G-7 အင်အားကြီး (၇)နိူင်ငံက မြန်မာ့အရေးကို ကူညီဖြေရှင်းပေးဖို့ တောင်ကိုရီးယားနှင့်ကန်တောင်းဆို

ဗြိတိန်နိုင်ငံ၊ Cornwall မြို့မှာ ကျင်းပနေတဲ့ G-7 စက် မှုထိပ်သီး ၇ နိုင်ငံရဲ့ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာသီးခြားပြုလုပ်တဲ့စည်းဝေးပွဲအတွင်း ဒေသတွင်း တခြားကိစ္စရပ်တွေအပါအဝင် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေး ပူးပေါင်း..

လုပ်ဆောင်ကြဖို့ အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-Yong တို့ ဇွန် လ ၁၂ ရက်၊ စနေနေ့က ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။…

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။မြန်မာ့အရေးနဲ့ပတ်သက်လို့ G-7 စက်မှုအင်အားကြီး ၇ နိုင်ငံကကူညီဖြေရှင်းပေးဖို့ပြည်တွင်းပြည်ပမှာရှိတဲ့…

မြန်မာ့ဒီမိုကရေစီအင်အားစုတွေက တောင်းဆိုနေကြတဲ့အချိန်မှာပဲအမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေအခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ဇွန်လ ၁၂ ရက်၊ စနေနေ့ကတော့ ဗြိတိန်မှာ ရောက်နေကြတဲ့မြန်မာမိသားစုတွေအပြင်…

တခြား ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီအရေး လိုလားသူတွေကနိုင်ငံတကာရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာမြန်မာ့အရေးကိုလည်း ဦးစားပေး ဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။…

ဒါ့အပြင်ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားကင်းမဲ့ဇုန် ဖြစ်ရေးကိစ္စအမေရိကန်၊ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့အနီးကပ် ပူးပေါင်းဆောင်ရွက်ကြဖို့ ထပ်လောင်း ကတိပြုခဲ့ကြတယ်လို့လည်းအမေရိကန် နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။…

Likes:
0 0
Views:
635
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *