အလံသမိုင်းကြောင်း

လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့် သင့်လျော်သည့် ကျေးငှက်တိရိစာန်တို့၏ ရုပ္တု စသောအရာဝတ္တု များကို အသုံးပြုခဲ့ကြသည်။

မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင် အလံနှင့် စပ်လျဉ်း၍ အထောက်အထားများ မတွေ့ရှိခဲ့ရသော်လည်း သမိုင်း အလယ်ခေတ် သက္ကရာဇ် (၈၄၂) မွ (၈၄၃) ခုနစ်အထိ စိုးစံခဲ့သော ဒုတိယမင်းခေါင် လက်ထက် တော်အခါ၌ စတင်တွေ့ရှိရသည်။

ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် ဘုရင်မင်းမြတ်ကို ကိုယ်စားပြုသော (သို့မဟုတ်) နိုင်ငံတော်ကို ကိုယ်စားပြုသော အလံတော်အဖြစ် ဒေါင်းအလံကို သတ်မှတ်ထားရှိကြောင်း တွေ့ရှိရသည်။မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ဒေါင်းအလံကို မြန်မာနိုင်ငံတော်အလံ အဖြစ် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ကုန်းဘောင်မင်းဆက် နောက်ဆုံး တိုင်အောင် ဒေါင်းအလံကို မြန်မာအမျိုးသားအလံ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံတော် အလံ အဖြစ် လည်းကောင်း သတ်မှတ်ခဲ့ကြောင်း ပေါ်လွင်သည်။

နောင်တွင်အလံကိုပုံပန်းသဏ္ဌာန် အရွယ်အစား အမျိုးမျိုး၊ အခေါ်အေဝါ်အသုံးအနှုန်း အဆင့်ဆင့်ပြောင်းလျက်သုံးစွဲလာခဲ့ကြသည်။တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ စသည်တို့သည်အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွာဘုရားလက်ထက်ကပင်စတင်အသုံးပြုခဲ့ကြသည်။

၁၉၄၅-ခုနှစ်၊ မတ္လ (၂၇)ရက် ဂျပန် တော်လှန်ရေးတွင်အလံတော်ကို အနီရောင် အောက်ခံထား၍တိုင်ရင်းဘက်တွင်ကြယ်ဖြူတစ်ပွင့် ပါရှိသောအလံတော်ကိုအသုံးပြုခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီး အသစ်ပြန်လည် ဖွဲ့စည်းသော (ဖဆပလ) အဖွဲ့၏အလံကိုလည်း တော်လှန်ရေးတွင် အောင်ပွဲရခဲ့သော အလံတော်ကိုပင်ဆက်လက်၍အသုံးပြုခဲ့ကြသည်။

နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာအနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိအပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ဝန်းရံထားသော ပင်နယံနှင့်စပါးနှံနှစ်ခက်ရှိသည်။။ ပင်နယံတွင်တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။

ပင်နယံအတွင်းရှိ စပါးနှံများတွင်စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင်စပါးရွက်နှစ်ရွက်စီရှိသည်။စပါးနှံနှင့် စက်သွားသည်အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သောတောင်သူလယ်သမားများနှင့်အလုပ်သမားများကိုရည်ညွှန်းသည်။

အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့်စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မေကြး၊ ရန်ကုန်နှင့်ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကိုဖော်ဆောင်ထားသည်။

အလံတော်ရှိအဖြူရောင်သည် သန့်ရှင်းခြင်းနှင့်စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကို လည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကိုဖော်ဆောင်သည်။

၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုတ်သိမ်းခဲ့သည်။

Credit to original writing

Likes:
0 0
Views:
1461
Article Categories:
HistoryKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *