ဇော်မင်းထွန်းအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် (၈)ဦးကို အီးယူက စီးပွါးရေးပိတ်ဆို့အရေးယူ

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှာပါဝင်သူ ရှစ်ဦး၊ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း သုံးခုနဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့တို့ကို ဥရောပသမဂ္ဂ အီးယူကပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ဇွန်လ ၂၁ ရက်က..ထပ်တိုးထည့်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်၊ စီမံကိန်းဘဏ္ဍာရေးနဲ့…

စက်မှုဝန်ကြီး ဦးဝင်းရှိန်၊သယံဇာတနဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၊ ပို့ဆောင်ဆက်သွယ်ရေးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုရှေ့နေချုပ်ဒေါ်သီတာဦး၊…

ဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ရှစ်ဦးကို အီးယူက ပိတ်ဆို့အရေးယူလိုက်တာပါ။ဒါ့ကြောင့်လက်ရှိမှာဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားတဲ့ အာဏာသိမ်းစစ်ကောင်စီဝင်စုစုပေါင်း…

၄၃ ဦးနဲ့ ဦးပိုင်အပါအဝင်စီးပွားရေးလုပ်ငန်းခြောက်ခု ရှိသွားပါပြီ။ ပိတ်ဆို့အရေးယူမှုထဲမှာ ဥရောပနိုင်ငံတွေမှာရှိတဲ့ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းထားတာ၊သူတို့တွေအတွက် ငွေကြေးအကူအညီတွေမပေးတာ၊

ဥရောပနိုင်ငံတွေကို လာရောက်ခွင့်နဲ့ ဖြတ်သန်းခွင့်မပြုတာတို့ပါဝင်ပါတယ်။အရင်ချမှတ်ထားပြီးဖြစ်တဲ့ လက်နက်နဲ့လက်နက် ပစ္စည်းတွေရောင်းချမှုကို ပိတ်ပင်တာ၊ စစ်ကောင်စီထံ တိုက်ရိုက်ငွေကြေးကူညီတာကို ဆိုင်းငံ့ထားတာတွေလည်း ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။..

Likes:
0 0
Views:
797
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *