စစ်ဘေးရှောင်တွေအတွက် အလှူရှင်ပို့ပေးလိုက်တဲ့ ပစ္စည်းတွေကို အန္တရယ်တွေမျိုးစုံကြားထဲကနေ သွားယူပေးရင်း ဖမ်းဆီးခံခဲ့ရတဲ့ လွိုင်ကော်က လူငယ်(၂)ဦး

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေများစွာရှိနေပြီး ပြည်သူတွေကလည်း စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေ၊ဆေးဝါးတွေနဲ့ အဝတ်အထည်တွေကို တတ်နိုင်သလောက်လှူဒါန်းပေးနေကြပါတယ်။

စစ်ဘေးရှောင်တွေဆီ ပြည်သူတွေလှူဒါန်းလိုက်တဲ့ ပစ္စည်းတွေဘေးကင်းကင်းနဲ့ရောက်ရှိသွားစေဖို့ သွားရောက်ယူဆောင်ပေးနေတဲ့ ပရဟိတလူငယ်တွေလည်းရှိကြပါတယ်။

စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေယူဆောင်လာတုန်း စစ်ကောင်စီတပ်တွေက လာရောက်ပြီး လမ်းမှာတင်မီးရှို့ ဖျက်ဆီးသွားတာမျိုး၊စစ်ဘေးရှောင်တွေအတွက် ကူညီပေးနေသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေရှိနေခဲ့ပါတယ်။

ယနေ့မှာတော့ စစ်ဘေးရှောင်ပြည်သူတွေကို အန္တရယ်တွေကြားထဲကနေ စွန့်စွန့်စားစားကူညီပေးနေတဲ့ ကိုသက်မူးအောင်နှင့်ကိုမင်းဦးတို့ (၂)ဦးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူရှင်တွေပို့ပေးလိုက်တဲ့ ပစ္စည်းတွေကို လွိုင်ကော်အဝေးပြေးကားဂိတ်မှာ သွားယူရင်း အခုလိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ပြည်သူတွေကတော့ ဖမ်းဆီးခံခဲ့ရတဲ့ ကိုသက်မူးအောင်နဲ့ကိုမင်းဦးတို့(၂)ယောက် ဘေးကင်းလုံခြုံစွာနဲ့ အိမ်သို့ပြန်လည်ရောက်ရှိပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

PKPFကတော့ ” (12.6.2021 )မနက် ၈နာရီဝန်းကျင်မှာ စစ်ဘေးရှောင်တွေအတွက် လွိုင်ကော်အဝေးပြေးကားဂိတ်သို့ အလှူရှင်တွေမှ ပေးပို့လာသောပစ္စည်းများကိုသွားယူရင်း သက်မူးအောင်နှင့်မင်းဦးတို့ (၂)ဦးကို စစ်ခွေးတွေဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ဘေးရှောင်တွေအတွက် ကူညီဆောင်ရွက်ပေးနေသူတွေကိုပါ စစ်ခွေးတွေ လိုက်ဖမ်းနေကြတော့ စစ်ဘေးရှောင်တွေအတွက် ရင်လေးစရာအမှန်ပါဘဲ။ အမြန်ဆုံးလွတ်မြောက်ပါစေ ညီလေးတို့ရာ “ဆိုပြီး ထုတ်ပြန်ထားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုသက်မူးအောင်နဲ့ ကိုမင်းဦးတို့နှစ်ယောက်အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်။

Photo credit-Original Uploader

Likes:
0 0
Views:
620
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *