လွတ်မြောက်နယ်မြေကနေ အမေစုအတွက် မွေးနေ့ဆုတောင်းပေးပို့လာတဲ့ အလှမယ် ထားထက်ထက်….

မော်ဒယ်လ် ထားထက်ဟာ လတ်တလော လူမှု့ ကွန်ယက်တွေမှာပြည်သူတွေ ချီးကျူးတာ ကိုခံနေရတဲ့အနုပညာရှငတွေထဲမှာတစ်ယောက် အပါဝင် ပဲ ဖြစ်ပါတယ်။ သူမဟာအာဏာသိမ်းပြီး တဲ့ နောက်ပိုင်းကနေ စတင်ပြီးတရားမျှတတဲ့ ဒီမိုကရေစီကို ပြန်လည်ရရှိဖို့အတွက်ပြည်သူ တွေ နဲ့ အတူလမ်းမပေါ်ထွက်ပြီး ဆန္ဒပြလူထုလှုပ်ရှားမှု့တွေမှာအားတက်သရောလုပ်ဆောင်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ထားထက်ထက် ဟာ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်းခက်ခဲ ကြမ်းတမ်းတဲ့တောတောင်တွေထဲမှာ ပြည်သူတွေ ကို ကာကွယ်ဖို့အတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ကာ တော်လှန်ရေးလမ်းကို လျှောက်လှမ်းနေတာတွေ့ရပါတယ်။

ယခုလည်း အမေစုရဲ့ (၇၆) နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။နှစ်ပေါင်း (၂၀) ကျော်အချုပ်အနှောင်ခံပြီးမှ ရခဲ့တဲ့ ဒီမိုကရေစီ ရဲ့ အလင်းစကစတစ်စုကြောင့် ဆိတ်သုဉ်းခဲ့ပြီ အမေ…ခေတ်ကပေးတဲ့ တာဝန်ကျွန်မတို့ ယူနေတယ်အမေ…အမေ ပြောဖူးသ လိုပေါ့ …ကြောက်နေလျက် နဲ့ လုပ်သင့်တာကိုလုပ်နေပါတယ်…

အမေရေ…..ကျွန်မတို့ အားလုံးက တစ်ယောက်တည်း မဟုတ်ဘူးနော်… ဒါပေမယ့် တစိတ်ထဲ တဝမ်းထဲ…..အမေပြန်လာမှနမ်းမယ့် ငြိမ်းချမ်းရေး နှင်းဆီအားလုံး ရင်ဘတ်မှာ သွေးစွေး နီ လျက်ပါ အမေ…ကျွန်မတို့ပြန်ဆုံကြမယ်နော် အမေစု…ကျန်းမာအသက်ရှည်ပါစေ ကျွန်မတို့တွေအားလုံး အတူရှိနေပါတယ်……Happy Birthday အမေစု ..June 19 2021….. လို့ရေားသားဖော်ပြပေး ထားတာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးကိုလည်း သိရှိစေရန် ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီ တိုင်းကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

crd-khityoeyar.com

Likes:
0 0
Views:
539
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *