မြန်မာလက်နက်ကိုင်ပဋိပက္ခကြောင့် လူအများအပြား သေဆုံးဖွယ်ရှိ – ကုလ လူ့အခွင့်အရေး အကြီးအကဲ

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတဝန်းမှာ အရှိန်အဟုန်မြှင့် ပျံ့နှံ့လာနေပြီး အဲဒီအတွက်လူအမြောက်အမြား သေကျေပျက်စီးနိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet က သတိပေးပြောလိုက်ပါတယ်ဗွီအိုအေ သတင်းထောက် Lisa Schlein ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ကနေသတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေက ဆန့်ကျင်ခဲ့ကြတဲ့နောက် အကြမ်းဖက်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် အရှိန်မြင့် ဖြစ်လာနေပါတယ်

မြန်မာစစ်ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေကို အရှိန်လျော့ကျအောင် လုပ်တဲ့အစား အဓိကကျတဲ့ နေရာတွေမှာ စစ်အင်အားတွေကို ပိုပြီးတော့ တိုးချဲ့လာနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ် အထူးသဖြင့် တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာဝင်တွေ နေထိုင်ကြတဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အဓိကဖြစ်နေတာ ဖြစ်ပါတယ်

မြန်မာစစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် အရပ်သားတွေ၊ အရပ်သားတွေ ပိုင်ဆိုင်တဲ့ အိုးအိမ်အဆောက်အအုံ ပစ္စည်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို လေကြောင်းပစ်ခတ်မှု အပါအဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ပြောခွင့်ရ Ravia Shamdasani က ပြောလိုက်ပါတယ်

ခိုင်လုံတဲ့ သတင်းပေးပို့ချက် အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုနေပြီး အရပ်သားတွေရဲ့ နေအိမ်တွေ ဘုရားကျောင်းတွေကို လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာလူသားချင်းစာနာမှု အကူအညီပေးသူတွေကိုတိုက်ခိုက်တာတွေအပါအဝင်လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီးနေပါတယ်ကယားပြည်နယ် တခုတည်းမှာတင်ပြီးခဲ့တဲ့ ၃ ပတ်အတွင်း သူတို့ရဲ့အိုးအိမ်တွေကိုစွန့်ခွာထွက်ပြေးနေသူဦး ရေဟာ ၁၀၈,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ် အဲဒီထဲကအတော်များများကတောတောင်တွေထဲကိုထွက်ပြေးသွားကြတာဖြစ်ပြီး အစားအစာ၊ ရေ၊ မိလ္လာစနစ်၊ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိပါဘူး

ကရင်ပြည်နယ်ထဲမှာ တွေ့ရတဲ့ မြန်မာတပ်ဖွဲ့များမြန်မာနိုင်ငံတဝန်း စစ်အင်အားတိုးချဲ့နေတဲ့အပေါ် လူ့အခွင့်အရေးမဟာမင်းကြီး သတိပေး
ဒါ့အပြင် မြန်မာစစ်တပ်ဟာ တိုက်ပွဲတွေအတွင်းမှာထိခိုက်ပျက်စီးသွားတဲ့ဆေးရုံတွေ၊ ကျောင်းတွေနဲ့ဘာသာရေးအဖွဲ့အစည်း နေရာတွေကို သိမ်းယူ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့အစီရင်ခံစာ သတင်းပေးပို့ချက်တွေကိုလူ့အခွင့်အရေး မဟာမင်းကြီးရုံးက ရရှိထားတယ်လို့ Shamdasani က ပြောပါတယ်

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကစစ်တပ်ကအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ချိန်ကစပြီး အခုချိန်အထိ စစ်ကောင်စီတပ် တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဟာ ၈၆၀ ကျော်သွားပြီ ဖြစ်တယ်လို့ သူကပြောပါတယ်

တချိန်တည်းမှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ စစ်တပ်ကို အတိုက်အခံ လုပ်သူတွေကို ဖမ်းဆီးတာတွေ နိုင်ငံတဝန်းမှာ ဆက်လုပ်နေပြီး ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေ အရတော့ လူပေါင်း ၄,၈၀၀ ကျော် ဥပဒေမဲ့ ဆက်ပြီးတော့ ဖမ်းဆီးခံထားရတုန်းပဲ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်

ဒါ့အပြင် ဖမ်းဆီးထားတဲ့သူတွေ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေကို အပြစ်ပေး အရေးယူတာတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး အနေနဲ့ အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အခုနောက်ဆုံး ထုတ်ပြန်ချက်အရတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး စုစုပေါင်း ဖမ်းဆီးခံရသူဟာ ၆၀၀၀ ကျော်ရှိပြီး အခုချိန်ထိ ဆက်လက်ဖမ်းခံရသူကတော့ ၄,၈၄၈ ယောက်ထက်မနည်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်

မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ကာကွယ်ဖို့အတွက် တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီး Michelle Bachelet က ပြောလိုက်ပါတယ်။

ဒါ့အပြင်အရပ်သားတွေနဲ့ အရပ်သားတွေပိုင်ဆိုင်တဲ့အိုးအိမ်အဆောက်အအုံပစ္စည်းတွေအပေါ်မှာ မယုံနိုင်လောက်အောင် လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်နေတာတွေကိုရပ်တန့်ဖို့နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ တောင်းဆိုရမှာဖြစ်ပြီး မြန်မာစစ်ကောင်စီတပ်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက်တာဝန်ယူရမှာ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်

မြန်မာနိုင်ငံဟာ ၄ လကျော် ကာလအတွင်းမှာပဲ မခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ အဖြစ်ကနေ လူ့အခွင့်အရေးဘေးဒုက္ခကပ်ဆိုးကြီးဆိုက်တဲ့ နိုင်ငံတခု ဖြစ်လာနေတယ်လို့လည်း သူကပြောပါတယ် အခုလို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပဋိပက္ခပြဿနာနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်း ဆောင်တွေမှာတာဝန်ရှိပြီး အဲဒီအတွက်တာဝန်ယူရမှာ ဖြစ်တယ်လို့လည်း သူကပြောလိုက်ပါတယ်

Likes:
0 0
Views:
775
Article Categories:
NEWS

Leave a Reply

Your email address will not be published. Required fields are marked *