ကုလသမဂ္ဂ အစည်းအဝေး တွင် မြန်မာကိုယ်စား ပြုဆွေးနွေး မဲပေးခဲ့သည့် ဦးကျော်မိုးထွန်း ၏ လုပ်ဆောင်ချက်များကို စစ်ကောင်စီဘက် နစကနိုင်ငံခြားရေးဝန်ကြီးဌာနမှ တုံ့ပြန် ကြော်ညာ

ကုလသမဂ္ဂ အစည်းအဝေး တွင် မြန်မာကိုယ်စားပြုဆွေးနွေး မဲပေးခဲ့သည့်ဦးကျော်မိုးထွန်း ၏လုပ်ဆောင် ချက် များအားလက်မခံနိုင်ဟု နစကနိုင်ငံခြားရေးဝန် ကြီး ဌာနကြေညာချက် ယမန်နေ့ညတွင်ထုတ်ပြန်သည်။..

ထုတ်ပြန်ချက်ထဲ နစကကောင်စီမှ ထုတ်ပယ်ထားသည့် မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ၏ မြန်မာ နိုင်ငံအမည်ဖြင့် ကုလသမဂ္ဂအစည်းအဝေး များတွင် မိန့်ခွန်းပြောခြင်း မဲပေးခြင်းသည် တရားဝင်မှု.မရှိကြောင်းလည်း ဖော်ပြထားသည်။

ဇွန်လ ၁၈ ရက်နေ့ ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန် မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေကို ရှုတ်ချပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊…

ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လက် နက်စီးဆင်းမှုကို တားဆီးရန် အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁၉ နိုင်ငံခု၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။..

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၁၉ ခုက မြန်မာ့အရေးဆုံး ဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး ဘယ်လာရုစ်က ကန့်ကွက်မဲပေးကြကာ တရုတ်၊ ရုရှား၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းအပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ နေကြကြောင်း သိရှိရသည်။..

Likes:
0 0
Views:
742
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *