မူလတန်းဆရာမတစ်ဦး၏ ဝတ်စားဆင်ယင်မှုကြောင့် သားသမီးတို့ကို အတုယူမှားမည်စိုးရိမ်ပြီး ဖခင်များသာ ကျောင်းလာတတ်ချင်နေကြသည့်အဖြစ်

ဆရာဆရာမတို့သည် ကလေးငယ်တို့၏ ဒုတိယမိဘများဟုဆိုရမည်ဖြစ်ပြီး ကျောင်းနေအရွယ်မှစကာ ကလေးငယ်တို့ လိမ္မာရေးခြားရှိစေရနိ အစစအရာရာသင်ကြားပေးနေသူများဖြစ်ပေသည်။

ကလေးအရွယ်သည် ဘဝအတွက်အရေးအကြီးဆုံးသော အချိန်ကာလဖြစ်ပြီး အရာရာကို အတုမြင်ကာ အတတ်သင်နေကြသည့်အချိန်ဖြစ် ပေသည်။

ထို့ကြောင့် ကလေးအရွယ်တွင် အရာရာကို သတိထားရပြီး အတုယူမမှားစေရန် ဆောင်ရွက်ကြရပေသည်။ထိုင်ဝမ်နိုင်ငံတွင် မိဘများသည် သားသမီးတို့အတုယူ မှားမည်ကို စိုးရိမ်ကာ ဆရာမတစ်ဦးအား ဝေဖန်ပြောဆိုမှုများ ပြုလုပ်နေကြပါတယ်။

အကြောင်းမှာတော့ မူလတန်းကို သင်ပေးနေရသည့်ဆရာမသည် အသက်၂၃နှစ်အရွယ်သာရှိသေးပြီး အဝတ်အစားများမှာ အတိုအပြတ်သာ ဝတ်သောကြောင့်ဖြစ်ပေသည်။

ဆရာမသည် လူငယ်သဘာဝလွတ်လွတ်လပ်လပ်နေတတ်ပြီး ချောမောလှပသော်လည်း မိဘများအတွက် သားသမီးတို့၏ အနာဂတ်တွင် အတုယူမှားနေမည်ကို စိုးရိမ်နေကြသည်။

Shoon (Cele Daily)

Likes:
0 0
Views:
577
Article Categories:
Social Media

Leave a Reply

Your email address will not be published. Required fields are marked *