုပ်သံအစီအစဉ်ကိုအကြောင်းကြားပြီး မိဘနှစ်ဦးကြားကပြသာနာကို ဝိုင်းပြီးဖြေရှင်းပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ် ။Otou Yumi ဟာ သူ့ရဲ့သားသမီးတွေနဲ့ အမြဲစကားပြောဆိုလေ့ရှိပေမဲ့လည်း ၊ ဇနီးသည်ကိုတော့ ကိုယ်အမှုအရာ ဒါမှမဟုတ် စာတိုလေးသာရေးပြီး ပြောဆိုခဲ့တာပါ ။

ဇနီးဖြစ်သူကတော့ စိတ်ရှည်သည်းခံပြီး ခင်ပွန်းစကားပြန်ပြောလာမဲ့အချိန်ကိုသာ စောင့်မျှော်နေခဲ့တာပါ ။ အသက် 21 နှစ်အရွယ် နဲ့ 25 နှစ်အရွယ် သမီးကြီးနှစ်ယောက်မှာတော့ မိဘတွေစကားပြောခဲ့ကြတဲ့ အမှတ်တရမျိုးတောင် မမှတ်မိတော့ကြောင်း ပြောပြခဲ့ပါတယ် ။

ဒါကြောင့် ရုပ်သံအစီအသဉ်က မိဘနှစ်ပါးကို ပန်းခြံထဲမှာတွေ့ဆုံအောင်ချိန်းပေးခဲ့ပြီး စကားတွေပြောဆိုခိုင်းခဲ့ပါတယ် ။ ထိုအချိန်မှ Otou Yumi က ‘ အကြောင်းတစ်ခုခုကြောင့် ငါတို့စကားမပြောတာအတော်ကြာပြီ ၊ မင်းကကလေးတွေအပေါ်အတော်လေး တာဝန်ကျေပွန်ခဲ့တယ် ၊

အခုချိန်ထိအခက်အခဲတွေကိုမင်းအတော်လေး သည်းခံပေးခဲ့တယ် ၊ အရာရာတိုင်းအတွက် မင်းကိုအရမ်းကျေးဇူးတင်တယ်ဆိုတာတော့ မင်းကိုသိစေချင်တယ် ‘ ဆိုပြီး ဇနီးသည်ကို စကားပြန်ပြောခဲ့ပါတယ် ။ သားသမီးတွေမှာတော့မိဘတွေရဲ့အဖြစ်ကိုအဝေးတစ်နေရာကနေ ချောင်းကြည့်နေပြီး ဝမ်းသာမျက်ရည်တွေကျခဲ့ပါတယ် ။

သူတို့ဇနီးမောင်နှံလည်းနောက်ပိုင်းမကြာခဏစကားတွေ ပြောကြဖို့ကတိပေးခဲ့ကြပါတယ် ။

Videohttps://youtu.be/JEZSbhX1urI

Jasmine (Mckzone Daily)

Source : elitereaders

Likes:
0 0
Views:
1039
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *