နီးကပ်လာပြီဖြစ်တဲ့ ဒုတိယအကြိမ် (ICJ) ရုံးချိန်းနဲ့ အခေါင်းတစ်ဖက် ကျင်းတစ်ဖက် ဖြစ်တော့မည့် စကစ ဘာလုပ်မှာလဲ

ရိုဟင်ဂျာလူမျိုးသုဉ်း သ တ် ဖြ တ်မှုအတွက် (ICJ) မှာ လာမယ့် (23.6.2021) မှာ ဒုတိယအကြိမ် လူကိုယ်တိုင် လျှောက်လဲရတော့မည်ဟု သိရသည်….

မြန်မာနိုင်ငံကိုယ်စားပြု ဘယ်သူသွားမှာလဲ……?

(NUG) လား……?

(မအလ) လား….?

လက်ရှိ မြန်မာပြည်သူတွေ တရားဝင် တင်မြှောက်ထားတဲ့ (NUG) အစိုးရကတော့…..(ICJ) ရဲ့စီရင်မှုကို သွားရောက်နာခံမှာ ဖြစ်ပြီး…..မအလ,ကတော့ ကမ္ဘာ့အလယ်မှာ မြွေ ခြော က် ကို က်ခံရနိုင်မည့် အခြေအနေတွေ စတင် တွေ့ကြုံရပြီဖြစ်သည်…..

လက်ရှိမှာ မအလ,သည် (ICJ) မှာ တရားစွဲထားသော ရိုဟင်ဂျာ လူမျိုး တု န်း သ တ်ဖြ တ်မှု ပြ စ် မှုကျူးလွ န်ထားတဲ့ စစ်တပ်ရဲ့အကြီးအကဲဖြစ်သလို…… လက်ရှိလည်း ပြည်သူတွေကို သ တ် ဖြ တ်ပြနေတဲ့…. စစ်တပ်ခေါင်းဆောင်လည်း ဖြစ်နေတာမို့…..

နိုင်ငံခေါင်းဆောင် လုပ်ပြီး (ICJ) ကို သွားရောက် လိုက်တာနဲ့ ဖမ်းဆီးခံရမည့် အရေးက ဖိတ်ခေါ်စရာတောင် မလိုပေ…. (လေ့လာထားမှုအရ “ICJ” မှာ တရားစွပ်စွဲခံထားရသူအား ဖမ်းဆီးပိုင်ခွင့် ရှိသည်)..

(NUG) ကလည်း မအလ,အား ဖမ်းဆီးပေးပါရန် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol ) ဆီသို့ စာပို့တောင်းဆိုထားပြီလည်း ဖြစ်တာမို့ မအလ,အတွက် အခေါင်းတစ်ဖက် ကျင်းတစ်ဖက် ဖြစ်တော့မည်…..

မအလ,အနေဖြင့် (ICJ) ရဲ့ ဒုတိယအကြိမ် ပြ စ်မှုအတွက် ခေါ်ယူမှုအား မသွားပဲ (NUG) သာ သွား ရောက်ခဲ့မယ်ဆိုရင်…… မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် နိူင်ငံတကာရဲ့ အသိအမှတ်ပြုမှုအား (NUG) သာလျှင် ရရှိသွားတော့မည်…..

Crd

Likes:
0 0
Views:
1182
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *