ဝန်ကတိထိုးပြီး အနှပညာလုပ်ငန်းတွေ အေးဆေး ပြန်လုပ် နေတဲ့အထဲမှာမပါကြောင်း နွယ်ဒါလီထွန်း ရေးသား

၅၀၅ ထဲ စာရင်းပါနေသူတွေကို ၅၀၅ ပြန်ဖြုတ်ပေးနေပါတယ်တဲ့။ ဒီလိုပဲ ခံဝန်လက်မှတ်ထိုးလိုက်ပါ ၅၀၅ ပြုတ်အောင် ကူညီပေးမယ်လို့ ဖုန်းဆက်တာလည်း ၃ ခါရှိပါပြီ။

အယောက် (၅၀) လောက်လည်း ခံဝန်ထိုးပြီး ဘာမှဆက်မလုပ်တော့ဘဲ ငြိမ်နေရင် ကိုယ့်အိမ်မှာ အေးဆေးနေနေကြသူတွေရှိနေ ပါတယ်တဲ့။ ဒီလမ်းကို လူများလို့ လိုက်လျှောက်ခဲ့တာမဟုတ်ဘူး။

ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာလုပ်မယ် မကျေနပ်ရင် ပစ်မယ်ဆိုတဲ့ နိုင်ငံကို လုပ်ချင်တာလုပ်နေတဲ့အာဏာရှင်ကို အနာဂါတ်က လေးတွေဆီ မသွားနိုင်အောင်လို့ ငါတို့အနာခံပြီး ရပ်တန့်ပစ်နေတာ။

ဒါကြောင့် ငါ့ကို ၅၀၅ ဖြုတ်ပေးမယ် ခံဝန်လာထိုးပါလို့ ဘယ်ကောင်မှ ဖုန်းဆက်စရာမလိုဘူး။ ဒင်းတို့ကိုမုန်းလို့တိုက်ထုတ်နေတာ။ ဒင်းတို့ကို ခေါင်းငုံံ့လို့ အဘခေါ်ပြီး ပေါင်းစားမယ့်အထဲ ငါဘယ်တော့မှ ဘယ်တုန်းကမှ မပါခဲ့ဘူး။

သရုပ်ဆောင် နွယ်ဒါလီထွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် socialinfluencer တစ်ဦးရေးသားထားတဲ့ စာကိုပြန်လည်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၅၀၅(က) ပြုတ်ဖို့အတွက် ခံဝန်ကတိထိုးပြီး အိမ်မှာအေးဆေးပြန်နေသူများထဲတွင် သူမ မပါကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။

“ဒီလမ်းကို လူများလို့ လိုက်လျှောက်ခဲ့တာမဟုတ်ဘူး။…..ရင် ဘာမဆိုလုပ်လို့ရတယ်ထင်နေတဲ့အာဏာရှင်စနစ်ကိုမကြိုက်လို့ တော်လှန်တာ။

ပြည်သူကို ထီမထင်ဘဲ ငါတို့ကြိုက်တာလုပ်မယ် မကျေနပ်ရင်…တ်ပစ်မယ်ဆိုတဲ့ နိုင်ငံကိုလုပ်ချင်တာလုပ်နေတဲ့ အာဏာရှင်ကို အနာဂါတ် ကလေးတွေဆီ မသွားနိုင်အောင်လို့ ငါတို့အနာခံပြီး ရပ်တန့်ပစ်နေတာ။” နွယ်ဒါလီထွန်းကအခုလိုရေးသားခဲ့ပါတယ်

Likes:
0 0
Views:
665
Article Categories:
NEWSSocial Media

Leave a Reply

Your email address will not be published. Required fields are marked *