ဦးဝင်းဦး

ဆရာ သုမောင်၏ “ဪ… ဒါနဲ့ စကားမစပ်”ကိုဖတ်နေရင်းက ဦးဝင်းဦးအကြောင်းလေးတွေပါလာလို့ ကူးယူဖေါ်ပြပေးခြင်း ဖြစ်ပါ သည်။ကိုသန်းမြတ်စိုးက သုမောင်နဲ့ဝင်းဦး [မတ်လ (၁၃)ရက်] မွေးနေ့တူတာလေးထည့်ပြောတဲ့အခါကျတော့ ကိုဝင်းဦးသွား သတိရတယ်။ ဪ…တကယ့်ပညာရှင်ကြီးနော်။မေ့သွားကြပြီ။ ကျွန်တော်တို့မြန်မာလူမျိုးတွေ။

အဲဗရက်ပရက်စလေမွေးနေ့ကို ဒီနေ့အထိသူ့နိုင်ငံမှာအကြီးအကျယ်ကျင်းပနေရတာ။ဟော…အခု ကိုဝင်းဦးကိုမေ့သွားကြပြီ။အဲဒီတော့ ကိုဝင်းဦးကိုမေ့သွားကြတော့ ကျွန်တော်ကသတိတရ ကိုဝင်းဦးအကြောင်းတွေပြန်ပြောပြချင်ပါတယ်။ ကိုဝင်းဦးဟာလေ… တော်တော့ ထူးဆန်းတဲ့လူဗျ။ တစ်ခါတုန်းကသူကားဆက်တဲ့နေရာကိုကျွန်တော်ရောက်သွားတယ်။

သူရုပ်ရှင်ကားဆက်နေတာ။ ‘ဆောင်းအိပ်မက်’ ဆိုတဲ့ဇာတ်ကားကိုဆက်နေတာ။ဆောင်းအိပ်မက်ဇာတ်ကားက ဝင်းဦးနှစ်ကိုယ်ခွဲ၊ သူပဲမင်းသား နှစ်လက်။ ဝတ္ထုလည်းသူပဲ၊ ဇာတ်ညွှန်းလည်းသူပဲ။ မင်းသားနှစ်လက်လည်းသူပဲ။ ဒါရိုက်တာလည်းသူပဲ။ အဲဒီကားဆက် တဲ့အခန်းကိုကျွန်တော်ကချာတိတ်ရှိသေးတယ်။ မင်းသားမဖြစ်သေးဘူး။

ကျွန်တော်ကစာပေကိစ္စတစ်ခုနဲ့ရောက်သွားရင်းနဲ့ သူကားဆက်တာကိုလေ့လာပြီးကြည့်နေတာပေါ့။ အဲဒီမှာ ကျော်မင်းနဲ့ဇော်မင်းမင်း သားနှစ်လက် ဝင်းဦးနှစ်ယောက်။ ကားဆက်တော့ ကျော်မင်းကစကားပြောလိုက် ဇော်မင်းကစကားပြောလိုက်နဲ့။ သူကိုယ်တိုင်တော့မ ဆက်ဘူး။ စက်မောင်းတဲ့သူက ကိုမောင်မောင်ဆိုတဲ့ တစ်ယောက်။”ဟေ့ကောင် မောင်မောင်။

ရပ်စမ်း” တဲ့။ဟိုကဖတ်ဆိုရပ်လိုက်တယ်။”ပြန်ရစ်စမ်း” တဲ့။ ပြန်ရစ်တယ်။”ဟေ့ကောင်၊ ကျော်မင်းအခန်းဖြတ်ပစ်ကွာ” တဲ့။”ဟာ…ဆရာ၊ ကောင်းနေသားပဲ။ ဘာဖြစ်လို့လဲ” တဲ့။”မဟုတ်ဘူး။ ဒီကောင် ချောနေလို့” တဲ့။ကျွန်တော် ကိုဝင်းဦးကိုအံ့ဩသွားတယ်။သူ့စိတ်ဓါတ်ကို ကျွန်တော်အံ့ဩသွားတယ်။ တခြားမင်းသားဆို ထားလိုက်တော့။ဒီမင်းသားနှစ်လက်စလုံးသူပဲ။

အဲဒါကိုတခြားတစ်ယောက်ကပိုချောနေလို့ ဆိုပြီးတော့ဖြတ်ပစ်တယ်ဗျ။သူ့စိတ်ဓါတ်က တစ်မျိုး။သူစာရေး တာကိုကျွန်တော်တွေ့ဖူးတယ်။ သူစာရေးတာလက်နှိပ်စက်နဲ့ရေးတာဗျ။ ကွန်ပြူတာမပေါ်သေးဘူး။ လက်နှိပ်စက်သုံးလုံးနဲ့ဗျ။ ရှေ့မှာတစ်လုံး၊ ဘေးတစ်ဖက်တစ်ချက် မှာနှစ်လုံး။

ရှေ့တစ်လုံးကဇာတ်ညွှန်းစာရိုက်နေတာ၊ ရိုက်နေရာကနေဖျတ်ကနဲစိတ်ကူးရရင် ညာဘက်လှည့်လိုက်ပြီး ဝတ္ထုရှည်ကောက်ရိုက် လိုက်တာ။ပြီးတော့ ဘယ်ဘက်ကိုလှည့်လိုက်ပြီး ဟော…ဝတ္ထုတိုကောက်ရိုက်ချင်ရိုက်နေတာ။ ဟာ… အဲဒီလိုလုပ်နိုင်တဲ့လူ။ တော်တော့်ကိုထူးဆန်းပြီး တော်တော့်ကိုအံ့ဩစရာကောင်းတဲ့လူဗျာ။

ကိုဝင်းဦးဟာတကယ့်စာရေးဆရာစစ်စစ်ပါ။ ကျွန်တော်တို့စာရေးဆရာတွေဟာလေသိပ်ပြီးတော့နှမြောစရာကောင်းတာက ရုပ်ရှင် လောင်းရိပ်မိသွားပြီဆိုလို့ရှိရင် စာရေးဆရာတွေဟာ ဒုက္ခရောက်တော့တာပါပဲ။ ဝင်းဦးဟာစာရေးဆရာဘဝကလာတာ။ ဟော…အကယ် ဒမီနှစ်ထပ်ကွမ်း ဝင်းဦး၊ အဆိုတော် ဝင်းဦးလည်းဖြစ်သွားရော စာရေးဆရာဝင်းဦးဆိုတာကိုလူမသိတော့ဘူးဗျ။

ကိုဝင်းဦးဟာ စာရေးအလွန်ကောင်းတဲ့ပုဂ္ဂိုလ်။ အခုသူ့ကိုစာရေးဆရာမှန်း လူတွေသိပ်မသိကြတော့ဘူး။ အဲဒီတော့ ကျွန်တော်က ဗဟုသုတအနေနဲ့သူစာရေးဘယ်လောက်ကောင်းတယ်ဆိုတာတွေကို စောစောကပြောတဲ့ နေ့တူတဲ့မတ်လ၁၃ရက် နေ့မှာဆောင်း ပါးလေးတစ်ပုဒ်မှာ ဝင်းဦးရဲ့ကဗျာလေးတစ်ပုဒ်အမှတ်တရထည့်ထားဖူးတယ်။ ဝင်းဦးမဖြစ်ခင် ဗိုလ်ကိုဦးဆိုပြီးတော့စစ်ဗိုလ်ဘဝ၊ စစ်ဗိုလ်ဘဝတောင်မဖြစ်သေးဘူး။

ဗိုလ်လောင်းဘဝမှာရေးခဲ့တဲ့ကဗျာလေး၊ ကိုဝင်းဦးကလေ ရေးတော့သာ လူကအချစ်ဝတ္ထုတွေရေးတာဗျ။ ငေါ့တော့တော့ လှောင်တောင် တောင် သိပ်လုပ်တတ်တဲ့လူဗျ။သူ့စကားလေးတစ်ခုမှတ်မိတယ်။”ဟင်း…ကောင်းလိုက်တဲ့ အသံကြောင်လေးဗျာ” တဲ့။အဲဒီလိုပေါ့။ စာထဲမှာအဲ ဒါတွေပါတယ်။အဲဒီတော့ စစ်ဗိုလ်မဖြစ်ခင်ဗိုလ်လောင်းဘဝမှာသူရေးတဲ့ကဗျာ၊ ဗိုလ်ကိုဦးဆိုတဲ့ဘဝမှာရေးတာ။ ဝင်းဦးတောင်မဖြစ်ခင် ရေးတဲ့ကဗျာလေးကို ကျွန်တော်ရွတ်ပြပါမယ်။

“မွေးနေ့ သံဝေဂ”တစ်နေ့သေ တစ်နေ့မွေးပါတဲ့ယနေ့အခြေ ယနေ့တွေးရမယ်ဆိုရင်တော့မွေးနေ့ဆိုတာ ဇရာသ‌ေင်္ကတပါ ခင်ဗျာလို့ဆင် ခြေလှလှလေးပေးလိုက်တယ်။တရွေ့ရွေ့ တမြေ့မြေ့နဲ့ပဲမနေ့တစ်နေ့ကစပြီးယနေ့ ဇရာ တံခါးဝကိုရောက်လာတယ်။

ကြောက်ပါကွယ်လို့လည်း ဗျာပိုမနှောအရောက်လာပါကွယ်လို့လည်း ခရာသံလိုလိုနဲ့ ဇရာကိုမပြောလူ့ဘဝဆိုတာ ရခဲတယ်ဆိုမှဖြင့် ခဏပဲရယ်လို့ အားမလျှော့သင့်ပါဘုသွားတော့လို့ ဘယ်သူ့ကိုမှ ဘယ်သူ့မှမနှင်ရက်နိုင်တာကြောင့်အလိုက်သင့်နေရင်းက ဆည်းဆာအ လှကိုငေးမောနေပါ့မယ်။

တွေးတောသူ အသက်ပိုရှည်ရေးပေပါ့ရေးသောသူလည်း တစ်ရက်ပိုပြီးတော့ကာမအိုမသေခင် အတွေးထေ့ထေ့နှောပြီး အရေးငွေ့ငွေ့ မျှောလိုက်မယ်(အပေါင်းအသင်းတို့ရေ…)မွေးနေ့ရဲ့ တေတေပေပေ သဘော။ ကိုဦး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၈) တပ်မွေးနေ့၊ သင်တန်းဆင်းပွဲ

copy: Chan Nyein Oo

Likes:
0 0
Views:
2935
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *