အာဏာသိမ်းစစ်ကောင်စီတို့ အဖွဲ့အစည်းမှ ဒေါက်တာ ဇော်ဝေစိုးကို ဘာကြောင့် ကြောက်နေကြတာလဲ

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်ထဲရေးဝန်ကြီး၊ ဒုဗခက စိုးထွဋ်ရဲ့ ကတော် ဒေါ်နီလာစိန်က သူ့ တပ်မိသားစုဝင်တွေကို ညွှန်ကြားနေတဲ့ အသံဖိုင်ထွက်ပေါ်လာခဲ့ရာ ဒေါ်နီလာစိန်ရဲ့အသံဖိုင် ဒုတိယပိုင်းမှာဘွားတော်က NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကြောင့် အထိတ်တလန့် ဖြစ်လာနေကြောင်း၊အိပ်ကောင်းခြင်းအိပ်မရစားကောင်းခြင်းစားမရဖြစ်လာနေကြသည်ဟုကြားရပါသေးတယ်။

ဒေါက်တာ ဇော်ဝေစိုး ယခင်တော်လှန်ရေးတွေမှာလူငယ်ကျောင်းသားတွေကနိုင်ငံရေးသမားအနေနဲ့ လုပ်ခဲ့ကြပါတယ်။ ခင်ညွန့်စစ်ထောက် လှမ်းရေးက စပိုင်လွှတ်တယ်။

လူငယ်တွေဆိုတော့စပိုင်ကြောင့်သူတို့လူမိတော့ စပိုင်ရှာရင်းနဲ့ ပြဿနာပေါ်တယ်။ လူငယ်တွေဆိုတော့ကြိုမမြင်ကြိုမပြင်တာတွေ ရှိခဲ့ကြ တယ်။ ယခုတော်လှန်ရေးမှာက ဆရာဇော်ဝေစိုးတို့ Dr SaSa တို့လို ပညာတတ်တွေက ဦးဆောင်လို့ မအလဖက်ဆစ်တပ်ကအကြောက် ဆုံးပါ။ ပထမပညာအရာမှာဆိုရင်မအလနဲ့စိုးဝင်း ၁၀ တန်းအမှတ်ပေါင်းတောင် ဆရာဇော်ဝေစိုးအမှတ်မမှီပါ။ နောက်မအလရဲ့စကစလူ အားလုံးရဲ့ဘွဲ့ပေါင်းရင်လဲဆရာဇော်ဝေစိုးကိုမမှီပါ။

မိုးနဲ့မြေကွာပါတယ်။ အတွေးအခေါ်ကလဲမိုးနဲ့မြေ စိတ်ထားကလဲ မိုးနဲ့မြေပါ။ဆရာဇော့်ပညာအရည်အချင်းက နတ်ပြည်လောက်ဖြစ်ပြီး မအလက အဝီစိထက်တောင် နိမ့်ပါမယ်။

ဒေါက်တာ ဇော်ဝေစိုး မအလဟာ ဆရာဇော်ရဲ့ ကျန်းမာရေးသင်ကြားမှုအောင်မြင်တာ ပညာရေးအတွက်လူတွေကို ထွက်ပေါက်ပေးသင် ကြားမှုပြင်ဆင်ထားတာတွေကြောင့် ခံနေရပါတယ်။ အဓိကက မအလအစည်းအဝေးမှာ ဆရာဇော်နဲ့ Dr Sasa ကြောင့် သူတို့ဒုက္ခ ရောက်ရကြောင်း စရဖကတင်ပြရင် မအလတင်းပါတယ်။ ဆရာဇော်ဟာ ဘွဲ့ရ ပညာတတ် ပါချုပ် ငွေကြေးကြွယ်ဝသူ

ကိုဗစ်ကိုင်တွယ်ရာမှာ ပြည်သူလေးစားသူဖြစ်ပြီး မအလက ပညာမတတ် သူခိုး ဓားမြ အမေစုကို အာခံသူ ပြည်သူက မုန်းသူပါ။ ဆရာဇော်ဝေစိုးဟာ အပြောအဆိုအရေးအသားကောင်းပြီး ပြည်သူကို စည်းရုံးနိုင်သူပါ။ သူ့ကို မအလရဲ့ စရဖက တိုက်ရတာ အင်မတန်ခက်ပါတယ်။

ဒေါက်တာ ဇော်ဝေစိုး ယခင်နိုင်ငံရေးသမားဆိုရင်တောင် တိုက်လို့လွယ်ပါတယ်။ ဆရာ့ဇော်ကို ပညာရေး၊ ငွေကြေး၊ ဘာသာရေး၊ လုပ်ရည်ကိုင်ရည် မည်သည့်အရာနဲ့မှ တိုက်မရလို့ အောက်လမ်းနည်းသုံးလာတာပါ။

သူတို့ ဆရာ့ဇော်အိမ်ကို မီးရှို့တာက မအလကသူ့တပည့်စရဖကိုကျောင်းမီးရှို့တဲ့ ကိစ္စလို အမိန့်ပေးပြီးလုပ်တာပါ။ ဒါကသူတို့ဘယ်လောက် ယုတ်မာလဲ အသည်းအသန်ဖြစ်နေလဲဆိုတာကိုပြနေပါတယ်။ မအလက အာဆီယံကကျောင်းမီးရှို့တာကို မပြောလို့ သူ့အစည်းအဝေးမှာ

ထည့်ပြောရတာက သူ့စရဖက ငွေကြေးများစွာရင်းပြီး ကျောင်းတွေကို လိုက်မီးရှို့ထားတာကို အာဆီယံကအဖက်မလုပ်လို့တင်းတာကို ပြတာပါ။ ဂွင်မမိလို့ပါ။ ပြည်သူတွေအနေနဲ့လဲ NUG ပြောတာကို နားစွင့်ပြီး D Day အတွက် ပြင်ဆင်ပါ။ ပိုက်ဆံငွေသားထုတ်ထားပါ။ မိမိအိမ်မှာရိက္ခာဖြည့်ထားပါ။

ဒေါက်တာ ဇော်ဝေစိုးစစ်ပညာသင်ပါ။ ရှေးဦးသူနာပြုနည်းသင်ပါ။ မိမိလမ်း ရပ်ကွက်က စရဖ သတင်းပေးနဲ့ ဖွတ်နာမည်ကိုစုဆောင်းပါ။ မိမိနားကတပ်ရင်း တပ်ဖွဲ့တွေရဲ့သတင်းအချက်အလက်ကိုစုဆောင်းပါ။

ဥပမာအဆိုပါတပ်ရင်းကရှေ့တန်းထွက်လား လူဘယ်လောက် နောက်တန်းမှာ ကျန်ခဲ့လဲစသဖြင့်ပေါ့။ နိုင်ငံခြားကလူများ တော်လှန်ရေး အတွက်ငွေများများလှူပါ။ ကျန်လူက တိုက်ပွဲခေါ်ရင်သာအဆင်သင့်စောင့်နေပါလို့ ပြောပါရစေ။

Credit to original writing

Likes:
0 0
Views:
1009
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *