မြန်စစ်တပ်အပေါ်ထိရောက်တဲ့ ကိုင်တွယ်မှုတွေ ပြုလုပ်ပေးရန် လုံခြုံရေးကောင်စီကို ဦးကျော်မိုးထွန်း စာပို့

လာမယ့် ဇွန်လ ၁၈ ရက်၊ သောကြာနေ့မှာကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂအစည်းအဝေးမတိုင်ခင် တိုက်တွန်းတဲ့စာမှာ ဦးကျော်မိုးထွန်းက အခုလိုပြောထားတာပါ။တိကျခိုင်မာပြီး တသဘောတည်းဖြစ်မယ့် အစီအမံတွေဟာ အရေးကြီးသလို လိုအပ်တယ်လို့လည်း ဦးကျော်မိုး ထွန်းက ကုလ ကို မေလ ၂၈ ရက်မှာပေးပို့ထားတဲ့စာမှာပါရှိပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူဆောင်ရွက်မှုကင်းမဲ့နေတာဟာ စစ်တပ်ကိုအရပ်သားတွေ အပေါ်လူမဆန်တဲ့ လုပ်ရပ်တွေဆက် ကျူးလွန်နေအောင်တွန်းအားပေးသလိုဖြစ်နေမှာဖြစ်ပြီး အပြစ်မဲ့အရပ်သားတွေရဲ့အသက်ထပ်ဆုံးရှုံးရလိမ့်မယ်လို့လည်း သူကပြောပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့သာ စစ်တပ်အပေါ် အချိန်နဲ့တပြေးညီ အရေးယူဆောင်ရွက်ခဲ့တာမျိုးရှိခဲ့မယ်ဆိုရင် အပြစ်မဲ့ပြည်သူ အယောက် ၈၀၀ ကျော်ရှုံးခဲ့ရတာကို ကာကွယ်နိုင်ခဲ့မှာလို့ သူက ထောက်ပြပါတယ်။

ဦးကျော်မိုးထွန်းဟာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းမှုကို ပယ်ချထားသူဖြစ်သလို စစ်ကောင်စီဘက်ကလည်း ဦးကျော်မိုး ထွန်းဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားမပြုတော့ဘူးလို့ အခိုင်အမာ ပြောဆိုထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ ကုလသမဂ္ဂကတော့ ဦးကျော်မိုးထွန်းကို သံတမန်အဖြစ် ဆက်ရှုမြင်ထားတုန်းဖြစ်ပါတယ်။

သောကြာနေ့မှာလုပ်မယ့် ကုလသမ္မကတံခါးပိတ်အစည်းအဝေးပွဲမှာတော့ မကြာသေးခင်တုန်းကမှ အာဆီယံကိုယ်စားလှယ်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို သွားပြီး စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်း သူ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကောင်စီမှာ ရှင်းလင်းပြောဆိုဖို့ရှိတယ်လို့ သံတမန်တွေကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအစည်းအဝေး နောက်ဆုံးပြုလုပ်ထားတာဟာ ဧပြီလ ၃၀ ရက်တုန်းက ဖြစ်ပါတယ်။

Likes:
0 0
Views:
638
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *