တရုတ်သည် မိမိတို့နှင့် နှိုင်းစရာတူညီသည့်တန်ဖိုးမရှိဟု နေတိုးအဖွဲ့အကြီးအကဲပြောကြား

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NAT O)ထွေအတွင်းရေးမှုး ဂျန်းစ်စတိုတန်ဘာ့ဂ်က တရုတ်ကမိတို့နှင့် တူညီသည့် တန်ဖိုးထားခြင်း မရှိကြောင်းကို ဟောင်ကောင်နှင့် ရှင်ကျန်းဒေသများတွင် ဖိနှိပ်မှုများပြုလုပ်နေခြင်းများကို ကြည့်ခြင်းအားဖြင့် ယင်းအချက်ကို သိမြင်နိုင်ကြောင်း ဆိုသည်။

“မကြာခင် တရုတ်ပြည်က ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဖြစ်လာမှာပါ။ ဒုတိယအကြီးမားဆုံးာကွယ်ရေးဘတ်ဂျက် ရှိနေပြီး အကြီးမားဆုံး ရေတပ်နဲ့ အဆင့်မြင့်စစ်ရေးစွမ်းရည်တွေအတွက် အများအပြားရင်းနှီးမြှုပ်နှံနေပေမယ့် ကျွန်တော်တို့နဲ့ တူညီတဲ့ တန်ဖိုးတွေကိုတော့ မရှိပါဘူး” ဟု အမေရိကန်သမ္မ တ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက်  သတင်း ထေ ာက်များကို စတိုတန်ဘာ့ဂ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုခြေခံတဲ့နိုင်ငံတကာအစီအစဉ်အတွက်ကြံ့ကြံ့ခံဖို့ လိုအပ်နေပြီး၊ အာရှပစိဖိတ်ဒေသမှာရှိတဲ့ သြစတြေးလျ၊ နယူးဇီလန်၊တောင်ကိုရီးယား၊ ဂျပန်အပါအဝင် မဟာမိတ်တွေနဲ့ ပိုမိုနီးကပ်စွာ လုပ်ကိုင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာတွင် အကြီးမားဆုံးသော စိန်ခေါ်မှုမှာကြိုတင်ခန့်မှန်း၍ မရသည့် ကမ္ဘာကြီးတွင် နေထိုင်ရခြင်းဖြစ်သည်ကို အလေးထားပြောကြားခဲ့ပြီး နေတိုးအကြီးအကဲက ကွဲပြားခြားနားသော စိန်ခေါ်မှုအမျိုးမျိုးအတွက် နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြေင်း ပြောကြားခဲ့သည်။

“တရုတ်က အိမ်နီးချင်းတွေကို အကျပ်ကိုင်ပြီး စစ်ရေးစွမ်းရည်အသစ်တွေအတွက် အများအပြား ရင်းနှီးမြှုပ်နှံနေပါတယ်။ မကြာသေးခင်ကပဲ ဒီအမေရိကန်မှာ တွေ့ကြုံခဲ့ရသလိုပါပဲ နေတိုးမဟာမိတ်တွေကို ရှုပ်ထွေးဆန်းပြားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ မကြာခဏပြုလုပ်ပါတယ် ” ဟုသူကဆိုသည်။

နေတိုး ၂၀၃၀ ရည်မှန်းချက်အရ နည်းပညာအခွင့်သာမှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် မဟာမိတ်များအကြားဆန်းသစ်တီထွင်မှု ကွာဟချက်များကို ဖြည့်ဆည်းရန်အတွက် အတ္တလန္တိတ်ဖြတ်ကျော ဆန်းသစ်တီထွင်မှုကိုမြှင့်တင်ရန် မျှော်လင့်သည်။

ဘိုင်ဒင်နှင့် အော်စတင်တို့သည် မြောက်အမေရိကတ္တလန္တိတ်မဟာမိတ်အဖွဲ့၏အစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိကစု ပေါင်းကာကွယ်ရေးနှင့် အနာဂတ်၏ လိုအပ်ချက်များအရ သမိုင်းတွင်အအောင်မြင်ဆုံး မဟာမိတ်အဖွဲ့ဖြစ်ရန် အလေးပေးပြောကြားခဲ့သည်။

Credit to original writing

Likes:
0 0
Views:
896
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *