လုပ်သားရာချီရှိသည့် လှိုင်သာယာက အထည်ချုပ်စက်ရုံ ၁ရုံ အပြီးပိတ်သိမ်း အလုပ်သမား ရာကျော် အလုပ်လက်မဲ့ဖြစ်

လုပ်သားရာချီရှိသည့် လှိုင်သာယာကအထည်ချုပ်စက်ရုံ ၁ရုံ ယမန်နေ့က အပြီးပိတ်သိမ်းလိုက်ပြီဟုသိရသည်။…

အပြီး ပိတ်သိမ်းလိုက် သည့်Hengmao (Myanmar) Garment Co.,Ltd က “အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်တို့ Hengmao (Myanmar) Garment Co.,Ltd သည် လုပ်ငန်းရပ်တည်ရန်

အခက်အခဲများစွာ ဖြစ်ပေါ်လာသည့်အတွက် 19.6.2021 စနေနေ့ တွင် စက်ရုံအားအပြီးပိတ်သိမ်းခဲ့ရပါသည်။ Hengmaoၡိ ညီကို မောင်နမအားလုံးကို ကျေးဇူးအထူးတင်ၡိပါတယ်ခင်ဗျ ခုလိုပုံစံမျိုးနဲ့ခွဲရလိမ့်မယ်…

မထင်ထားခဲ့ပါဖူး။အားလုံးရဲ့အပေါ်မှာ ကာယကံ ဝဇီကံ မနောကံ တို့နဲ့ ပြစ်မှားကျူးလွန်မိတာများၡိခဲ့ရင်လည်း အားလုံးကို နားလည်ပေးပါလို့ အနူးညွတ်တောင်းပန်အပ်ပါသည်ခင်ဗျာ ။ဝန်ထမ်းများအားလုံး လုပ်ငန်များအဆင်ပြေချောမွေ့ပါစေ ။…

ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင် ဗျာ”ဟု ပြောဆိုထားသည်။Hengmao(Myanmar) Garment Co.,Ltdသည် ယခင်နှစ်ကပင် လုပ်သား၁၀၀ကိုထပ်ခန့်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။….

Likes:
0 0
Views:
571
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *