မြန်မာဒုက္ခသည်တွေကို အိန္ဒိယ Mizoram ပြည်နယ် ငွေကြေးကူညီမည်

အိန္နိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်ကို တိမ်းရှောင်ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် ငွေကြေးအကူညီပေးဆောင်မယ်လို့ မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်ကနေ မနေ့ကပြောဆိုသွားတဲ့အကြောင်းမီဇိုးရမ်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေကပြောပါတယ်။

လက်ရှိမီဇိုးရမ်ပြည်နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်တွေအပါဝင် ကန့်ကွက်ဆန္ဒပြခဲ့လို့ တိမ်းရှောင်နေရသူ သောင်းချီရှိနေ တယ်လို့လဲပြောပါတယ်။

ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။မြန်မာစစ်တပ်ကနေ သပိတ်မှောက်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့လို့ အိန္နိယ-မြန်မာနယ်စပ်မှာရှိတဲ့ မီဇိုးရမ်ပြည်နယ်အတွင်းကို တိမ်းရှောင် လာတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် ငွေကြေးထောက်ပံ့ သွားမယ်လို့ မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga (ဇိုးရမ်းထန်းငါ) က ပြောဆိုသွား တယ်လို့ မီဇိုးရမ်းရောက် မြန်မာနိုင်ငံသား တွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ NGO United for Democratic Myanmar အဖွဲ့ကတွဲဖက်အတွင်းရေးမှူးကိုရစ်ချတ်က ပြောပါတယ်။

ချင်းပြည်နယ်မှာတိုက်ပွဲတွေကဖြစ်တော့ ဒီဘက်မှာစစ်ဘေးရှောင်တွေ ထွက်ပြေးလာတဲ့လူတွေက ဒီရက်ပိုင်းတော်တော်လေးတိုးလာ တယ်။ ဆိုတော့မနေ့က မီဇိုးရမ်ပြည်နယ်ဝန်ကြီးချုပ်က CYMA (Central Young Mizo Association) နဲ့သူတို့တွေ့ဆုံပြီးတော့မှ ဒီစစ်ဘေးရှောင် အရေးကိစ္စကိုသူတို့ ဆွေးနွေးတဲ့အခါမှာ သူကပြောသွားတာ။

စစ်ရှောင်တွေအတွက် လျာထားတဲ့ ငွေရေးကြေးရေးလဲ ရဖို့တော်တော်လေးနီးစပ်နေပြီး ဆိုတဲ့စကားတော့ပြောတယ်။ ဆိုတော့ရဖို့အလား လာ တော့ရှိတယ်လို့တော့ ကျွန်တော်တို့အနေနဲ့သုံးသပ်လို့ရတာပေါ့နော်မီဇိုးရမ်ပြည်နယ် ဝန်ကြီးချုပ်ကနေ မနေ့ကဇွန် ၁၅ ရက်နေ့က ပြောဆိုသွားပေမဲ့ ဘယ်အချိန် ဘယ်လိုကူညီသွားမယ်ဆိုတာတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာကိုထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသပိတ်မှောက်မှုတွေမှာ အကြမ်းဖက်နှိမ်နှင်းမှုaကြာင့် ချင်းပြည်နယ်ကမြို့နယ်တချို့နဲ့ စစ်ကိုင်းတိုင်း ကလေးစတဲ့မြို့နယ်က စစ်ရှောင်အများအပြား အိန္နိယနိုင်ငံ မီဇိုးရမ် ပြည်နယ် ဘက်ကိုတိမ်းရှောင်ရောက်ရှိနေတာပါ

တိမ်းရှောင်ရောက်ရှိလာတဲ့အထဲမှာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်နဲ့ NLD အမတ်တွေအများပြားရှိ နေတယ်လို့ ကိုရစ်ချတ်ကပြောပါတယ်

ကလေးမြို့ဘက်ကဟာတွေရော၊ ချင်းပြည်နယ်ဘက်ကဟာတွေရော၊ NLD အမတ်တော်တော်များများတော့ဒီဘက်မှာ ရောက်လာ ကြတယ်။ မနေ့ကကြားတာတော့ ဒီ ဆလိုင်းဦးလျှန်လွယ် (ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း) လဲရောက်လာတယ်လို့ တော့ကြားတယ်။ တချို့လွှတ်တော်အမတ်တွေကျတော့ ကျွန်တော်တို့ဒီ အိုက်ဇောလ်မှာ Refugee Camp (ဒုက္ခသည်စခန်း) လေးလုပ်ထားတယ်။ အဲဒီ Refugee Camp မှာတော့ တော်တော်များများတော့ ကျွန်တော်တို့ထားတာပေါ့နော်။”

လက်ရှိ မီဇိုးရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်တွေ သောင်းချီရှိနေပြီး မြို့တော် အိုက်ဇောအပါဝင် နယ်စပ်မှာ ခိုလှုံနေရတယ်လို့ ပြောပါတယ်

မီဇိုးရမ်တပြည်နယ်လုံးမှာ စစ်ဘေးရှောင် ဦးရေ တသောင်းခွဲလောက် ရှိတယ်လို့တော့ကြေညာတယ် စစ်ဘေးဒုက္ခသည်တွေက အနယ်နယ် အရပ်ရပ်ကဝင်လာတယ်လေ။ အဓိကတော့ စခန်းက မြို့တော် အိုက်ဇောလ်မှာဘဲ လောလောဆယ်တော့ရှိတယ်။

တခုဘဲပေါ့နော် ဒါပေမဲ့နယ်စပ်ဒေသတွေမှာပေါ့နော် ဥပမာချင်းပြည်နယ်၊ ရိခေါဒါမြို့နယ်စပ်၊ ကျန်ဖိုင်းတို့ဘာတို့မှာလဲစခန်း လေးတွေရှိတယ် ပလက်ဝမြို့နယ် စိုင်ဟားတို့၊ လောင်တလိုင်တို့ ဘာတို့မှာလဲ ကြီးကြီးမားမား စခန်းရယ်လို့တော့မဟုတ်ဘူး ယာယီ ပုံစံမျိုးပေါ့နော်လက်ရှိစစ် ရှောင်တွေကတော့ မီဇိုးရမ်။

အရပ်ဖက်လူမှုအဖွဲ့အစည်းအပါအဝင်၊ ဘာသာရေးအဖွဲ့တွေက နေထိုင်ရေးရိက္ခာအကူညီ ပေးဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာစစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသူတချို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရပြည်နယ် ဘက်ကိုတိမ်းရှောင်လာကြတာလဲ ဖြစ်ပါတယ်

Likes:
0 0
Views:
624
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *